Connect with us

Videos

ယန်ဇီမြစ်ပေါ်ဖြတ်သန်းဖောက်လုပ်ထားသော သက်တမ်း ၆၁ နှစ်ရှိ တံတား၏ရထားလမ်းပိုင်း အဆင့်မြှင့်တင်လဲလှယ်

ဝူဟန်၊ ဇွန် ၁၈ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံ၏ အရှည်ဆုံး မြစ်တစ်စင်း ဖြစ်သော ယန်ဇီမြစ်ပေါ်တွင် ဖြတ်သန်းဆောက်လုပ်ထားသည့်ဝူဟန်ယန်ဇီ တံတားပေါ်၌ သက်တမ်း ၆၁ နှစ်ရှိပြီဖြစ်သည့် ရထားသံလမ်းများကို ကီလိုမီတာ ၁၂ဝဝ ခန့်အထိ လဲလှယ်ခဲ့ကြသည်။ ယခုလဲလှယ်လိုက်သည့် သံလမ်းမှာစပ်ကြောင်းမဲ့ အမျိုးအစား ကို အသုံးပြုထားသောကြောင့် ဘေးအန္တရာယ်ကင်းရှင်းကာ စိတ်ချနိုင်ပြီး ရထားသွားလာရာတွင် ပိုမိုတည်ငြိမ်မှုလည်းရှိကြောင်းသိရသည်။ တံတားအရှည်မှာ ၁၆၇ဝ မီတာရှိပြီး နှစ်လမ်းမောင်းကားလမ်းနှင့် ရထားလမ်း တို့ ပါဝင်ပြီး ယန်ဇီမြစ်ပေါ်တွင် ပထမဆုံးဖြတ်သန်းဖောက်လုပ်ခဲ့သော တံတားတစ်စင်း လည်းဖြစ် သည်။ ရထားအစင်းရေပေါင်း ၃ဝဝ နှင့် မော်တော်ယာဉ်ပေါင်း သောင်းနှင့်ချီကာ တံတားကို နေ့စဉ်ဖြတ်သန်းအသုံးပြုလျက်ရှိသောကြောင့် တံတား၏ ကြံ့ခိုင်မှုကို အထူးဂရုစိုက်ကာ သံလမ်းများကို လဲလှယ်ခြင်းဖြစ်သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.