Connect with us

Videos

ကမ္ဘောဒီးယားနိုင်ငံ၌ အထွေထွေရွေးကောက်ပွဲ ကျင်းပ

ဖနွမ်းပင် ၊ ဇူလိုင် ၂၄ ရက်(ဆင်ဟွာ)

ကမ္ဘောဒီးယားနိုင်ငံ၌ သတ္တမအကြိမ်မြောက် အထွေထွေရွေးကောက်ပွဲကို ဇူလိုင် ၂၃ ရက်၌ စတင်ကျင်းပခဲ့ပြီး စုစုပေါင်းနိုင်ငံရေးပါတီ ၁၈ ခုမှ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြောင်း အမျိုးသားရွေးကောက်ပွဲကော်မတီ (NEC) ပြောခွင့်ရပုဂ္ဂိုလ် ၏ ပြောကြားချက်အရ သိရသည်။ငါးနှစ်လျှင် တစ်ကြိမ် ကျင်းပသည့် အထွေထွေရွေးကောက်ပွဲတွင် မဲထည့်ခွင့်ရှိသည့် မဲဆန္ဒရှင်ပြည်သူ ၉.၇ သန်းကျော်က အောက်လွှတ်တော်အမတ် ၁၂၅ နေရာအတွက် လွှတ်တော်အမတ်များကို မဲပေးရွေးခြယ်တင်မြှောက်ရန် မျှော်လင့်ထားကြကြောင်း သိရသည်။

“တစ်နိုင်ငံလုံးမှာရှိတဲ့ မဲရုံပေါင်း ၂၃,၇၈၉ မှာ ဒေသစံတော်ချိန် နံနက် ၇ နာရီမှာစတင်မဲပေးနိုင်ပြီး ညနေ ၃ နာရီမှာ မဲရုံပိတ်မှာ ဖြစ်ပါတယ်။”ဟု NEC ၏ အဖွဲ့ဝင်နှင့် ပြောရေးဆိုခွင့်ရှိသူ Dim Sovannarom ကဆင်ဟွာသို့ပြောသည်။

လွှတ်တော်ရွေးကောက်ပွဲ အကြိုရလဒ်များအား ဇူလိုင် ၂၃ ရက် ညနေပိုင်း နှင့် ဇူလိုင် ၂၄ ရက် နံနက်ပိုင်းတွင် ကြေညာနိုင်ဖွယ်ရှိပြီး တရားဝင်ရလဒ်များအား ဩဂုတ် ၉ ရက်၌ ထုတ်ပြန်မည်ဖြစ်သည်။
————————
General election held in Cambodia
The seventh general election kicked off in Cambodia on Sunday with a total of 18 political parties taking part in the race, a National Election Committee (NEC) spokesman said.
More than 9.7 million eligible voters are expected to cast their ballots in the election, which is held once every five years to elect the members of parliament for the 125-seat National Assembly.
“Polling began at 7:00 a.m. local time at all 23,789 polling stations across the country and is due to close at 3:00 p.m.,” NEC member and spokesman Dim Sovannarom told Xinhua.
The preliminary results are expected to be announced on Sunday evening and Monday morning, as the official ones will be released on August 9.
Xinhua News Agency correspondents reporting from Kandal, Cambodia.

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.