Connect with us

Media

တရုတ်နိုင်ငံက စင်ကာပူနိုင်ငံသားများအတွက် ဗီဇာကင်းလွတ်ခွင့်မူဝါဒအား ပြန်လည်စတင်မည်

စင်ကာပူ၊ ဇူလိုင် ၂၄ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံအစိုးရက စင်ကာပူနိုင်ငံသားများအတွက် ၁၅ ရက်ကြာ ဗီဇာကင်းလွတ်ခွင့်မူဝါဒကို ဇူလိုင် ၂၆ ရက်၌ ပြန်လည်စတင်မည်ဖြစ်ကြောင်း စင်ကာပူနိုင်ငံဆိုင်ရာ တရုတ်သံရုံး၏ ဇူလိုင် ၂၃ ရက် ထုတ်ပြန်ချက်အရ သိရသည်။

ယင်း မူဝါဒသည် သာမန်နိုင်ငံကူးလက်မှတ်ကိုင်ဆောင်ထားသော စင်ကာပူနိုင်ငံသားများအား စီးပွားရေး၊ ခရီးသွားလာရေး၊ မိသားစုအလည်အပတ်ခရီးနှင့် ခရီးစဉ်အကူးအပြောင်း ဖြတ်သန်းသွားလာရေး များအတွက် တရုတ်နိုင်ငံသို့ ဝင်ရောက်ခွင့်ပြုမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

စင်္ကာပူနိုင်ငံသားများအား ထုတ်ပေးထားသည့် ဗီဇာများမှာ ဆက်လက် ရှိနေဦးမည်ဖြစ်ပြီး ဗီဇာလျှောက်လွှာများကို ပုံမှန်အတိုင်း လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

ဗီဇာကင်းလွတ်ခွင့်မူဝါဒကို ပြန်လည်ကျင့်သုံးခြင်းသည် နှစ်နိုင်ငံများအကြား ပြည်သူများနှင့် စီးပွားရေးစီးဆင်းမှုကို လွယ်ကူချောမွေ့စေပြီး နက်ရှိုင်းသော နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုအတွက် လမ်းဖွင့် ပေးခြင်းဖြစ်ကြောင်း စင်ကာပူနိုင်ငံခြားရေးဝန်ကြီးဌာနက လူမှုကွန်ယက်စာမျက်နှာတွင် ရေးသားခဲ့သည်။ (Xinhua)

……………………………..
(English Version)
China to resume visa-free policy for Singaporean citizens
SINGAPORE, July 23 (Xinhua) — The Chinese government will resume the 15-day visa-free policy for Singaporean citizens from Wednesday, according to a statement by the Chinese Embassy in Singapore Sunday.
The policy will allow Singaporean citizens holding ordinary passports to enter China for business, tourism, family visit and transit purposes, the statement said.
Visas which have been issued to Singaporean citizens are still valid, and visa applications that have been lodged will be processed normally, according to the statement.
Singapore’s foreign ministry said on social media that reinstating the visa-free policy will facilitate people and business flows between the countries and pave the way for deeper bilateral cooperation. Enditem
A rainbow appears in the sky above Singapore’s Marina Bay, on Aug. 24, 2020. (Photo by Then Chih Wey/Xinhua)