Connect with us

Videos

ရှီကျားကျွမ်းရှိ မီးမျက်လုံးဓါတ်ခွဲခန်းတွင် နမူနာပေါင်း၂.၃ သန်း ခန့်အား စစ်ဆေးနိုင်ခဲ့ပြီဖြစ်

ရှီကျားကျွမ်း၊ ဇန်နဝါရီ ၁၇ ရက် (ဆင်ဟွာ) ဘာသာပြန် နှင့် ရုပ်သံတည်းဖြတ်/စုဝင့်

တရုတ်နိုင်ငံမြောက်ပိုင်း ရှီကျားကျွမ်းမြို့တွင် COVID-19 ရှိမရှိ မြို့လုံးကျွတ် နျူကလစ်အက်ဆစ် စစ်ဆေးခြင်းကို ဒုတိယအကြိမ် ဆောင်ရွက်လျက်ရှိရာ အသစ်ဆောက်လုပ်ထားသည့် နျူကလစ် အက်ဆစ် ဓါတ်ခွဲခန်းတွင် နမူနာပေါင်း ၂.၃ သန်း ခန့်အား စစ်ဆေးနိုင်ခဲ့ပြီဖြစ်ကြောင်းသိရသည်။
ဟို့ယန် (သို့) မီးမျက်လုံး ဟု အမည်ပေးထားသည့် အဆိုပါ ဓါတ်ခွဲခန်း အား ကြာချိန် ၁၀ နာရီ ဖြင့် တည်ဆောက်ခဲ့ပြီး တစ်ရက်လျှင် လူ တစ်သန်းခန့်အထိ စစ်ဆေးပေးနိုင်သောကြောင့် မြို့အတွင်း မြန်ဆန်စွာစစ်ဆေးမှု ပြုလုပ်နိုင်ခဲ့သည်။

မီးမျက်လုံး ဟူသည့်အမည်မှာ တရုတ်ဒဏ္ဍာရီလာ ဇာတ်ကောင် မျောက်မင်း ကို အစွဲပြုကာ အမည်ပေးထားခြင်းဖြစ်ပြီး ပုန်းကွယ်နေသည့် မကောင်းဆိုးဝါး ကို မြင်နိုင်သည့်အစွမ်းရှိကြောင်းသိရသည်။
ရှီကျားကျွမ်းမြို့တွင် ဒုတိယအကြိမ် မြို့လုံးကျွတ် နျူကလစ်အက်ဆစ် စစ်ဆေးမှု အတွင်း နိုဗယ် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသည့် အတည်ပြုလူနာ ၂၄၇ ဦးတွေ့ရှိခဲ့ကြောင်းသိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.