Connect with us

Videos

လွတ်လပ်၍အမှီအခိုကင်းသော ငြိမ်းချမ်းသည့် နိုင်ငံခြားရေးမူဝါဒကို ခိုင်မာစွာ ကျင့်သုံးပြီး ဗိုလ်ကျစိုးမိုးမှုဝါဒနှင့် အင်အားနိုင်ငံရေး ပုံစံမှန်သမျှကို ခိုင်မာစွာ ဆန့်ကျင်သွားမည်ဟု တရုတ်နိုင်ငံ ဒုတိယနိုင်ငံခြားရေးဝန်ကြီး ပြောကြား

ပေကျင်း၊ အောက်တိုဘာ ၂၀ ရက် (ဆင်ဟွာ)

တရုတ်ကွန်မြူနစ်ပါတီ (၂၀) ကြိမ်မြောက် နိုင်ငံလုံးဆိုင်ရာပါတီညီလာခံ သတင်းစာရှင်းလင်းပွဲကို အောက်တိုဘာ ၂၀ ရက်တွင် ကျင်းပခဲ့သည်။
အဆိုပါသတင်းစာရှင်းလင်းပွဲတွင် တရုတ်နိုင်ငံ ဗဟိုနိုင်ငံတကာဆက်ဆံရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး စန်ပေ့လိ၊ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပါတီကော်မတီဝင်နှင့်ဒုတိယဝန်ကြီး မာကျောရွှိတို့က “ရှီကျင့်ဖိန် သံတမန်ရေးအတွေးအခေါ်၏ရှေ့ဆောင်မှုဖြင့် တရုတ်သွင်ပြင်လက္ခဏာ နိုင်ငံကြီး သံတမန်ရေး ရှေ့သို့ တိုးချဲ့လျှောက်လှမ်းခြင်း”ဟူသော ခေါင်းစဉ်ဖြင့် သတင်းထောက်များနှင့်ပြောကြားခဲ့ကြောင်း သိရသည်။
တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ပါတီကော်မတီ၊ ဒုတိယနိုင်ငံခြားရေးဝန်ကြီး မာကျောရွှိက မိမိတို့အနေဖြင့် လွတ်လပ်၍အမှီအခိုကင်းသော ငြိမ်းချမ်းသည့် နိုင်ငံခြားရေးမူဝါဒကို ခိုင်မာစွာ ကျင့်သုံးသွားမည်ဖြစ်ကြောင်း၊ မိမိတို့သည် အင်အားကိုမကြောက်ရွံ့ဘဲ အမှန်တရားကို ကာကွယ်ထိန်းသိမ်းကာ ဗိုလ်ကျစိုးမိုးမှုဝါဒနှင့် အင်အားနိုင်ငံရေး ပုံစံမှန်သမျှကို ခိုင်မာစွာ ဆန့်ကျင်သွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။ (Xinhua)

—————————–
(电视通稿•今日新闻)马朝旭:坚定奉行独立自主的和平外交政策 坚决反对一切形式的霸权主义和强权政治

【解说】10月20日,中国共产党第二十次全国代表大会新闻中心举行记者招待会。中央对外联络部副部长沈蓓莉,外交部党委委员、副部长马朝旭围绕“习近平外交思想指引中国特色大国外交开拓前行”主题与记者交流。外交部党委委员、副部长马朝旭表示,我们坚定奉行独立自主的和平外交政策。我们不畏强权、维护正义,坚决反对一切形式的霸权主义和强权政治。
【同期】外交部党委委员、副部长 马朝旭
略。
新华社前方报道组 北京报道。(完)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.