Connect with us

Videos

မြစ်ကျဉ်းသုံးသွယ်ရေကာတာတွင် သတ်မှတ်ရေပမာဏသိုလှောင်နိုင်တော့မည်

ဟူပေ၊ အောက်တိုဘာ ၉ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ၏ အရှည်ဆုံးမြစ်ဖြစ်သည့် ယန်ဇီမြစ်ပေါ်ရှိ ဟူပေပြည်နယ် ဆန်းတုန်ဖိန်မြို့အနီးတွင်တည်ဆောက်ထားသော မြစ်ကျဉ်းသုံးသွယ်ရေကာတာသည် အောက်တိုဘာလကုန် သို့မဟုတ် နိုဝင်ဘာလဆန်းပိုင်းတွင် သတ်မှတ်ထားသည့်ရေထုထည်ပမာဏ ၁၇၅ မီတာကို သိုလှောင်နိုင်တော့မည်ဖြစ်သည်။ လက်ရှိတွင် ၁၇၁.ဝ၉ မီတာကို သိုလှောင်ထားလျက်ရှိသည်။ မြစ်ကျဉ်းသုံးသွယ်ရေကာတာစီမံကိန်းသည် ဘက်စုံရေသိုလှောင်နိုင်သည့်စနစ်ဖြစ်ပြီး ၂၃ဝ၉ မီတာအကျယ်ရှိကာတမံအမြင့် ၁၈၅ မီတာရှိသည်။ ၎င်းမှာ ရေကြီးရေလျှံမှုကို ထိန်းချုပ်နိုင်သည့်အပြင် လျှပ်စစ်ဓါတ်အားကို ပိုမိုထုတ်လုပ်ကာ မြစ်ကြောင်းအတွင်းသင်္ဘောများ၏ လမ်းကြောင်းများကို ရှင်းလင်းပေးသည်။ စီမံကိန်းကို ၂၂ နှစ်ကြာတည်ဆောက်ခဲ့ရပြီး ၂ဝ၁၆ ခုနှစ်တွင် ပြီးစီးခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.