Videos
နိုင်ငံတကာဆောက်လုပ်ရေးလုပ်ငန်းသုံးကိရိယာများပြပွဲတွင်မောင်းသူမဲ့မြေတူးစက်များကhip hopဖြင့်ဖျော်ဖြေ
ချန်းရှ၊ မေ ၁၇ ရက်(ဆင်ဟွာ)
တရုတ်နိုင်ငံ ချန်းရှမြို့တွင် ချန်းရှနိုင်ငံတကာဆောက်လုပ်ရေးလုပ်ငန်းသုံး ကိရိယာများပြပွဲကျင်းပခဲ့ရာ အဆိုပါပွဲတွင် အလေးချိန်အားဖြင့် ၂၃ တန်ရှိ မောင်းသူမဲ့ မြေတူးစက်များက hip hop အကများဖြင့် လာရောက်သူများကို ဖျော်ဖြေတင်ဆက်ခဲ့ကြသည်။ အဆိုပါ မောင်းသူမဲ့ မြေတူးစက်များကို တရုတ်နိုင်ငံထုတ် Sany Heavy Industry ကုမ္ပဏီက ထုတ်လုပ်ခဲ့သည်။ ချန်းရှနိုင်ငံတကာဆောက်လုပ်ရေးလုပ်ငန်းသုံး ကိရိယာများပြပွဲ တွင် နိုင်ငံ အသီးသီးမှ ဆောက်လုပ်ရေးလုပ်ငန်းသုံးကိရိယာ ကုမ္ပဏီပေါင်း ၁၁၅ဝကျော်က လာရောက် ပြသခဲ့ကြောင်းသိရသည်။(Xinhua)