Connect with us

Videos

ရေအောက်တွင် အချိန် ၂ ရက်နှင့် ၇ နာရီခန့် နေထိုင်ကာ ဂင်းနစ်စံချိန်တင်သူ

ကိုင်ရို၊ အောက်တိုဘာ ၁၅ ရက်(ဆင်ဟွာ)

အီဂျစ်နိုင်ငံသူ အသက် ၁၄ နှစ်အရွယ်ရှိ Reem Ashraf သည် အောက်တိုဘာလ ၅ ရက်နေ့ တွင် ရှမ်အမ်ရှိတ်မြို့ရှိ အက်ကွာဘာ ပင်လယ်ကွေ့ ရေအောက်၌ နာရီပေါင်း ၅၆ နာရီ (၂ ရက်နှင့် ၇ နာရီ) ကြာ နေထိုင်ကာ ဂင်းနစ်စံချိန်မှတ်တမ်းကို ချိုးဖျက်နိုင်ခဲ့သည်။

အောက်တိုဘာလ ၃ ရက်နေ့တွင် Reem Ashraf သည် စတင်ရေငုပ်ခဲ့ခြင်းဖြစ်ပြီး ရေအောက်ထဲတွင် ပုံမှန်အတိုင်း နေထိုင်နိုင်ခဲ့ခြင်းဖြစ်သည်။ ရေအောက်ထဲတွင် စားသောက်ခြင်း၊ အိပ်စက်ခြင်းများကို ပြုလုပ်သည့်အပြင် ရံဖန်ရံခါ တွင် ကစားနေခဲ့သည်။

Reem Ashraf သည် ရေထဲတွင် အချိန်ကြာနိုင်သမျှကြာအောင် နေထိုင်နည်းကို ၂ နှစ်ကြာ ကောင်းမွန်စွာ သင်ကြားမှုခံယူခဲ့သူဖြစ်သည့်အပြင် ရေအောက်တွင် မည်သို့ ကောင်းမွန်စွာ အိပ်စက်နိုင်မည့် နည်းကိုလည်း သင်ယူနိုင်ခဲ့ပြီး ဖခင်ဖြစ်သူ ရေတပ်အရာရှိ၏ အားပေးမှုကြောင့် ရေငုပ်ခြင်းကို စတင်သင်ယူဖြစ်ခဲ့သည်ဟု သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.