Connect with us

Videos

တရုတ်နိုင်ငံ နန်ကျင်းမြို့တွင် ဖက်ဆစ်ဂျပန်တို့က ပြုလုပ်ခဲ့သည့် “နန်ကျင်း လူထုအား အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုကြီး မှတ်တမ်း” ကို ကုလသမဂ္ဂ “ကမ္ဘာ့ အောက်မေ့ဖွယ်စာရင်း” သို့ ထည့်သွင်းခဲ့

ပဲရစ် ၊ အောက်တိုဘာ ၁၀ ရက် (ဆင်ဟွာ)

ယူနက်စကိုမှ အောက်တိုဘာ ၉ ရက်နေ့က ထုတ်ပြန်ချက်အရ အောက်တိုဘာ ၄ ရက်နေ့မှ ၆ ရက်နေ့အထိ ပြုလုပ်ခဲ့သည့် ၁၂ ကြိမ်မြောက် ယူနက်စကို ကမ္ဘာ့ အောက်မေ့ဖွယ်ရာများအပြည်ပြည်ဆိုင်ရာ အကြံပေး ဆွေးနွေးပွဲ အစီအစဉ်မှ “ကမ္ဘာ့ အောက်မေ့ဖွယ် စာရင်း” တွင် အချက်အလက် အသစ် ၄၇ ခုထည့်သွင်းခဲ့ပြီး တရုတ်နိုင်ငံမှ အဆိုပြုခဲ့သည့် ဖက်ဆစ် ဂျပန်တို့က ပြုလုပ်ခဲ့သော “နန်ကျင်း လူထုအား အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုကြီး မှတ်တမ်း”လည်း ပါဝင်လာခဲ့သည်။

၁၉၃၇ ခုနှစ် ဒီဇင်ဘာ ၁၃ ရက်နေ့တွင် ဖက်ဆစ်ဂျပန်တို့က တရုတ်နိုင်ငံ နန်ကျင်းမြို့အား ကျူးကျော် တိုက်ခိုက်ခဲ့ပြီးနောက် တစ်လကြာ အချိန်ကာလ အတွင်း တရုတ် အရပ်ဘက်ပြည်သူ လူထုပေါင်း ၃ သိန်းကျော်ကို သတ်ဖြတ်ခဲ့သည်။ နန်ကျင်း လူထုအား အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုသည် ကမ္ဘာ့သမိုင်းကြောင်း လေ့လာရေးနယ်ပယ်တွင် Auschwitz စခန်းနှင့် ဟီရိုရှီးမား နျူကလီးယား ဗုံးကျဲ တိုက်ခိုက်မှုတို့နှင့် တန်းတူ ထားရှိသည့် ကမ္ဘာ့ အဆိုးရွားဆုံး အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု ဖြစ်ရပ်အဖြစ် သတ်မှတ်ခြင်းခံခဲ့ရသည်။
ယူနက်စကို၏ “ကမ္ဘာ့ အောက်မေ့ဖွယ် စာရင်း” အစီအစဉ် ကို ၁၉၉၂ ခုနှစ်တွင် စတင်ခဲ့ပြီး ယင်းစီမံကိန်း၏ ရည်ရွယ်ချက်မှာ ကမ္ဘာ့ အနှံ့အပြားရှိ ဟောင်းနွမ်း ပျက်စီး ပျောက်ကွယ်တော့မည့် ဖြစ်ရပ် မှတ်တမ်းများအား အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု နှင့် အဆင့်မြင့်ဆုံး နည်းပညာများအား အသုံးပြု၍ ကာကွယ် ထိန်းသိမ်းခြင်း ပြုလုပ်သည့် စီမံကိန်းဖြစ်သည်။ လက်ရှိအချိန်တွင် တရုတ်နိုင်ငံမှ ကုလသမဂ္ဂ “ကမ္ဘာ့ အောက်မေ့ဖွယ်စာရင်း” တွင် မှတ်တမ်း ၁၀ ခု ပါဝင်နိုင်ခဲ့ပြီး ဖြစ်ကြောင်း သိရှိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.