Connect with us

Videos

တရုတ်နိုင်ငံ ရှိ ကမာ့္ဘ အကြီးဆုံး ရေဒီယို အဝေးကြည့် မှန်ပြောင်း ဖြင့် အာကာသ လေ့လာ ရှာဖွေရေး လုပ်ငန်းများ တိုးချဲ့ဆောင်ရွက်မည်

ထျန်းကျင်း၊ အောက်တိုဘာ ၁၀ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ အနောက် တောင်ပိုင်း ကွေ့ကျိုး ပြည်နယ် အခြေစိုက် ကမ္ဘာ့ အကြီးဆုံး ရေဒီယို အဝေးကြည့် မှန်ပြောင်းသည် တစ်စက္ကန့်လျှင် တွက်ချက် လုပ်ဆောင်မှုပေါင်း ၁,၀၀၀ ထရီလီယံ ပြုလုပ်နိုင်သည့် စူပါ ကွန်ပြူတာ Skyeye-1 ၏အကူအညီဖြင့် အာကာသ လေ့လာ ရှာဖွေရေး လုပ်ငန်းများကို လုပ်ဆောင်တော့မည် ဖြစ်ကြောင်း သိရသည်။

စက်ဝန်းပုံ အလင်းဝင်ပေါက် အချင်း ၅၀၀ မီတာရှိသည့် အဝေးကြည့် မှန်ပြောင်း (FAST) သည် ကမ္ဘာပေါ်တွင် အကြီးဆုံး ဖြစ်လာမည် ဖြစ်ပြီး အချင်း ၃၀၀ မီတာ သာရှိသည့် အမေရိကန် ပြည်ထောင်စု ပေါ်တိုရီကို ကျွန်းစု ရှိ အရတ်ဆီဘို လေ့လာရေး မှန်ပြောင်းထက်သာလွန် သွားမည် ဖြစ်ကြောင်း သိရသည်။
အလင်းနှစ် ဘီလီယံပေါင်း များစွာ အကွာအဝေးမှ ရေဒီယို အချက်ပြမှုများကို အဆိုပါ FAST မှန်ပြောင်း ဖြင့် ဖမ်းယူနိုင်မည် ဖြစ်ပြီး တရုတ်နိုင်ငံ၏ အာကာသ စူးစမ်းလေ့လာမှု အကွာအဝေး လပတ်လမ်းကြောင်း မှ နေစကြာဝဠာ ၏ အစွန်းဖက် အထိ ကျယ်ပြန့်လာမည် ဖြစ်သည်။
အဝေးကြည့် မှန်ပြောင်းကို ကွေ့ကျိုး ပြည်နယ်တောင်ပိုင်း တွင် သဘာဝအတိုင်း ပန်းကန်လုံးပုံ ဖြစ်ပေါ်နေသည့် တောင်ကြား၌ ဘောလုံးကွင်း ၃၀ စာ အကျယ် အဝန်း ရှိသည့် နေရာတွင် ၂၀၁၁ ခုနှစ် မတ်လတွင် စတင် ဆောက်လုပ်ခဲ့ ပြီး ၂၀၁၆ ခုနှစ်အတွင်းတည်ဆောက်ပြီးစီးနိုင်မည်ဖြစ်ကြောင်း သိရသည်။
(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.