Videos
ကေဘယ်လ်ကားအတွင်းပိတ်မိနေသည့် ခရီးသွားဧည့်သည် ၁၈ဦးအား စွန့်စွန့်စားစားကယ်ဆယ်
ကွေ့ကျိုး၊ ဇူလိုင် ၃၀ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ကွေ့ကျိုးပြည်နယ် ကွေ့ယန်မြို့Qianlingshan ဥယျာဉ် ၌ ဓါတ်အားလိုင်းအပြစ်ဖြစ်ပွားမှုကြောင့် ကေဘယ်လ်ကားစီးနင်းသွားလာနေသည့် ခရီးသွား ၁၈ ဦးသည် လမ်းခရီးတစ်ဝက်တွင် ပိတ်မိနေခဲ့ကြသည်။
ထိုအစဥ် ဧည့်သည် ၅ ဦးသည် မြေပြင်မှ ၂၅ မီတာအမြင့်ရှိ ကေဘယ်လ်ကားအတွင်းပိတ်မိနေပြီး အနီးဆုံးမျှော်စင်သို့ ရောက်ရှိရန် မီတာ ၅၀ အကွာတွင်ရှိနေသည်။ ကယ်ဆယ်ရေးသမားများမှာ မျှော်စင်ပေါ်သို့တက်ရောက်ပြီးနောက် ကေဘယ်လ်ကားများဆီသို့ လျှောဆင်းကာ ခရီးသည် တစ်ဦးချင်းစီကို သက်စွန့်ဆံဖျားကယ်ဆယ်ခဲ့ရသည်။ ကယ်ဆယ်ရေးအဖွဲ့၏ ကြိုးပမ်းအားထုတ်မှုကြောင့် ခရီးသွား ၁၈ဦးစလုံးဘေးကင်းစွာဖြင့်မြေပြင်သို့ရောက်ရှိခဲ့ကြကြောင်း သိရသည်။
ကေဘယ်လ်ကားအတွင်းရှိ ခရီးသည်များကို စွန့်စားကယ်တင်ခဲ့ကြသည့် ကယ်ဆယ်ရေးသမားများ၏ ရုပ်သံဖိုင်ကိုတင်ဆက်ထားခြင်းဖြစ်ပါသည်။ (Xinhua)