Connect with us

Videos

တောင်ကိုရီးယား သမ္မတ ဟောင်း ပက်ဂွမ်ဟေး ထိန်းသိမ်းရေး စခန်းသို့ ပို့ဆောင်ခံရ

ဆိုးလ် ၊ မတ် ၃၁ ရက် (ဆင်ဟွာ)

တောင်ကိုရီးယား နိုင်ငံ တရားရုံး သည် မတ်လ ၃၁ ရက်နေ့ နံနက်ပိုင်းတွင် တောင်ကိုရီးယား နိုင်ငံ သမ္မတဟောင်း ပက်ဂွမ်ဟေး(Park Geun-hye) အား ဖမ်းဆီးရန် အမိန့်ကြေညာချက် ကို အတည်ပြု ထုတ်ပြန်ခဲ့ပြီး ပက်ဂွမ်ဟေး အနေဖြင့် ဆိုးလ်မြို့ရှိ ထိမ်းသိမ်းရေး စခန်းသို့ ရွေ့ပြောင်းနေထိုင်ရတော့မည် ဖြစ်သည်။

ဆိုးလ်မြို့ ဒေသတွင်း ဗဟိုတရားရုံး သည် ဒေသ စံတော်ချိန် မတ်လ ၃၁ ရက်နေ့ နံနက် ၃နာရီ ၁၀ မိနစ် အချိန်ခန့်တွင် ဖမ်းဆီးရန် အမိန့်စာ ကို လက်မှတ်ရေးထိုးခဲ့ခြင်း ဖြစ်ပြီး ထုတ်ပြန်ချက်တွင် တရားရုံးချုပ်ရှေ့နေအဖွဲ့ မှ တင်ပြခဲ့သည့် သမ္မတ ဟောင်း ပက်ဂွမ်ဟေး အနေဖြင့် သက်သေများကို ဖျက်ဆီးနိုင်ခြေ ရှိသဖြင့် တရားရုံး မှ ဖမ်းဆီးရန် အတည်ပြုပေး ခဲ့ခြင်း ဖြစ်ကြောင်း ပါဝင် ခဲ့သည်။အမိန့်ကြေညာချက် ထုတ်ပြန်ပြီး အချိန် ၁ နာရီ ခန့်အကြာတွင် ပက်ဂွမ်ဟေး အား ဆိုလ်းမြို့ ထိန်းသိမ်းရေး စခန်းသို့ ရွှေ့ပြောင်း ပေးခဲ့ကြောင်း သိရှိခဲ့ရသည်။ ပက်ဂွမ်ဟေး အနေဖြင့် ပြစ်မှုကျူးလွန်ကြောင်း ထင်ရှားပါက ထောင်ဒဏ် ၁၀ နှစ် သို့မဟုတ် ၁၀ နှစ် အထက် ကျခံရနိုင်ဖွယ် ရှိကြောင်း တောင်ကိုရီးယားမီဒီများ ၏ သတင်းထုတ်ပြန်ချက်များအရသိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.