Connect with us

Videos

မယ်စကြဝဠာ မြန်မာ၂၀၁၈ သရဖူအား ပဲခူူး အလှမယ်နှင်းသွေးယုအောင် မှ ဆွတ်ခူးရရှိ

ရန်ကုန်၊ အောက်တိုဘာ ၁ ရက် (ဆင်ဟွာ) ကမ္ဘာ့နိုင်ငံပေါင်းများစွာမှ ဝင်ရောက်ယှဉ်ပြိုင်ကြမည့် ကမ္ဘာ့အကြီးကျယ်ဆုံး အလှမယ် ပြိုင်ပွဲ ဖြစ်သည့် မယ်စကြာဝဠာ(Miss Universe 2018 ) ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရရှိမည့် မယ်စကြဝဠာ မြန်မာ(Miss Universe Myanmar) ၂၀၁၈ သရဖူဆုပိုင်ရှင်အဖြစ်ပဲခူးမှ အလှမယ် နှင်းသွေးယုအောင် အား ရွေးချယ်ခံခဲ့ရကြောင်းသိရသည်။ မယ်စကြဝဠာ မြန်မာ ပြိုင်ပွဲတွင် 1st Runner up ဆုကို နေပြည်တော် မှ အလှမယ်ဆုမြတ်ဖူး ကရရှိခဲ့ပြီး2nd Runner up ဆုကို တာချီလိတ် မှ အလှမယ် နန်းမွေဖောင်းလုံ က ရရှိခဲ့ကြောင်း သိရသည်။ မယ်စကြဝဠာ မြန်မာ(Miss Universe Myanmar) ၂၀၁၈ သရဖူ၏ တန်ဖိုးမှာ ကျပ်သိန်း ၄၀ ရှိပြီး၊ 1st Runner up အတွက် သရဖူတန်ဖိုး မှာ ၂၂ သိန်းရှိ၍ 2nd Runner up ရရှိသူ၏ သရဖူတန်ဖိုးမှာ ကျပ် ၂၂ သိန်း တန်ဖိုး ရှိကြောင်း သိရသည်။ မယ်စကြဝဠာ မြန်မာ(Miss Universe Myanmar) ၂၀၁၈ သရဖူရရှိသည့် အလှမယ် နှင်းသွေးယုအောင်သည် Miss Universe 2018 ပွဲသို့ သွားရောက်ယှဉ်ပြိုင်ရမည်ဖြစ်သည်။ 1st Runner up ရရှိသည့် အလှမယ် ဆုမြတ်ဖူး သည် Miss Grand International ပြိုင်ပွဲသို့ သွားရောက်ယှဉ်ပြိုင်ခွင့်ရရှိမည်ဖြစ်သည်။ မယ်စကြဝဠာ မြန်မာ ၂၀၁၈ ပြိုင်ပွဲတွင် မြန်မာနိုင်ငံ အနှံ့မှ အလှမယ်များ အားရွေးချယ်၍ ထိုအထဲက မှ စကာတင်အယောက် ၃၀ အားရွေးချယ်ခဲ့ခြင်းဖြစ်သည်။ယနေ့ ဂန္ဓမာခန်းမတွင် ကျင်းပသည့် ၆ကြိမ်မြောက် မယ်စကြဝဠာပြိုင်ပွဲတွင် စကာတင်အလှမယ် ၃၀ဖြစ်သည့် ဆောင်းမိုးနှင်း၊ နှင်းသွေးယုအောင်၊ သြဂုတ်မိုး၊ မြင့်မိုရ်မေ၊ လင်းလင်း၊ အေမီနေလင်းသန်း၊ အိန်ဂျယ်ကို၊ ခင်မြတ်မြတ်သူ၊ သက်နှင်းဆွေ၊ နိုးထက်ထက်နိုင်၊ အိရွှေစင်မေ၊ ကာရန်ချို၊ အိမ့်သက်မှူး၊ ဆူးရိုနှိုင်း၊နုရွှေရည်ဖြိုး၊ နန်းထက်ထက်လင်း၊ သက်တန့်ကဗျာ၊ ရို့စလင်း၊ ဆုမြတ်ဖူး၊ နန်းရွှေရွက်လွှာ၊ မီမီမိုးသဲထွန်း၊ ထွဋ်မြတ်ရွှေရည်၊ ယွန်းဆက်ပိုင်၊ ကေခိုင်၊ နန်းမွေဖောင်းလုံ၊ ရွှန်းလဲ့ရတီ၊ အမရာမြတ်နိုး၊ ခိုင်ကြည်ပြာ၊ ထွန်းအိန္ဒြာရှင်၊ အိသန္တာထွန်း တို့ ယှဉ်ပြိုင်ခဲ့ကြသည်။ သရဖူရရှိသည့် ရရှိသူအလှမယ် နှင်းသွေးယုအောင်အား မယ်စကြဝဠာ (Miss Universe Myanmar ) 2017 ဇွန်သံစဉ်မှ မှသရဖူချီးမြှင့်ပေးခဲ့သည်။ ၎င်းအလှမယ် ပြိုင်ပွဲကြီးတွင် အထူးဆု ၈ ဆုလည်း ချီးမြှင့်ခဲ့ပြီး Miss Famous ဆု ကို မင်းဘူးမှ အလှမယ် အိမ့်သက်မှူး၊Miss Soft Touch ဆုကို စစ်တွေမှ အလှမယ် ကေခိုင် ၊Miss Beautiful Hair ဆုကို မြစ်ကြီးနားမှအလှမယ် ရို့စလင်း ၊Miss Photogenic ဆုကို ဘားအံ မှအလှမယ် မြင့်မိုရ်မေ ၊Miss Body Perfect ဆုကို မြဝတီမှ အလှမယ် နန်းထက်ထက်လင်း ၊Miss Environment ဆုကို မကွေးမှ အလှမယ် သက်နှင်းဆွေ ၊ Miss congeniality ဆုကို တောင်ကြီးမှ အလှမယ် ရွှန်းလဲ့ရတီ ၊ Miss Pinkish White Face ဆုကို မိုးကုတ်မှ အလှမယ် ဆူးရိုနှှိုင်း တို့ က ရရှိခဲ့သည်။ မြန်မာနိုင်ငံတွင် မယ်စကြဝဠာပြိုင်ပွဲအား ၂၀၁၃ ခုနှစ်တွင် ပြန်လည်ကျင်းပခဲ့ပြီး ၂၀၁၅ ခုနှစ် တွင် ၂ နှစ်စာ မယ်စကြဝဠာ အားရွေးချယ်ခဲ့ကာ ယခုရွေးချယ်ခဲ့သည့် ၆ကြိမ်မြောက် မယ်စကြဝဠာ မြန်မာသည် ၂၀၁၈ ခုနှစ် မယ်စကြဝဠာပြိုင် ပွဲအားသွားရောက်ယှဉ်ပြိုင်ရမည်ဖြစ်သည်။ နိုင်ငံပေါင်း များစွာမှ အလှမယ်များဝင်ရောက်ယှဉ်ပြိုင်မည့် ၆၆ ကြိမ်မြောက် မယ်စကြဝဠာ (Miss Universe 2017) ပြိုင်ပွဲကို ၂၀၁၇ ခုနှစ်၊ နိုဝင်ဘာလ ၂၆ ရက်နေ့တွင် အမေရိကန်ပြည်ထောင်စု နီဗားဒါးပြည်နယ် လာ့စ်ဗီးဂတ်စ်မြို့တွင် ကျင်းပမည်ဖြစ်ပြီး မြန်မာနိုင်ငံကိုယ်စားပြု အလှမယ်ဇွန်သံစဉ် က ဝင်ရောက်ယှဉ်ပြိုင်မည် ဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.