Connect with us

Videos

တရုတ်-မော်လ်ဒိုက် ချစ်ကြည်ရေးပင်လယ်ကူးတံတား

မေးလ်၊ အောက်တိုဘာ ၁၅ ရက်(ဆင်ဟွာ)

မော်လ်ဒိုက်နိုင်ငံတွင် ပထမဆုံး ဖြစ်သည့် တရုတ် မော်လ်ဒိုက် ချစ်ကြည်ရေး ပင်လယ်ကူးတံတား ကို တရုတ်နိုင်ငံက ချစ်ကြည်ရေး အထိမ်းအမှတ်အဖြစ် ၂ဝ၁၅ ခုနှစ်နှစ်ကုန်ပိုင်းတွင် စတင်ဆောက်လုပ်ခဲ့သည်။ ထိုတံတားကို ၂ဝ၁၈ ခုနှစ် သြဂုတ်လ ၃ဝ ရက်နေ့က ဖွင့်လှစ်ခဲ့ ကာ တံတားပေါ်တွင် ဘတ်စ်ကားပြေးဆွဲမှုကို စက်တင်ဘာလ ၇ ရက်နေ့က စတင်ခဲ့သည်။ အရှည် ၂ ကီလိုမီတာ ရှိသည့် ထိုတံတားမှာ မော်လ်ဒိုက်နိုင်ငံ၏ မြို့တော် Male နှင့် မော်လ်ဒိုက်နိုင်ငံ၏ အဓိကကျသည့်နိုင်ငံတကာလေဆိပ်တည်ရှိရာ Hulhule ကျွန်းတို့ကိုချိတ်ဆက်ထားပြီး အချိန် ၅ မိနစ်အတွင်း သွားလာနိုင်မည်ဟုသိရသည်။ တရုတ် မော်လ်ဒိုက် ချစ်ကြည်ရေး ပင်လယ်ကူးတံတားကို နေ့စဉ်အသုံးပြုသူပေါင်း ၇ဝဝဝ ကျော်ရှိကြောင်းသိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.