Connect with us

Videos

အိန္ဒိယနိုင်ငံ အနောက်ပိုင်းတွင် မြေပြိုမှုမှ သေဆုံးသူအရေအတွက် ၂၂ ဦးထိ မြင့်တက်လာ

နယူးဒေလီ ၊ ဇူလိုင် ၂၄ ရက်(ဆင်ဟွာ)

အိန္ဒိယနိုင်ငံ အနောက်ပိုင်း မဟာရက်ရှ်ထရာပြည်နယ်၌ တောင်ထိပ်တစ်ခုပေါ်တွင်ရှိသည့် ကျေးရွာတစ်ရွာတွင် ဖြစ်ပေါ်ခဲ့သော မြေပြိုမှုအတွင်း ဇူလိုင် ၂၁ ရက်တွင် အပျက်အစီးများအောက်မှ ရုပ်အလောင်း ၆ ခုအား တွေ့ရှိခဲ့ပြီးနောက် သေဆုံးသူအရေအတွက် ၂၂ ဦးအထိ မြင့်တက်လာခဲ့ကြောင်း ဒေသဆိုင်ရာရဲတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက အတည်ပြုခဲ့သည်။

“ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေကို သောကြာနေ့(ဇူလိုင် ၂၁ ရက်)ဒေသစံတော်ချိန် ၁၈:၃၀ မှာ ရပ်နားခဲ့ပြီးတော့ စနေနေ့(ဇူလိုင် ၂၂ ရက်)မှာ ပြန်လုပ်ဆောင်သွားမှာပါ။ဒီနေ့(ဇူလိုင် ၂၁ ရက်)မှာ ရုပ်အလောင်း ၆ ခုကို တွေ့ရှိခဲ့ရပါတယ်။ မြေပြင်အခြေအနေက ခက်ခဲတဲ့အတွက် ရှာဖွေရေးလုပ်ငန်းတွေကို ကိုယ်ထိလက်ရောက် ဒါမှမဟုတ် ခွေးတွေ အကူအညီနဲ့ လုပ်နေရပါတယ်”ဟု ၎င်းက ပြောကြားခဲ့သည်။ (Xinhua)
———————-
Death toll from western India’s landslide rises to 22
The death toll rose to 22 in the landslide that struck a village on a hilltop in India’s western state of Maharashtra, after six more bodies were retrieved from under the debris on Friday, a local police official confirmed.
“The search and rescue operation was stopped on Friday at 18:30 local time and will resume tomorrow morning. Only six dead bodies could be retrieved today. It’s a difficult terrain, hence the search operation is being carried out physically with hands or with the help of canines,” he said.
Xinhua News Agency correspondents reporting from New Delhi.(XHTV)