Connect with us

Videos

တရုတ် ရုပ်ရှင် ပွဲတော် စတင် ကျင်းပ

နေပြည်တော် ၊ အောက်တိုဘာ ၁ ရက်(ဆင်ဟွာ) မြန်မာနိုင်ငံ ဆိုင်ရာ တရုတ်သံရုံးမှ ကြီးမှူး ကျင်းပသည့် တရုတ် ရုပ်ရှင် ပွဲတော် ဖွင့်ပွဲ အခမ်းအနားကို ယနေ့အောက်တိုဘာ ၁ ရက်တွင် နေပြည်တော်ရှိ အောင်သပြေ ရုပ်ရှင်ရုံ၌ စတင် ကျင်းပပြုလုပ်ခဲ့သည်။ တရုတ် ရုပ်ရှင် ပွဲတော် ဖွင့်ပွဲ အခမ်းအနားတွင် ပြန်ကြားရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ ဖေမြင့်က အဖွင့် နှုတ်ခွန်းဆက် စကား ပြောကြားရာတွင် ပွဲတော် ကျင်းပခြင်း အားဖြင့် မြန်မာနှင့်တရုတ်နိုင်ငံဆွေမျိုး ပေါက်ဖော် ရင်းနှီး ချစ်ကြည်မှု ပိုမို တိုးတက် ကောင်းမွန် လာနိုင်လိမ့်မည်ဟု ယုံကြည်ပါကြောင်း ၊တရုတ်ရုပ်ရှင် ပွဲတော်အား ကောင်းမွန်သည့် အစဉ်အလာ တစ်ရပ် အဖြစ် ထိန်းသိမ်းပြီး နောင်လာမည့် နှစ်များတွင် ပို၍ စည်ကား သိုက်မြိုက်စွာ ကျင်းပနိုင်ပါစေကြောင်း ၊ တရုတ်-မြန်မာ ချစ်ကြည် ရင်းနှီးမှုသည်လည်း ယခုထက် ပိုမို တိုးတက် ခိုင်မြဲပြီး အဓွန့်ရှည် တည်တံ့ပါစေဟု ဆုမွန်ကောင်း တောင်းပေးခဲ့သည်။ မြန်မာနိုင်ငံ ဆိုင်ရာ တရုတ်နိုင်ငံ သံအမတ်ကြီး မစ္စတာ ဟုန်လျန်က “ဒီနေ့ဟာ တရုတ် နိုင်ငံ အမျိုးသားနေ့ ဖြစ်ပါတယ်။ ကျွန်တော်တို့ဟာ မြန်မာနိုင်ငံရဲ့မြို့တော်သစ် ဖြစ်တဲ့နေပြည်တော်မှာ တရုတ် ရုပ်ရှင် ပွဲတော် ကျင်းပခြင်းမှာ အရေးပါသည့် သမိုင်း အဓိပ္ပာယ် ရှိ ကြောင်း၊ နှစ်နိုင်ငံ ဆက်ဆံရေး ပိုမို သာယာစေရန် ဆုမွန်ကောင်း တောင်းခြင်းလည်း ဖြစ်ကြောင်း၊တရုတ် ရုပ်ရှင် ပွဲတော်သည် တရုတ်-မြန်မာ ရုပ်ရှင် နှင့် တီဗွီ ဇာတ်လမ်းတွဲ ယဉ်ကျေးမှု ကူးလူး ဖလှယ်ရေး နှင့် ပူးပေါင်း ဆောင်ရွက်ရေး အတွက် အခွင့်အလမ်းသစ် အဖြစ်နှင့် နှစ်နိုင်ငံ ရုပ်ရှင် နှင့် တီဗွီ ဇာတ်လမ်းတွဲ ယဉ်ကျေးမှု ကူးလူး ဖလှယ်ရေး နှင့် ပူးပေါင်း ဆောင်ရွက်ရေးကို တစ်ဆင့်တက် တိုးမြှင့်ပြီး နှစ်နိုင်ငံ ပြည်သူများ၏ သံယောဇဉ်ကို တစ်ဆင့်တက် မြှင့်တင်နိုင်လိမ့်မည်ဟု မျှော်လင့်ပါကြောင်း ပြောကြားခဲ့သည်။ တရုတ် ရုပ်ရှင် ပွဲတော်တွင် ဗုဒ္ဓဘာသာ ယဉ်ကျေးမှု အကြောင်း တင်ဆက် ရိုက်ကူးထားသည့် Xuan Zang အမည်ရှိ ရုပ်ရှင် ဇာတ်ကား နှင့် ကွန်ဖူး ဟာသ ဇတ်ကား ဖြစ်သည့် ကွန်ဖူး ယောဂ အမည်ရှိ ရုပ်ရှင် ဇာတ်ကား ၂ ကားအား မြန်မာ ဘာသာ စကား နောက်ခံဖြင့် အောက်တိုဘာလ ၁ ရက် မှ ၈ ရက် အထိ နေပြည်တော် အောင်သပြေရုပ်ရှင်ရုံနှင့် ရန်ကုန်မြို့ နေပြည်တော် ရုပ်ရှင်ရုံတို့၌ အခမဲ့ ပြသသွားမည် ဖြစ်ကြောင်း သိရသည်။ တရုတ်ရုပ်ရှင်ပွဲတော် သံတမန် ဖြစ်သူ မိုးစက်ဝိုင်က ယခု အစီအစဉ်တွင် ပါဝင်ရသည့် အတွက် အလွန် ဝမ်းသာပါကြောင်း ယခုကဲ့သို့ပြောကြားခဲ့သည်။ ၂၀၁၇ ခုနှစ် တရုတ် ရုပ်ရှင် ပွဲတော် ဖွင့်ပွဲ အခမ်းအနားသို့ ပြန်ကြားရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ ဖေမြင့် နှင့် ဇနီး ၊ မြန်မာနိုင်ငံ ဆိုင်ရာ တရုတ်နိုင်ငံ သံအမတ်ကြီး မစ္စတာ ဟုန်လျန် နှင့် ဇနီး အပါအဝင် အစိုးရ ဌာနဆိုင်ရာ အကြီးအကဲများ ၊ တရုတ် စီးပွားရေး သံတမန်များ ၊ အ.ထ.က(၁၄)မှ ဆရာ/ဆရာမများ နှင့် ကျောင်းသား/သူများ ၊ ဧည့်ပရိသတ်များ တက်ရောက် အားပေးခဲ့ကြသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.