Connect with us

Videos

မြန်မာ့ စပါးအုံး အောင်လအန်ဆန် ကစိန်ခေါ်သူအား အနိုင်ယူကာ ဝမ်းမစ်ဒယ် ဝိတ်တန်း ကမ္ဘာ့ချန်ပီယံ ခါးပတ်အား ဆက်လက် ကာကွယ်နိုင်ခဲ့

ရန်ကုန် ၊ ဇွန် ၃၀ ရက်(ဆင်ဟွာ)

မြန်မာ့ စပါးအုံး ခေါ် ဝမ်းမစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံ အောင်လအန်ဆန်သည် စိန်ခေါ်သူ ဂျပန်နိုင်ငံမှ Ken Hasegawa နှင့် ဇွန် ၂၉ ရက်တွင် ရန်ကုန်မြို့၌ ယှဉ်ပြိုင် ထိုးသတ်ခဲ့ရာ အောင်လအန်ဆန်က စိန်ခေါ်သူအား အလဲထိုး အနိုင် ရရှိပြီး ဝမ်းမစ်ဒယ် ဝိတ်တန်း ကမ္ဘာ့ချန်ပီယံ ခါးပတ်အား ဆက်လက် ကာကွယ်နိုင်ခဲ့သည်။

အောင်လအန်ဆန် နှင့် Ken Hasegawa တို့သည် “ONE: SPIRIT OF A WARRIOR” ပြိုင်ပွဲတွင် အဓိက ပွဲစဉ် အဖြစ် ယှဉ်ပြိုင်ခဲ့ပြီး ၅ ချီ ယှဉ်ပြိုင် ထိုးသတ်ခဲ့ရာ နောက်ဆုံး အချီ ၃ မိနစ်ကျော် အချိန်တွင် အောင်လအန်ဆန်းက လက်သီးချက်ဖြင့် စိန်ခေါ်သူအား အလဲထိုး အနိုင်ရရှိခဲ့သည်။

ဝမ်းမစ်ဒယ် ဝိတ်တန်း ကမ္ဘာ့ချန်ပီယံ ခါးပတ်အား ဆက်လက် ကာကွယ်နိုင်ခဲ့သူ အောင်လအန်ဆန်က အနိုင်ရရှိခဲ့ပြီးနောက် ကျေးဇူးတင်စကား ပြောကြားခဲ့သည်။ အောင်လအန်ဆန်သည် ဝမ်းမစ်ဒယ်ဝိတ်တန်း နှင့် လိုက်ဟဲဗီးဝိတ်တန်း ကမ္ဘာ့ချန်ပီယံဆုများ ကိုပိုင်ဆိုင်ရရှိထားသူအဖြစ်ဆက်လက်ရပ်တည်ထားနိုင်ခဲ့သည်။

“ONE: SPIRIT OF A WARRIOR” ပြိုင်ပွဲအား ရန်ကုန်မြို့အမျိုးသား အားကစားပြိုင်ပွဲရုံ(၁) သုဝဏ္ဏ၌ ဇွန်လ ၂၉ ရက်နေ့ကကျင်းပရာ ပြည်တွင်း ၊ ပြည်ပ တွဲဆိုင်း ၁၀ ဆိုင်း ပါဝင် ယှဉ်ပြိုင် ကစားခဲ့ကြသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.