Connect with us

COVID-19 UPDATES

တရုတ်နိုင်ငံ ကပ်ရောဂါတိုက်ဖျက်ရေး အောင်မြင်မှုက ကမ္ဘာ့စီးပွားရေးပြန်လည်နိုးထလာစေရန်တွန်းအားပေး

တရုတ်နိုင်ငံမှ ကမ္ဘောဒီးယားနိုင်ငံသို့ ပံ့ပိုးသည့် ကိုဗစ်ကာကွယ်ဆေး ဖနွမ်းပင်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ၂၀၂၁ ခုနှစ် အောက်တိုဘာ ၁၄ ရက်က ရောက်ရှိစဉ်(ဆင်ဟွာ)

ပေကျင်း၊ ဖေဖော်ဝါရီ ၁၉ ရက် (ဆင်ဟွာ)

ဥရောပနှင့် အမေရိကရှိ နိုင်ငံအများအပြားက ကိုဗစ်ကပ်ရောဂါအပေါ် ကန့်သတ်ချက်များ ဖြေလျော့ခြင်း လုပ်ဆောင်နေစဉ် အမေရိကန်နိုင်ငံမှ Bloomberg သတင်းဌာန၊ The Wall Street Journal စသည့် အနောက်တိုင်း မီဒီယာများက “ကမ္ဘာက အဘယ်ကြောင့် တရုတ်နိုင်ငံ၏ ကိုဗစ်လုံးဝကင်းစင်ရေး မူဝါဒကို လိုအပ်ပါသလဲ” ၊ “တရုတ်နိုင်ငံ၏ ကိုဗစ်လုံးဝကင်းစင်ရေး မူဝါဒက အခြားနိုင်ငံများအတွက် သင်ခန်းစာများပါရှိ” စသည့် ဆောင်းပါးများကို ထုတ်ပြန်ခဲ့ပြီး တရုတ်နိုင်ငံ၏ ကပ်ရောဂါတိုက်ဖျက်ရေး အောင်မြင်မှုများက ကမ္ဘာကို အကျိုးပေးခဲ့ကြောင်း အသိအမှတ်ပြုခဲ့သည်။ ကပ်ရောဂါတိုက်ဖျက်ရေးတွင် တရုတ်နိုင်ငံ၏ အောင်မြင်မှုများသည် ကမ္ဘာကို အကျိုးပြုခဲ့ကြောင်း အတည်ပြုခဲ့သည်။ အမှန်တရား အချက်အလက်များက အငြင်းအခုန်ပြောဆိုမှုထက် ထိရောက်ကြောင်း၊ တရုတ်နိုင်ငံက ကပ်ရောဂါတိုက်ဖျက်ရေးတွင် ထူးထူးခြားခြား အောင်မြင်မှုရရှိခဲ့ပြီး ကမ္ဘာ့စီးပွားရေးပြန်လည်နိုးထရေးလုပ်ငန်းစဉ် တည်ငြိမ်စွာ အကောင်အထည်ဖော်ဆောင်ရွက်ခြင်းအား တွန်းအားပေးနေကြောင်း ဆင်ခြင်တုံတရားရှိသူများက တွေ့မြင်နိုင်သည်။

ဟဲဖေးမြောက်ပိုင်းဘူတာရုံ ကုန်ပစ္စည်းသယ်ယူပို့ဆောင်ရေးစခန်းမှ ထွက်ခွာမည့် တရုတ်-ဥရောပ ရထားကို ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ကမ္ဘာတစ်ဝန်း ကိုဗစ်ကပ်ရောဂါ ပြန့်ပွားလာချိန်မှစ၍ ကမ္ဘာ့စီးပွားရေး မတည်ငြိမ်မှုဖြစ်ပြီး မသေချာသော အကြောင်းရင်းများလည်းတိုးပွားလာခဲ့ကြောင်း၊ ကပ်ရောဂါထိန်းချုပ်ကာကွယ်ရေးနှင့် စီးပွားရေးပြန်လည်နိုးထခြင်းက နိုင်ငံအသီးသီး၏ တူညီသော စိန်ခေါ်မှုများဖြစ်လာခဲ့ကြောင်း၊ တရုတ်နိုင်ငံက ကပ်ရောဂါ ထိန်းချုပ်ကာကွယ်ရေးနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုတို့ကို ထိထိရောက်ရောက် ဆောင်ရွက်နိုင်ခဲ့ပြီး စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု လုပ်ဆောင်ချက်တွင် ဦးဆောင်သူအဖြစ် iPhone နှင့် Tesla လုပ်ငန်းများမှ ဓာတ်မြေသြဇာအထိ ကုန်ပစ္စည်းမျိုးစုံကို ကမ္ဘာတဝန်းသို့ တင်ပို့နိုင်ရန် ဆောင်ရွက်ကာ ကမ္ဘာ့စီးပွားရေး ပြန်လည်ဦးမော့လာစေရန် ပံ့ပိုးပေးခဲ့ကြောင်း သိရသည်။

တရုတ်နိုင်ငံက နိုင်ငံ၏ စီးပွားရေးတည်ငြိမ်စွာ ဖွံ့ဖြိုးတိုးတက်မှုကို အာမခံခြင်းဖြင့် ကမ္ဘာ့ကပ်ရောဂါတိုက်ဖျက်ရေးအတွက် ပံ့ပိုးကူညီနိုင်ကြောင်း နိုင်ငံတကာရှိ လူအများက ယုံကြည်ကြသည်။ တရုတ်နိုင်ငံတွင် ကပ်ရောဂါထိန်းချုပ်မှု တင်းတင်းကျပ်ကျပ်လုပ်ဆောင်မှုမရှိပါက ကူးစက်မှုနှင့် သေဆုံးမှု လျင်မြန်စွာ တိုးလာနိုင်ပြီး ကမ္ဘာ့လုံးဆိုင်ရာထောက်ပံ့ရေးကွင်းဆက်ကို ရပ်တန့်သွားစေနိုင်ကြောင်း၊ စားသုံးသူနှင့် ကုမ္ပဏီများအနေဖြင့်လည်း ထောက်ပံ့ရေးကွင်းဆက် ပြတ်တောက်မှုနှင့် စျေးနှုန်းမြင့်တက်မှုကို မလိုလားဘဲ တရုတ်ထုတ်ကုန်ပစ္စည်းများကို ဆက်လက်ဝယ်ယူလိုပါက တရုတ်နိုင်ငံတွင် ကိုဗစ်လုံးဝကင်းစင်ရေး မူဝါဒကို ဆက်လက်လုပ်ဆောင်ရန် ထောက်ခံသင့်ကြောင်း Bloomberg က ဆောင်းပါးတွင် ဖော်ပြခဲ့သည်။

အချိန် ၂ နှစ်တာကာလအတွင်း တရုတ်နိုင်ငံ၏ ကိုဗစ်ရောဂါလုံးဝကင်းစင်ရေး မူဝါဒက အခြားနိုင်ငံများ လိုလားသော သေဆုံးမှုနှုန်း ကျဆင်းခြင်းနှင့် စီးပွားရေး ထိခိုက်မှု အနည်းဆုံးဖြစ်သည့် အောင်မြင်မှု ပစ်မှတ်နှစ်ခုကို အကောင်အထည်ဖော်နိုင်ခဲ့ခြင်းဖြစ်ကြောင်း၊ အမေရိကန်နိုင်ငံက လတ်တလောကာလမှသာ ကိုဗစ်ရောဂါသက်ရောက်မှုကို ဖယ်ရှားနိုင်ပြီး ပုံမှန်ဘဝသို့ ရောက်ရှိခဲ့ရာ တရုတ်နိုင်ငံရှိ လူအများစုက ၂၀၂၀ ပြည့်နှစ်ကတည်းကပင် ပုံမှန်ဘဝသို့ ရောက်ရှိခဲ့ပြီးကြောင်း The Wall Street Journal ဆောင်းပါးတွင် ဖော်ပြထားသည်။

တရုတ်နိုင်ငံ၏ ပြည်တွင်း ကပ်ရောဂါထိန်းချုပ်မှုနှင့် စီးပွားရေးပြန်လည်ထူထောင်ရေးတွင် ရရှိသော အောင်မြင်မှုများကို နိုင်ငံတကာ အသိုက်အဝန်းက အသိအမှတ်ပြုခဲ့ပြီးဖြစ်ကြောင်း၊ “တရုတ်နိုင်ငံဟာ ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါတိုက်ဖျက်မှုရဲ့ စံနမူနာဖြစ်တယ်” ဟု အာဂျင်တီးနားနိုင်ငံ La Plata တက္ကသိုလ် တရုတ်နိုင်ငံလေ့လာရေးဌာနမှ သုတေသီ Sebastian Schultz က ပြောကြားခဲ့သည်။ တရုတ်နိုင်ငံသည် ကပ်ရောဂါကာလအတွင်း ပြည်ပနိုင်ငံများနှင့် ကုန်သွယ်ရေးဖလှယ်မှုများကို ဆက်လက်ထိန်းသိမ်းထားပြီး ကမ္ဘာ့ထောက်ပံ့ရေးကွင်းဆက်ကို တည်ငြိမ်စေရန် အရေးကြီးသော အခန်းကဏ္ဍမှ ပါဝင်ခဲ့ကြောင်း ၎င်းက ယူဆသည်။

တရုတ်နိုင်ငံ ကပ်ရောဂါတိုက်ဖျက်ရေး၏ ကမ္ဘာ့အကျိုးဆောင်မှုသည် အခြားနိုင်ငံများ၏ စီးပွားရေးပြန်လည်နိုးထမှုကို ပံ့ပိုးကူညီခြင်းဖြစ်ကြောင်း၊ တရုတ်နိုင်ငံသည် ပွင့်လင်းသည့် ပူးပေါင်းဆောင်ရွက်မှု သဘောထားဖြင့် နိုင်ငံတကာအသိုင်းအဝန်းသို့ ကာကွယ်ဆေးနှင့် ကပ်ရောဂါထောက်ပံ့ပစ္စည်းများ ပံ့ပိုးခဲ့ရာ ၂၀၂၁ ခုနှစ်အတွင်း တရုတ်နိုင်ငံက နိုင်ငံနှင့် အဖွဲ့အစည်းပေါင်း ၁၂၀ ကျော်အတွက် ကိုဗစ်ကာကွယ်ဆေး အလုံးရေ ၂ ဘီလီယံကျော် ပံ့ပိုးပေးခဲ့ပြီး နိုင်ငံခြားသို့ ကိုဗစ်ရောဂါကာကွယ်ဆေး ထောက်ပံ့မှု အများဆုံးနိုင်ငံဖြစ်ခဲ့သည်။

တရုတ်နိုင်ငံက ကိုဗစ်ရောဂါကာကွယ်ဆေးကို ကမ္ဘာ့ပြည်သူ့ထုတ်ကုန်ပစ္စည်းအဖြစ် ပထမဆုံးအဆိုပြုခြင်း၊ ကာကွယ်ဆေးမူပိုင်ခွင့်အား ကင်းလွတ်ခွင့်ကို ပထမဆုံးထောက်ခံခြင်း၊ ဖွံ့ဖြိုးဆဲနိုင်ငံများနှင့် ကာကွယ်ဆေးပူးပေါင်းထုတ်လုပ်မှု လုပ်ဆောင်ခဲ့သည့် ပထမဆုံးနိုင်ငံဖြစ်ရာ နိုင်ငံတကာ ကပ်ရောဂါတိုက်ဖျက်ရေး လုပ်ငန်းစဉ်တွင် ထိရောက်စွာ တွန်းအားပေးခဲ့ပြီး နိုင်ငံအသီးသီးအတွက် စီးပွားရေးပြန်လည်နိုးထရေး တွန်းအားပေးရာတွင်လည်း အပြုသဘောဆောင်သော အခန်းကဏ္ဍမှပါဝင်ခဲ့သည်။

ကပ်ရောဂါရိုက်ခတ်မှုအောက်တွင် တရုတ်နိုင်ငံသည် ပြည့်စုံပြီးကြီးမားသည့် ထုတ်လုပ်မှုစနစ်ဖြင့် ကမ္ဘာ့ထောက်ပံ့ရေးကွင်းဆက်ကို “ဖြည့်ဆည်း” ပေး၍ လျင်မြန်ပြီး ထိရောက်သည့် အပြန်အလှန် ချိတ်ဆက်ထားသော ကုန်ပစ္စည်းသယ်ယူပို့ဆောင်ရေးစနစ်က ကမ္ဘာ့စီးပွားရေးအသက်သွေးကြောကို “အားဖြည့်” ပေးကာ ကြီးမားပြီး တည်ငြိမ်စွာ တိုးတက်နေသည့် စျေးကွက်က ကမ္ဘာ့အသီးသီး စီးပွားရေးပြန်လည်နိုးထမှုအတွက် “ခွန်အား”ပေးခဲ့သည်။ တရုတ်နိုင်ငံတွင် ကိုဗစ်ရောဂါလုံးဝကင်းစင်ရေးမူဝါဒကို ကျင့်သုံးသည့် ကာလကြာလေ ၎င်းက ကမ္ဘာ့အခြားနိုင်ငံဒေသများအတွက် အကျိုးပြုနိုင်လေဖြစ်ကြောင်း Bloomberg က ဆောင်းပါးတွင် ဖော်ပြခဲ့သည်။

တရုတ်ကပ်ရောဂါတိုက်ဖျက်ရေး၏ ကမ္ဘာ့အကျိုးဆောင်မှုသည် ကပ်ရောဂါတိုက်ဖျက်ရေးနှင့် ဖွံ့ဖြိုးတိုးတက်မှု ဆိုင်ရာ ဉာဏ်ပညာများကို မျှဝေခြင်းဖြစ်ကြောင်း၊ နှစ် ၁၀၀ အပြောင်းအလဲနှင့် ရာစုနှစ်ကပ်ရောဂါ အခြေအနေအောက်တွင် တရုတ်နိုင်ငံသည် အခြေအနေအရ တက်ကြွစွာ တုန့်ပြန်ခဲ့ပြီး နိုင်ငံတကာ မက်ခရိုမူဝါဒ ညှိနှိုင်းဆောင်ရွက်မှုကို တွန်းအားပေးကာ နိုင်ငံတကာ ကပ်ရောဂါတိုက်ဖျက်ရေး ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရန်အတွက် အကြံပြုချက်များ ပေးခဲ့သည်။

“ရပ်ဝန်းနှင့်ပိုးလမ်မ” ကာကွယ်ဆေးပူးပေါင်းဆောင်ရွက်မှုမိတ်ဖက်ဆက်ဆံရေး အဆိုပြုချက်မှ ကိုဗစ်ကာကွယ်ဆေးပူးပေါင်းဆောင်ရွက်မှု နိုင်ငံတကာဖိုရမ်ကျင်းပခြင်းအထိ၊ “ကျန်းမာရေးဆိုင်ရာပိုးလမ်းမ”မှ “လူသားမျိုးနွယ် ကျန်းမာသော ကံကြမ္မာအကျိုးတူအသိုက်အဝန်း” အတူတည်ဆောက်ခြင်းအထိတိုင်အောင် တရုတ်နိုင်ငံအနေဖြင့် စစ်မှန်သော နိုင်ငံပေါင်းစုံမူဝါဒကို ခိုင်မာစွာလက်ကိုင်ပြုလျက် နိုင်ငံစုံ ပူးပေါင်းဆောင်ရွက်ရေးမူဘောင်အောက်ရှိ ကပ်ရောဂါတိုက်ဖျက်ရေး ပူးပေါင်းဆောင်ရွက်မှု ယန္တရားကိုထောက်ခံကြောင်း၊ ကမ္ဘာလုံးဆိုင်ရာဖွံ့ဖြိုးတိုးတက်မှုအတွက် ယုံကြည်မှုပြန်လည်တည်ဆောက်ရန် “အားအင်အရင်းအမြစ်” ထောက်ပံ့ပေးခဲ့ကြောင်း၊ အချိန်ကြာမြင့်သော ကမ္ဘာလုံးဆိုင်ရာ လက်တွေ့ကျသည့်လုပ်ဆောင်မှုများတွင် “ယုံကြည်မှုမဲ” ကို ကျယ်ကျယ်ပြန့်ပြန့်ရယူနိုင်ခဲ့ကြောင်း သိရသည်။

တရုတ်နိုင်ငံသည် ကပ်ရောဂါတိုက်ဖျက်ရေး ထောက်ပံ့ပစ္စည်းများ ပံ့ပိုးပေးခြင်း၊ ဆေးဘက်ဆိုင်ရာအဖွဲ့များ စေလွှတ်ခြင်းနှင့် ဗိုင်းရပ်စ်စမ်းသပ်ဓာတ်ခွဲခန်းများ တည်ဆောက်ပေးခြင်းတို့ဖြင့် အာရှ-ပစိဖိတ်ဒေသ ကပ်ရောဂါတိုက်ဖျက်ရေးနှင့် စီးပွားရေးပြန်လည်ထူထောင်ရေးတို့တွင် ပံ့ပိုးကူညီခဲ့ရာ နိုင်ငံကြီးတစ်နိုင်ငံ၏တာဝန်တတ္တရားကို ထမ်းဆာင်ခဲ့ကြောင်း အင်ဒိုနီးရှားနိုင်ငံ ပညာရှင်များအဖွဲ့ အာရှရေးရာ ဆန်းသစ်တီထွင်မှုလေ့လာရေးဌာန ၏ ဥက္ကဋ္ဌ Bambang Suryono က ပြောကြားခဲ့သည်။

ထို့ပြင် တန်ဇန်းနီးယားရှိ Dar es Salaam တက္ကသိုလ် တရုတ်နိုင်ငံလေ့လာရေးဌာနမှ ဒါရိုက်တာ Humphrey Mosey ကလည်း တရုတ်နိုင်ငံသည် နိုင်ငံတကာ ကူးစက်ရောဂါ တိုက်ဖျက်ရေး ပူးပေါင်းဆောင်ရွက်မှုတွင် အမြဲတက်ကြွစွာ ပါဝင်ဆောင်ရွက်ကြောင်း၊ နိုင်ငံအများအပြားသို့ ဆေးဘက်ဆိုင်ရာပစ္စည်းများနှင့် ကိုဗစ်ကာကွယ်ဆေးများ ပံ့ပိုးပေးခဲ့ကြောင်း၊ နိုင်ငံပေါင်းစုံဘက်ပေါင်းစုံမူဝါဒနှင့် စီးပွားရေး ဂလိုဘယ်လိုက်ဇေးရှင်းကို အားပေးထောက်ခံသူဖြစ်ကြောင်း ပြောကြားခဲ့သည်။

လက်ရှိကမ္ဘာလုံးဆိုင်ရာကိုဗစ်ကပ်ရောဂါသည် “အချိုးအကွေ့” သို့ရောက်ရှိခြင်း ရှိမရှိအပေါ် သိပ္ပံပညာအသိုင်းအဝိုင်းက မတူညီသောသဘောထားများ ရှိနေဆဲဖြစ်သည်။ အဓိက အခိုက်အတန့်ရောက်လာသည်နှင့်အမျှ မှန်ကန်သည့် လမ်းစဉ်ပေါ်သို့ ဦးဆောင်နိုင်ရန် လိုအပ်ကြောင်း၊ တရုတ်နိုင်ငံသည် ကိုဗစ်ရောဂါလုံးဝကင်းစင်ရေး မူဝါဒကို ခိုင်မာစွာကျင့်သုံးကာ စီးပွားရေးတည်ငြိမ်စွာ ပြန်လည်နိုးထလာပြီး နိုင်ငံတကာကပ်ရောဂါတိုက်ဖျက်ရေးပူးပေါင်းဆောင်ရွက်မှုကို တက်ကြွစွာလုပ်ဆောင်ခြင်းဖြင့် ကမ္ဘာ့စီးပွားရေးပြန်လည်နိုးထရန် တွန်းအားပေးသွားမည်ဖြစ်သည်။ (Xinhua)

…………………………………………
(Chinese Version)
(新华国际时评)中国抗疫成就助力世界经济复苏走稳走实
2022-02-18 17:20:02 分类: 宏观经济
新华社北京2月18日电题:中国抗疫成就助力世界经济复苏走稳走实
新华社记者王嘉伟
《为何全世界需要中国的“动态清零”政策》《中国的新冠感染“动态清零”政策包含对别国的教益》……在欧美多国逐步取消新冠疫情限制措施之际,美国彭博社、《华尔街日报》等西方媒体近来接连刊文,肯定中国抗疫成就令世界受益。事实胜于雄辩。理性人士都能看到,中国抗疫交出了不凡答卷,正助力世界经济复苏走稳走实。
新冠疫情肆虐全球以来,世界经济不稳定、不确定因素增加,统筹好疫情防控与经济复苏成为各国的共同挑战。中国有效统筹疫情防控与经济发展,率先赢取发展主动,确保了从苹果手机、特斯拉汽车到化肥等各类商品继续运往世界各地,为世界经济复苏作出贡献。
中国抗疫的世界贡献,在于确保自身稳定发展。越来越多国际人士认为,中国经济稳定本身就是对世界经济的贡献。彭博社文章指出,如果不采取严格防疫措施,中国新冠感染和死亡人数可能激增,进而导致全球供应链陷入停顿。“如果消费者和企业想继续购买中国制造的商品,而不必忍受供应短缺和价格的进一步上涨,就应该希望中国能继续奉行新冠‘动态清零’政策”。
《华尔街日报》文章认为,两年多来,中国“动态清零”政策实现了其他国家一直渴望的两个目标:低死亡率和经济干扰最小化。美国人现在刚刚开始摆脱新冠魔影回归正常生活,而大多数中国人早在2020年就已经如此了。
事实上,中国在控制国内疫情、促进经济复苏方面取得的成就早已得到国际社会公认。“中国是全球抗疫的模范,”阿根廷拉普拉塔大学中国研究中心研究员塞瓦斯蒂安•舒尔茨的评价很有代表性。舒尔茨认为,疫情期间中国与海外保持活跃的贸易往来,发挥着稳定全球供应链的作用。
中国抗疫的世界贡献,在于“赋能”他国经济复苏。中国以开放合作态度,尽己所能为国际社会提供疫苗和抗疫物资。仅2021年,中国就向120多个国家和国际组织提供超过20亿剂新冠疫苗,成为对外提供疫苗最多的国家。
最早提出将新冠疫苗作为全球公共产品、最早支持疫苗知识产权豁免、最早同发展中国家开展疫苗生产合作……中国有效推动国际抗疫进程,为各国实现经济平稳复苏发挥积极作用。
疫情冲击下,中国以规模可观、门类齐全的制造业体系为全球供应链产业链“补台”,以迅捷高效、互联互通的物流运输系统为世界经济动脉“输血”,以超大规模、增长强劲的市场为各国经济复苏“赋能”。正如彭博社文章所言,中国坚持“动态清零”政策的时间越长,它给世界其他地区带来的收益就越大。
中国抗疫的世界贡献,在于分享抗疫与发展智慧。百年变局和世纪疫情交织背景下,中国因时应势、主动应对,推动国际宏观政策协调,为推进抗疫国际合作出谋划策。
从共同发起“一带一路”疫苗合作伙伴关系倡议到召开新冠疫苗合作国际论坛,从携手各国共建“健康丝绸之路”到打造人类卫生健康共同体,中国坚持真正的多边主义,继续在力所能及范围内支持多边框架下的抗疫合作机制,为重振全球发展信心提供不竭的“动力源”,在日积月累的全球实践中赢得更广泛的“信任票”。
印度尼西亚智库亚洲创新研究中心主席班邦•苏尔约诺说,中国通过提供抗疫物资、派遣医疗队和援建病毒检测实验室等方式协助亚太多国抗疫,为亚太国家控制疫情和经济复苏作出贡献,展现大国担当。坦桑尼亚达累斯萨拉姆大学中国研究中心主任汉弗莱•莫西说,中国始终积极参与并推动国际抗疫合作,向多个国家援助医疗设备和新冠疫苗,是多边主义与经济全球化的倡导者与支持者。
当前全球新冠大流行是否走到“拐点”,科学界对此仍存争议。越是关键时刻,越要把准航向。中国坚持“动态清零”,经济稳步复苏,并积极开展国际抗疫合作,必将为世界经济复苏提供更稳健助力。(参与记者:谢昊、吴长伟、倪瑞捷、黎华玲、余谦梁、郑世波)(完)
图说1- 2021年10月14日,工作人员在柬埔寨金边国际机场运输中国政府援助柬埔寨的科兴新冠疫苗。(新华社记者毛鹏飞摄)
图说2- 2021年12月8日,在合肥北站物流基地,第2000列合肥中欧班列即将启程。(新华社记者周牧摄)

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.