Connect with us

Videos

လစ်လပ် မဲဆန္ဒနယ်မြေများ အတွက် ကြားဖြတ်ရွေးကောက်ပွဲ စတင် ကျင်းပ

ရန်ကုန် ၊ ဧပြီ ၁ ရက်(ဆင်ဟွာ)

တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် လစ်လပ် မဲဆန္ဒနယ် ၁၉ နေရာ အတွက် ကြားဖြတ် ရွေးကောက်ပွဲအား ယနေ့ဧပြီ ၁ ရက်တွင် စတင် ကျင်းပ ပြုလုပ်နေပြီ ဖြစ်သည်။ ယခု ကျင်းပသည့် ၂၀၁၇ ခုနှစ် ကြားဖြတ် ရွေးကောက်ပွဲတွင် ဆန္ဒမဲ ပေးနိုင်သည့် ဦးရေမှာ ၂ သန်းကျော် ရှိသည်။ ကြားဖြတ် ရွေးကောက်ပွဲတွင် လွှတ်တော် ကိုယ်စားလှယ်လောင်း ၉၄ ဦး ဝင်ရောက်ယှဉ်ပြိုင်မည် ဖြစ်ပြီး ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းများသည် နိုင်ငံရေး ပါတီ ၂၄ ခုမှ လွှတ်တော်ကိုယ်စားလှယ်လောင်း ၈၇ ဦး နှင့် တစ်သီး ပုဂ္ဂလ လွှတ်တော် ကိုယ်စားလှယ်လောင်း ၇ ဦး ပါဝင်ကြောင်း သိရသည်။ ကြားဖြတ်ရွေးကောက်ပွဲတွင် ပြည်သူ့လွှတ်တော်တွင် ၉ နေရာ ၊ အမျိုးသားလွှတ်တော်တွင် ၃ နေရာနှင့် တိုင်းဒေသကြီး နှင့် ပြည်နယ် လွှတ်တော် တွင် ၇ နေရာ ၊ စုစုပေါင်း လစ်လပ်မဲဆန္ဒနယ် ၁၉ နေရာရှိသည်။ ယခု ကျင်းပပြုလုပ်သည့် ၂၀၁၇ ခုနှစ် ကြားဖြတ် ရွေးကောက်ပွဲသည် နိုင်ငံတော် သမ္မတ ဦးထင်ကျော် ဦးဆောင်သည့် အစိုးရ သက်တမ်း အတွင်း ပထမဆုံး အကြိမ် ကျင်းပ ပြုလုပ်သည့် ကြားဖြတ် ရွေးကောက်ပွဲလည်း ဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.