Connect with us

Videos

ကမ္ဘာ့အရှည်ဆုံးနှစ်ထပ်ကြိုးတံတားကြီး၏ ပင်မကေဘယ်လ်များတပ်ဆင်ပြီးစီး

ဝူဟန်၊ ဇွန် ၂၉ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံ ဝူဟန်မြို့တွင် ယန်ဇီမြစ်ကို ဖြတ်သန်းဖောက်လုပ်ထားသည့် ကမ္ဘာ့အရှည်ဆုံး ယင်းစီးကန်း ယန်ဇီ မြစ်ကူးနှစ်ထပ်ကြိုးတံတားကြီး ၏ ပင်မကေဘယ်လ်ကြိုးများတပ်ဆင်ပြီးစီးပြီဖြစ်ကြောင်း သိရသည်။ကေဘယ်လ်ကြိုးကြီးတစ်ချောင်းမှာ ၂၆၃ဝ မီတာ အထူရှိပြီး ကေဘယ်ကြိုးမျှင်ပေါင်း၂၄ဝဝဝ ဖြင့် ဖွဲ့စည်းထားခြင်းဖြစ်သည်။ ၎င်းမှာတန်ချိန် ၆၅ဝဝဝ (အလယ်အလတ်အရွယ်အစားလေယာဉ်တစ်စီး) ကို ဆွဲတင်ထားနိုင်သည့်အလေးချိန်ခံနိုင်ရည်ရှိသည်။ ယင်းစီးကန်း ယန်ဇီ မြစ်ကူးတံတား ကြီးတွင် ကြိုးငယ်ပေါင်း ၂၇၁ ကြိုးပါဝင်သည့် ပင်မကေဘယ်လ်ကြီး နှစ်ချောင်းတပ်ဆင်ထားသည်။ တံတား၏ အသွားအပြန် တစ်ဘက်စီတွင် လမ်းကြောင်း ၆ ကြောင်းစီ ပါဝင်ပြီး ထိုအထဲတွင်လူသွားလမ်း၊ စက်မဲ့ယာဉ်များ မောင်းနှင်မည့်လမ်း ၊ရှုခင်းကြည့်ရှုနိုင်မည့်ဧရိယာများပါဝင်သည်။ထိုတံတားကို ၂ဝ၁၉ ခုနှစ်တွင် ဖွင့်လှစ်သွားရန်မျှော်မှန်းထားကြောင်းသိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.