Connect with us

Videos

တရုတ်နိုင်ငံ တွင် COVID-19 စစ်ဆေး‌ရေး ဓါတ်ခွဲခန်း ကို ၁၀နာရီအတွင်းအပြီးတည်ဆောက်

ရှီကျားကျွမ်း၊ ဇန်နဝါရီ ၁၁ ရက် (ဆင်ဟွာ) ဘာသာပြန် နှင့် ရုပ်သံတည်းဖြတ်/စုဝင့်

တရုတ်နိုင်ငံ မြောက်ပိုင်း ဟဲပေပြည်နယ် ရှီကျားကျွမ်းမြို့တွင် တင်းနစ်အားကစားရုံတစ်ရုံ ၌ COVID-19 စစ်ဆေး‌ရန် Huoyan ခေါ် မီးမျက်လုံး ဓါတ်ခွဲခန်း တစ်ခုအား အချိန် ၁၀ နာရီအတွင်း အပြီးတည်ဆောက်ခဲ့သည်။
အဆိုပါ ဓါတ်ခွဲခန်းတွင် တစ်ရက်လျှင် လူ တစ်သန်းခန့် နျူကလစ်အက်ဆစ် နမူနာ များကို စစ်ဆေးပေးနိုင်သည်။

ရှီကျားကျွမ်းတစ်မြို့လုံးရှိ ပြည်သူများအား နျူကလစ်အက်ဆစ်စစ်ဆေးမှုပြုလုပ်ခဲ့ရာတွင် လူပေါင်း ၃၅၄ ဦး ၌ COVID-19 ကူးစက်ခံထားရသည်ကို တွေ့ရှိကြောင်း အာဏာပိုင်များက ပြီးခဲ့သည့် စနေနေ့တွင် သတင်းထုတ်ပြန်သည်။ ရှီကျားကျွမ်း တစ်မြို့လုံး တွင် ပြီးခဲ့သည့် စနေနေ့မှ စတင်ကာ ဒုတိယအကြိမ် နျူကလစ်အက်ဆစ်စစ်ဆေးမှုများကို ပြန်လည် ပြုလုပ်ခဲ့ကြောင်းသိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.