Connect with us

Videos

တရုတ်လျှပ်စစ်ကား ပထမအသုတ် ဘက်ထရီ လဲလှယ်ရေးစခန်းများ စတင် တင်ပို့

တရုတ်လျှပ်စစ်ကား ထုတ်လုပ်သူ NIO ၏ ဟန်ဂေရီစက်ရုံမှ ပထမအသုတ် ဘက်ထရီ လဲလှယ်ရေးစခန်းများ စတင် တင်ပို့တရုတ် လျှပ်စစ်ကား ထုတ်လုပ်သူ NIO သည် ၎င်း၏ပထမဆုံး ပြည်ပစက်ရုံဖြစ်သော Power Europe Plant မှ ထုတ်လုပ်သည့် ပထမဆုံး ဘက်ထရီ လဲလှယ်ရေးစခန်း တင်ပို့မှု အထိမ်းအမှတ်အခမ်းအနားကို စက်တင်ဘာ ၁၆ ရက်က ဟန်ဂေရီနိုင်ငံ Biatorbagy မြို့တွင် ကျင်းပခဲ့သည်။

အဆိုပါ ဘက်ထရီ လဲလှယ်ရေးစခန်းကို ဂျာမနီနိုင်ငံသို့ တင်ပို့သွားမည် ဖြစ်ကြောင်း သိရသည်။NIO သည် ၎င်း၏ ဥရောပကွန်ရက်တစ်ခုလုံးအတွက် ဘက်ထရီလဲလှယ်ရေးစခန်းများကို ဟန်ဂေရီနိုင်ငံ ဘူဒါပတ်စ်မြို့ အနောက်ဘက် ၂၀ ကီလိုမီတာအကွာ၊ Biatorbagy မြို့ရှိ စတုရန်းမီတာ ၁၀,၀၀၀ ရှိသော ယင်းစက်ရုံသစ်မှ ပံ့ပိုးသွားမည်ဖြစ်ကြောင်း သိရသည်။

ဟန်ဂေရီ၏ စီးပွားရေးပတ်ဝန်းကျင်ကောင်းက ပြည်ပ ရင်းနှီးမြုပ်နှံသူများကို အားတက်စေကြောင်း၊ အစိမ်းရောင်ကဏ္ဍတွင် တရုတ်-ဟန်ဂေရီ ပူးပေါင်းဆောင်ရွက်မှု ထပ်မံတိုးမြှင့်နိုင်မည်ဟု မျှော်လင့်ကြောင်း ဟန်ဂရီနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံ စီပွားရေးသံမှူး လျိုပေါ်က အခမ်းအနားတွင် ပြောကြားခဲ့သည်။

ယခုနှစ် ဒုတိယနှစ်ဝက်တွင် NIO ၏ ဘက်စုံစွမ်းအင်ဝန်ဆောင်မှုများနှင့် မော်တော်ယာဉ်ထုတ်ကုန်ပစ္စည်းများကို ဂျာမနီ၊ နယ်သာလန်၊ ဆွီဒင်နှင့် ဒိန်းမတ်တို့တွင် ရရှိနိုင်တော့မည် ဖြစ်ကြောင်း ကုမ္ပဏီ၏ ကြေညာချက်အရ သိရသည်။ (Xinhua)

——————————-
Chinese EV maker NIO announces 1st shipment of battery swap station from plant in Hungary

Chinese electric vehicle (EV) maker NIO celebrated in Biatorbagy, Hungary on Friday the shipment of the first battery swap station produced by its Power Europe Plant, NIO’s first overseas plant.

The station will be sent to Germany.

NIO will supply battery swap stations to its entire European network from the new 10,000-square meter plant located in Biatorbagy, 20 km west of Budapest.

Liu Bo, economic and commerce counselor of the Chinese Embassy in Hungary said at the event that Hungary’s good business environment has encouraged foreign investments, expressing hope to further the cooperation between China and Hungary in green sectors.

According to a company statement, in the second half of this year, NIO’s comprehensive power services and vehicle products will become available in Germany, the Netherlands, Sweden and Denmark.

Produced by Xinhua Global Service