Connect with us

Videos

မြန်မာနိုင်ငံ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် တရုတ် နိုင်ငံ နိုင်ငံတော် ကောင်စီဝင် ၊ ကာကွယ်ရေး ဝန်ကြီး တွေ့ဆုံဆွေးနွေး

နေပြည်တော် ၊ ဇွန် ၁၆ ရက် (ဆင်ဟွာ)

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် တရုတ် နိုင်ငံ နိုင်ငံတော် ကောင်စီဝင် ၊ ကာကွယ်ရေး ဝန်ကြီး ဝေဘုန်းဟယ် (Wei Fenghe) ဦးဆောင်သည့် ကိုယ်စားလှယ် အဖွဲ့တို့က ဇွန်လ ၁၅ ရက် နေ့က နေပြည်တော်ရှိ နိုင်ငံတော် သမ္မတရုံးတွင် တွေ့ဆုံဆွေးနွေးမှု တစ်ရပ် ကျင်းပ ပြုလုပ် ခဲ့သည်။

မြန်မာနိုင်ငံ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က မြန်မာ နိုင်ငံ အနေဖြင့် တရုတ်နိုင်ငံ သမ္မတ၏ ဦးဆောင်မှုဖြင့် ရရှိခဲ့သည့် ထူးချွန်သည့် အောင်မြင်မှုများကို ချီးမွမ်း ပြီး တရုတ် နိုင်ငံ၏ ကာလတစ်လျှောက် မြန်မာ နိုင်ငံ စီးပွားရေး တည်ဆောက်မှု နှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် များအပေါ် ခိုင်မြဲစွာ ထောက်ခံအားပေးခြင်းအား ကျေးဇူးတင်ရှိကြောင်း ပြောကြား ခဲ့သည်။ တရုတ်နိုင်ငံ နိုင်ငံတော် ကောင်စီဝင် ၊ ကာကွယ်ရေး ဝန်ကြီး ဝေဘုန်းဟယ် က တရုတ် နိုင်ငံ အနေဖြင့် မြန်မာ နိုင်ငံနှင့် အတူတကွ မဟာဗျူဟာ အရ အပြန်အလှန် ယုံကြည်မှု ကို တိုးမြှင့်အောင် ဆောင်ရွက်ပြီး နှစ်နိုင်ငံ အဓိက အကျိုးစီးပွား နှင့် သက်ဆိုင်သည့် ကိစ္စရပ်များ တွင် ဆက်လက်၍ အပြန်အလှန် ခိုင်မြဲစွာ ထောက်ခံအားပေး သွားကာ နှစ်နိုင်ငံ ခေတ်သစ်ပိုးလမ်းမကြီး အတူတကွ ပူးပေါင်းတည်ဆောက်ရေး တွင် အောင်မြင်မှုများစွာ ရရှိအောင် တွန်းအားပေးဆောင်ရွက်သွားလိုကြောင်း ၊ နှစ်နိုင်ငံ စစ်ဘက်ဆိုင်ရာ လက်တွေ့ပူးပေါင်းဆောင်ရွက်မှု ကို တိုးမြှင့်ဆောင်ရွက်သွားပြီး နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေး ကို ထိန်းသိမ်းသွားကာ နှစ်နိုင်ငံ စစ်ဘက်ဆိုင်ရာ ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်ရန် အတွက် ဆောင်ရွက်မှု အသစ် များ ပြုလုပ်ပေးသွားလိုကြောင်း ပြောကြား ခဲ့သည်။

တရုတ် နိုင်ငံ နိုင်ငံတော် ကောင်စီဝင် ၊ ကာကွယ်ရေး ဝန်ကြီး ဝေဘုန်းဟယ် (Wei Fenghe) ဦးဆောင်သည့် ကိုယ်စားလှယ် အဖွဲ့က ဇွန်လ ၁၅ ရက်နေ့ နံနက်ပိုင်း အချိန်တွင် နေပြည်တော်ရှိ ဇေယျာသီရိဗိမာန် တွင် မြန်မာ နိုင်ငံ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် တွေ့ ဆုံ ဆွေးနွေးမှု တစ်ရပ် ကျင်းပ ပြုလုပ် ခဲ့သည်။

တရုတ် နိုင်ငံ ကိုယ်စားလှယ် အဖွဲ့ အား တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ဂုဏ်ပြုတပ်ဖွဲ့ ဖြင့် ကြိုဆိုခဲ့ပြီး တွေ့ဆုံ ဆွေးနွေးမှု ပြုလုပ်ပြီးနောက် တွင် တရုတ် နိုင်ငံ ကိုယ်စားလှယ် အဖွဲ့ က နေပြည်တော် ရှိ သူရဲကောင်း စစ်သည် ဗိမာန် သို့ သွားရောက် ခဲ့ကြောင်း သိရှိရသည်။

တရုတ် နိုင်ငံ နိုင်ငံတော် ကောင်စီဝင် ၊ ကာကွယ်ရေး ဝန်ကြီး ဝေဘုန်းဟယ် (Wei Fenghe) ဦးဆောင်သည့် ကိုယ်စားလှယ် အဖွဲ့ နှင့် အတူတကွ မြန်မာ နိုင်ငံ ဆိုင်ရာ တရုတ် နိုင်ငံ သံအမတ်ကြီး မစ္စတာ ဟုန်လျန် နှင့် မြန်မာ နိုင်ငံ ကာကွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး စိန်ဝင်း တို့က အတူတကွ လိုက်ပါခဲ့ကြကြောင်း သိရှိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.