Connect with us

Videos

၁၈ကြိမ်မြောက်ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့အစည်း SCO ကို ဇွန် ၉ ရက်တွင်ကျင်းပမည်

ချင်းသောင်၊ ဇွန် ၅ ရက်(ဆင်ဟွာ)

၁၈ကြိမ်မြောက်ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့အစည်း SCO ကို တရုတ်နိုင်ငံအရှေ့ပိုင်း ချင်းသောင်တွင် ဇွန်လ ၉ ရက်နေ့ နှင့် ၁ဝ ရက်နေ့တို့၌ကျင်းပတော့မည်ဖြစ်သည်။ တရုတ်နိုင်ငံက ၂ဝ၁၃ ခုနှစ်မှ ၂ဝ၁၇ ခုနှစ်အတွင်း SCO အဖွဲ့ဝင်နိုင်ငံများတွင် ရင်းနှီးမြှုပ်နှံမှုဒေါ်လာ ၁၅ ဘီလီယံနီးပါးခန့်ပြုလုပ်ခဲ့သည်။

SCO အဖွဲ့ဝင်နိုင်ငံများ အချင်းချင်းရင်းနှီးကျွမ်းဝင်မှုများရှိကြပြီး ပြည်သူများကလည်းအပြန်အလှန် သွားရောက်ကာ စီးပွားရေးလုပ်ငန်းများ၊ အတတ်ပညာရပ်ဆိုင်ရာများသင်ကြားပို့ချခြင်းများပြုလုပ်ခဲ့ကြသည်။ SCO အဖွဲ့ဝင်နိုင်ငံများမှာ တရုတ်၊ ရုရှား၊ ကာဇက်စတန်၊ ကာဂျစ်စတန်၊ တာ့ဂျစ်ကစ္စတန်၊ ဥဇဘက်ကစ္စတန်၊အိန္ဒိယ နှင့်ပါကစ္စတန်နိုင်ငံတို့ပါဝင်ကြသည်။ ၁၇ ကြိမ်မြောက် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့အစည်းSCO ကို ကာဇက်စတန်နိုင်ငံအက်စတာနာမြို့တွင် ကျင်းပခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.