Connect with us

Videos

ဗီဒီယိုရုပ်သံဖြင့် ကျင်းပသည့် တရုတ်ပြည်သူ့ လွတ်မြောက်ရေးတပ်မတော်ထူထောင်ခြင်း ၉၃ နှစ်မြောက် အခမ်းအနား (ရုပ်သံ)

ရန်ကုန် ဇူလိုင် ၃၀ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ ကျင်းပသည့် တရုတ် ပြည်သူ့လွတ်မြောက်ရေးတပ်မတော် ထူထောင်ခြင်း (၉၃) နှစ်မြောက် အခမ်းအနား သို့ မြန်မာ နိုင်ငံဆိုင်ရာ တရုတ် နိုင်ငံ သံအမတ်ကြီး ချန်းဟိုင် စစ်သံမှူး ရှုန်းဆောင်ဝေ မြန်မာ့တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံး မြန်မာ့တပ်မတော် ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ရေ၊လေ) ဗိုလ်ချုပ်ကြီးမြထွန်းဦး နှင့် အမှတ်() စစ်ဆင်ရေးအထူးအဖွဲ့မှူးတို့ ပါဝင်တက်ရောက် ခဲ့ကြောင်းသိရသည်။

မြန်မာနိုင်ငံဆိုင်ရာ တရုတ် နိုင်ငံ သံအမတ်ကြီးချန်းဟိုင် က အခမ်းအနား တွင် တရုတ် နိုင်ငံ အနေဖြင့် သမ္မတ ရှီကျင့်ဖိန် မြန်မာနိုင်ငံသို့ လာရောက်စဉ် က ထားရှိခဲ့သည့် သဘောတူညီချက်များအား မြန်မာ နိုင်ငံ သက်ဆိုင်ရာများနှင့် အနီးကပ် ညှိနှိုင်းဆောင်ရွက်မှုထားရှိကာ လက်တွေ့ အကောင်အထည်ဖော် ဆောင်ရွက်မှုများ ပြုလုပ်နေကြောင်း ၊ နှစ်နိုင်ငံ အတူတကွ ကြိုးပမ်းဆောင်ရွက်မှု အောက်တွင် သမိုင်းစာမျက်နှာသစ် ရေးထိုးသွားနိုင်မည် ကို ယုံကြည်ပြီး နှစ်နိုင်ငံစစ်ဘက်ဆိုင်ရာ တွန်းအားပေးဆောင်ရွက်မှု အောက်တွင် တရုတ်မြန်မာ အေးအတူပူအမျှ အသိုက်အဝန်း ကို တည်ဆောက်ရေး အတွက် တွန်းအားပေး ဆောင်ရွက် နိုင်မည် ဖြစ်ကြောင်း နှင့် ဒေသတွင်း တည်ငြိမ်အေးချမ်းရေး အတွက် ဆက်လက် ဆောင်ရွက်သွားမည် ကို ယုံကြည်ကြောင်း ပြောကြား ခဲ့သည်။

မြန်မာ နိုင်ငံ ဆိုင်ရာ တရုတ် နိုင်ငံ သံရုံး စစ်သံမှူး ရှုန်းဆောင်ဝေ က တရုတ် နိုင်ငံ စစ်တပ် အနေဖြင့် မြန်မာ နိုင်ငံ စစ်ဘက်ဆိုင်ရာ နှင့် လက်တွေ့ ပူးပေါင်းဆောင်ရွက်မှု အား ပိုမို နက်ရှိုင်းအောင် ဆောင်ရွက်သွားပြီး တရုတ်မြန်မာ ပူးပေါင်းဆောင်ရွက်မှုပေါ် တွန်းအားပေးနိုင်ရန် ဆောင်ရွက်သွားလိုကြောင်း ပြောကြား ခဲ့သည်။

မြန်မာ့တပ်မတော် ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ရေ၊လေ) ဗိုလ်ချုပ်ကြီးမြထွန်းဦး က မြန်မာ့တပ်မတော် အနေဖြင့် တရုတ် ပြည်သူ့ လွတ်မြောက်ရေး တပ်မတော် နှင့် ပူးပေါင်းဆောင်ရွက်မှု တိုးချဲ့ပြီး တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန် မြန်မာ နိုင်ငံ သို့ လာရောက် လည်ပတ်စဉ် က ရရှိခဲ့သည့် အောင်မြင်မှု ဖြစ်သော ရပ်ဝန်း နှင့် ပိုးလမ်းမ ပူးပေါင်းဆောင်ရွက်မှု အား တွန်းအားပေးဆောင်ရွက်ရန် နှင့် မြန်မာတရုတ် အေးအတူပူအမျှ အသိုက်အဝန်း တည်ဆောက်ရေး အတွက် အတူတကွ ကြိုးပမ်း ဆောင်ရွက်သွားလိုကြောင်း နှစ်နိုင်ငံ စစ်ဘက်ဆိုင်ရာ ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်ရန် အတွက် တွန်းအားပေး ဆောင်ရွက်သွားလိုကြောင်း ပြောကြား ခဲ့သည်။

အခမ်းအနား တွင် တရုတ်မြန်မာ နှစ်နိုင်ငံ သက်ဆိုင်ရာ တာဝန်ရှိသူများ က တရုတ် နိုင်ငံ စစ်တပ် နှင့် နှစ်နိုင်ငံ စစ်တပ် ပူးပေါင်းဆောင်ရွက်သည့် မှတ်တမ်းဗီဒီယို ဖိုင်အား ကြည့်ရှုအားပေးခဲ့ကြောင်း သိရှိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.