Connect with us

Videos

တရုတ်သမ္မတ ရှီကျင့်ဖိန် ဗီယက်နမ်ခေါင်းဆောင်များနှင့် နှစ်နိုင်ငံချစ်ကြည်ရေးကိစ္စရပ်များဆွေးနွေးခဲ့

ဟနွိုင်း ၊ နိုဝင်ဘာ ၆ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် ဗီယက်နမ် နိုင်ငံ မြို့တော် ဟနွိုင်းမြို့သို့ နိုဝင်ဘာလ ၅ ရက်နေ့ (ကြာသပတေးနေ့) တွင် ရောက်ရှိခဲ့သည်။ နှစ်ရက်တာ ခရီးစဉ်အတွင်း ရှီသည် ဗီယက်နမ်နိုင်ငံ သမ္မတ တရုမ် တန်ဆန်၊ CPV ဗဟိုကော်မတီ၏ အထွေထွေ အတွင်းရေးမှူး ငုယင် ဖူထရုန်၊ ဝန်ကြီးချုပ် ငူယင် တန်ဒန်နှင့် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ငုယင် ရှင်းဟွန် တို့နှင့်တွေ့ဆုံမည် ဖြစ်သည်။

ထို့ပြင် ရှီသည် အနာဂတ် တရုတ်-ဗီယက်နမ် ဆက်ဆံရေး မြှင့်တင်ရန် ဗီယက်နမ် လွှတ်တော်၌ မိန့်ခွန်း ပြောကြားရာတွင် တရုတ်နှင့် ဗီယက်နမ် နှစ်နိုင်ငံအငြင်းပွားဖွယ်ကိစ္စရပ်များအား အပြန်အလှန် ပူးပေါင်းဆောင်ရွက်ဖြေရှင်းကြရန် အထူးအလေးထားပြောကြားခဲ့သည်။

ထို့အပြင် တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန် နှင့် ဗီယက်နမ်နိုင်ငံ ဝန်ကြီးချုပ် တို့သည် ဗီယက်နမ် နိုင်ငံ ဟနွိုင်း မြို့တွင် နိုဝင်ဘာ ၅ ရက်က တွေ့ဆုံပြီး နှစ်နိုင်ငံ ပူးပေါင်း ဆောင်ရွက်မှုများ အတွက် ဆွေးနွေး ခဲ့ကြသည်။ ထိုသို့တွေ့ဆုံရာတွင် သမ္မတရှီမှ နှစ်နိုင်ငံ အနေဖြင့် ရေရှည် မဟာဗျူဟာ အမြင်ဖြင့် ခိုင်မြဲ စွာ ပူးပေါင်း ဆက်ဆံရေးကို ဆောက်တည်ကာ နှစ်နိုင်ငံ ပြည်သူလူထု၏ ဖွံ့ဖြိုး တိုးတက်ရေး နိုင်ငံရေး နှင့် စီးပွားရေး ပူးပေါင်း ဆောင်ရွက်မှု များ တိုးမြှင့် သွားရမည် ဖြစ်ကြောင်း ၊နှစ်နိုင်ငံ အနေဖြင့် ပင်လယ် ရေကြောင်း ပူးပေါင်း ဆောင်ရွက်မှုများ တိုးချဲ့ကာ အပြည်ပြည်ဆိုင်ရာ ကိစ္စရပ်များတွင် ပိုမို ပူးပေါင်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

ဗီယက်နမ် နိုင်ငံ ဝန်ကြီးချုပ် Nguyễn Tấn Dũng မှ လည်း ၎င်း အနေဖြင့် တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန် မှ နှစ်နိုင်ငံ ဆက်ဆံရေး တိုးမြှင့်ရန် အတွက် အကြံပြုချက်များကို ထောက်ခံကြောင်း ၊ ဗီယက်နမ်-တရုတ် နှစ်နိုင်ငံ အနေဖြင့် ဘက်စုံ ပူးပေါင်းဆောင်ရွက်မှု များ တိုးမြှင့် သွားရမည် ဖြစ်ကြောင်း ၊ နှစ်နိုင်ငံ အနေဖြင့် အပြန်အလှန် နားလည်မှု ရှိသည့် ဒေသတွင်း ဆက်ဆံရေး ပုံစံ ဆောင်ရွက်ကာ ဒေသတွင်း အချို့ ကိစ္စရပ်များကို ပူးပေါင်း ဖြေရှင်းသွားမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။
ဆက်လက်ပြီး တရုတ် နိုင်ငံ ကွန်မြူနစ် ပါတီ အထွေထွေ အတွင်းရေးမှူး ၊ တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန် နှင့် ဇနီး ဖျိန်လိယွမ် သည် ဗီယက်နမ် နိုင်ငံ ကွန်မြူနစ် ပါတီ အထွေထွေ အတွင်းရေးမှူး Nguyễn Phú Trọng နှင့် ဗီယက်နမ် နိုင်ငံ သမ္မတ Trương Tấn Sang တို့က နိုဝင်ဘာလ ၅ ရက်တွင် ဟနွိုင်း အပြည်ပြည်ဆိုင်ရာ အစည်းအဝေး ခန်းမတွင် ကျင်းပ ခဲ့သည့် ညစာစားပွဲအား တက်ရောက်ခဲ့ကြ သည်။ ညစာစားပွဲအခမ်းအနားတွင် တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန် နှင့် ဗီယက်နမ် နိုင်ငံ ကွန်မြူနစ် ပါတီ အထွေထွေ အတွင်းရေးမှူး Nguyễn Phú Trọng တို့က တရုတ်-ဗီယက်နမ် နှစ်နိုင်ငံ ခေါင်းဆောင်များမှ အတူတကွ ချစ်ကြည် ပူးပေါင်း ကာ မိတ်ဆွေ ဆက်ဆံရေးအား တိုးမြှင့် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း အသီးသီး ပြောကြား ခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.