Connect with us

Videos

တရုတ်ကွန်မြူနစ်ပါတီ (၂၀) ကြိမ်မြောက် နိုင်ငံလုံးဆိုင်ရာပါတီညီလာခံက ကြီးကျယ်ခမ်းနားသော အခါသမယဟု ကင်ညာမီဒီယာများ ဖော်ပြ

နိုင်ရိုဘီ ၊ အောက်တိုဘာ ၂၀ ရက် (ဆင်ဟွာ)

ကင်ညာမီဒီယာများက တရုတ်ကွန်မြူနစ်ပါတီ (၂၀) ကြိမ်မြောက် နိုင်ငံလုံးဆိုင်ရာပါတီညီလာခံသည် ခေတ်မီခြင်းနှင့် ဂုဏ်သတင်းကြီးမားခြင်းဆီသို့ ခမ်းနားလှစွာ တက်လှမ်းနေသော တရုတ်နိုင်ငံအတွက် မော်ကွန်းဝင်အခါသမယအဖြစ် ချီးကျူးခဲ့ကြပါတယ်။ကင်ညာနိုင်ငံရဲ့ အကြီးဆုံးသတင်းစာဖြစ်တဲ့ Daily Nation ကတရုတ်ကွန်မြူနစ်ပါတီရဲ့ ခွန်အားနှင့် စည်းလုံးညီညွတ်မှုကို ပြသသော ညီလာခံဟု ဖော်ပြလျက်နိုင်ငံတကာသတင်းကဏ္ဍမှာ စာမျက်နှာအပြည့်ဆောင်းပါး ထည့်သွင်းဖော်ပြခဲ့ပါတယ်။

ကင်ညာလူမျိုးများသည် တရုတ်နိုင်ငံ၌ ဖြစ်ပေါ်နေသော အကြောင်းအရာများကို စိတ်အားထက်သန်စွာ စောင့်ကြည့်နေကြပြီး (၂၀) ကြိမ်မြောက် နိုင်ငံလုံးဆိုင်ရာပါတီညီလာခံက ကင်ညာနိုင်ငံအတွက် အရေးပါဆုံးဖြစ်ကြောင်း The Star newspaper က ထည့်သွင်းဖော်ပြခဲ့ပါတယ်။

တရုတ်နိုင်ငံက ရပ်ဝန်းနှင့်ပိုးလမ်း၊ တရုတ်-အာဖရိက ပူးပေါင်းဆောင်ရွက်မှုဖိုရမ်စတဲ့ စီမံကိန်းတွေဖြင့် ကမ္ဘာအတွက် ကြီးမားသော အခွင့်အလမ်းများကို ပံ့ပိုးနေပါတယ်။

ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှု စိန်ခေါ်မှုအမျိုးမျိုးနဲ့ ရင်ဆိုင်ရချိန် အာဖရိက-တရုတ် ပူးပေါင်းဆောင်ရွက်မှုက ကမ္ဘာအတွက် အရေးကြီးကြောင်း ဒေသကျွမ်းကျင်ပညာရှင်များက ဆိုပါတယ်။

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.