Connect with us

Videos

တရုတ်နိုင်ငံကပါကစ္စတန် ငလျင်ဒဏ်သင့်ပြည်သူများအတွက် ထောက်ပံ့ရေးပစ္စည်းများ ပေးအပ်

အစ္စလာမာဘတ်၊ နိုဝင်ဘာလ (၆) ရက်

တရုတ်နိုင်ငံကပါကစ္စတန်ငလျင်ဒဏ်သင့် ပြည်သူများအတွက် ပေးအပ်လှူဒါန်းသော ယွမ် ၁ဝ သန်း (အမေရိကန်ဒေါ်လာ ၁.၆ သန်း) တန်ဖိုး ရှိ လူသားချင်းစာနာထောက်ထားမှုအကူအညီများအား ပါကစ္စတန်နိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး က ပါကစ္စတန်ပြန်ကြားရေးဝန်ကြီးထံ နိုဝင်ဘာလ (၅) ရက်နေ့တွင် အစ္စလမ်မာဘတ်လေဆိပ် ၌ပေးအပ်ခဲ့သည်။

ကုန်တင်လေယာဉ်တစ်စင်းဖြင့် ယာယီတဲ ၃ဝဝ၊ စောင် ၂ဝဝဝဝ နှင့် မီးအားပေးစက် အလုံး (၆ဝ) အပါအဝင် အထောက်အပံ့များ ပစ္စည်းများ ကို သယ်ဆောင်လျက် နိုဝင်ဘာလ (၅) ရက်နေ့ နံနက်ပိုင်းတွင် ရှန်ဟိုင်းမှ အစ္စလာမာဘတ်မြို့ သို့ပို့ဆောင်ခဲ့ခြင်းဖြစ်သည်။

ပါကစ္စတန်နိုင်ငံတွင် အောက်တိုဘာလ ၂၆ ရက်နေ့၌ အင်အား ၈.၁ ရစ်ချ်တာစကေးရှိသော ငလျင် လှုပ်ခတ်ခဲ့ပြီးနောက် အနည်းဆုံးလူပေါင်း ၂၇၉ ဦး သေဆုံးခဲ့ကာ ၁၉၆၄ ဦးထိခိုက်ဒါဏ်ရာ ရခဲ့သည်။ အိမ်ပေါင်း ၉သောင်းကျော်နှင့်ကျောင်းပေါင်း ၅ဝဝ နီးပါး ပျက်စီးခဲ့သည်။
အောက်တိုဘာလ ၂၈ ရက်နေ့ကလည်း တရုတ်နိုင်ငံ ကြက်ခြေနီအသင်းက ပါကစ္စတန်ငလျင် ဒဏ်သင့်ပြည်သူများ အတွက် ပါကစ္စတန်ကြက်ခြေနီအသင်းမှတစ်ဆင့် ဒေါ်လာ ၁သိန်း အား လှူဒါန်းခဲ့ပြီး၊ တရုတ်နိုင်ငံ လမ်းတံတားအဖွဲ့အစည်း (CRBC) က လည်း ပါကစ္စတန်နိုင်ငံ ၏ ဒေသတစ်ချို့နှင့်အဝေးပြေးလမ်းများတွင် ပိတ်ဆို့နေသော ပြိုကျမြေဆိုင်မြေခဲများ ဖယ်ရှား ရှင်းလင်းခြင်းလုပ်ငန်းများတွင် ကူညီဆောင်ရွက်ပေးခဲ့ကြောင်းလည်းသိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.