Connect with us

COVID-19 UPDATES

အိုမီခရွန် မျိုးကွဲသစ် ကူးစက်မှု အရှိန်အဟုန် ပို၍မြန်ဆန်၊ ကမ္ဘာတစ်ဝန်း အသစ်ထပ်တိုး ကိုဗစ်အတည်ပြုလူနာဦးရေ ရက်သတ္တပတ် ၅ ပတ် ဆက်တိုက် မြင့်တက်လျက်ရှိ

တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့တွင် ဘတ်စ်ကားပေါ်၌ နှာခေါင်းစည်းတပ်ဆင်ထားသူများအား ဇူလိုင် ၁၂ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ပေကျင်း၊ ဇူလိုင် ၁၅ ရက် (ဆင်ဟွာ)

ကမ္ဘာတစ်ဝန်း ရက်သတ္တပတ်အလိုက် အသစ်ထပ်တိုးသည့် ကိုဗစ်အတည်ပြုလူနာဦးရေသည် ၅ ပတ်ဆက်တိုက် မြင့်မားနေကြောင်း၊ အထူးသဖြင့် သန္ဓေပြောင်း ကိုရိုနာဗိုင်းရပ်စ် အိုမီခရွန်မျိုးကွဲ BA.5 ၏ ကူးစက်မှု အရှိန်အဟုန်က ပို၍မြန်ဆန်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)၏ ဇူလိုင် ၁၃ ရက် ကိုဗစ်ကပ်ရောဂါ အပတ်စဉ် အစီရင်ခံစာ၌ ဖော်ပြထားသည်။ ကူးစက်လူနာများ အရှိန်အဟုန်ဖြင့် တစ်ကျော့ပြန်ဖြစ်ပွားလာခြင်းက ကပ်ရောဂါ ကာကွယ်တားဆီးရေးကို လျော့ရဲ၍မရသေးကြောင်း ဖော်ပြနေသည်ဟု နိုင်ငံအများအပြားမှ ကျန်းမာရေးဝန်ကြီးဌာနများက သတိပေးထားသည်။

အဆိုပါအစီရင်ခံစာမှာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ထုတ်ပြန်သော အစောင် ၁၀၀ မြောက် ကပ်ရောဂါအပတ်စဉ် အစီရင်ခံစာ ဖြစ်သည်။ ဇူလိုင် ၁၀ ရက်အထိ ရက်သတ္တပတ် တစ်ပတ်အတွင်း အသစ်ထပ်တိုးအတည်ပြုလူနာ ၅.၇ သန်းကျော်ရှိရာ ပြီးခဲ့သည့်ရက်သတ္တပတ်ထက် ၆ ရာခိုင်နှုန်းတိုးလာကြောင်းနှင့် သေဆုံးလူနာ ၉,၈၀၀ ခန့်ရှိရာ ၎င်းပမာဏ ပြီးခဲ့သည့်သီတင်းပတ်နှင့်တူညီကြောင်း ကိန်းဂဏန်းများတွင် ဖော်ပြထားသည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)၏ ကမ္ဘာတစ်ဝန်း ဒေသ ၆ ခု ခွဲကာ အပတ်စဉ်အစီရင်ခံမှုများအရ အနောက်ပစိဖိတ်ဒေသသည် ကူးစက်မှုအသစ် အတည်ပြုလူနာ အများဆုံးဖြစ်ပြီး ပြီးခဲ့သည့်ရက်သတ္တပတ်ကထက် ၂၈ ရာခိုင်နှုန်းထပ်တိုးလာကြောင်း၊ ကူးစက်မှုကျဆင်းခြင်းအများဆုံးမှာ အာဖရိကတိုက်ဒေသဖြစ်ပြီး ပြီးခဲ့သည့် ရက်သတ္တပတ်ကထက် ၃၃ ရာခိုင်နှုန်း ကျဆင်းသွားကြောင်း ၊ အရှေ့မြေထဲပင်လယ်ဒေသတွင် သေဆုံးလူနာထပ်တိုးမှုသည် ကမ္ဘာ့ထိပ်ဆုံးအဖြစ် ၇၈ ရာခိုင်နှုန်း မြင့်တက်ခဲ့ကာ သေဆုံးမှုကျဆင်းခြင်း အများဆုံးမှာမူ အာဖရိကတိုက်ဒေသဖြစ်၍ ၎င်း၏သေဆုံးလူနာဦးရေသည် ပြီးခဲ့သည့် ရက်သတ္တပတ်ကထက် ၁၇ ရာခိုင်နှုန်းကျဆင်းခဲ့ကြောင်း ဖော်ပြထားသည်။

ယခုရက်သတ္တပတ်၌ ကမ္ဘာတစ်ဝန်း နိုင်ငံနှင့်ဒေသအသီးသီးမှ အကြောင်းကြားသည့် ကူးစက်မှုအသစ် ကိုဗစ်အတည်ပြုလူနာဦးရေ အများဆုံးဖြစ်သည့် နိုင်ငံများမှာ ပြင်သစ်၊ အမေရိကန်၊ အီတလီ၊ ဂျာမနီနှင့် ဘရာဇီးတို့ ဖြစ်ကြောင်း သိရသည်။

အိုမီခရွန်သည် ကမ္ဘာတစ်ဝန်း အဓိက ကူးစက်သည့် ကိုရိုနာဗိုင်းရပ်စ်အမျိုးအစား ဖြစ်နေဆဲပင် ဖြစ်သည်။ GISAID ပလက်ဖောင်းသည် ဇူလိုင် ၁၀ ရက်အထိ ရက်ပေါင်း ၃၀ အတွင်း ကိုရိုနာဗိုင်းရပ်စ်မျိုးရိုးဗီဇအစီအစဉ် အချက်အလက် ၁၅၉,၈၄၈ ခု လက်ခံရရှိခဲ့သည်။ ယင်းအချက်အလက်များ၌ ဖော်ပြထားသည်မှာ ၈၄ ရာခိုင်နှုန်းသည် အိုမီခရွန်ကူးစက်မှုဖြစ်သည်ကို အတည်ပြုထားပြီဖြစ်ရာ ၎င်းတို့အနက် BA.5 နှင့် BA.4 ၏ အချိုးအစားက ဆက်တိုက်မြင့်တက်လျက်ရှိကြောင်း သိရသည်။ ဇွန် ၁၉ ရက်မှ ဇွန် ၂၅ ရက်အထိနှင့် ဇွန် ၂၆ ရက်မှ ဇူလိုင် ၇ ရက်အထိ ကာလနှစ်ခုအစီရင်ခံစာ၏ ဗိုင်းရပ်စ်မျိုးရိုးဗီဇအစီအစဉ် နှိုင်းယှဉ်ကြည့်မည်ဆိုလျှင် BA.5 မျိုးကွဲ၏အချိုးအစားက ၄၂ ရာခိုင်နှုန်းမှ ၅၀ ရာခိုင်နှုန်းသို့ လည်းကောင်း၊ BA.4 မျိုးကွဲက ၁၁ ရာခိုင်နှုန်းမှ ၁၄ ရာခိုင်နှုန်းသို့ လည်းကောင်း တိုးလာပြီး ယင်းကာလတူတွင်ပင် BA.2 မျိုးကွဲ၏အချိုးအစားက ၇ ရာခိုင်နှုန်းမှ ၄ ရာခိုင်နှုန်းသို့ လည်းကောင်း၊ BA.2.12.1 မျိုးကွဲက ၁၃ ရာခိုင်နှုန်းမှ ၇ ရာခိုင်နှုန်းသို့ လည်းကောင်း အသီးသီးကျဆင်းသွားကြောင်း သိရသည်။

နိုင်ငံအများအပြား၏ ကျန်းမာရေးဝန်ကြီးဌာနများက ကပ်ရောဂါတစ်ကျော့ပြန်လည်ဖြစ်ပွားလာမှုကို အတည်ပြုခဲ့သည်။ ဆလိုဗေးနီးယားတွင် ဇူလိုင် ၁၂ ရက်က ကူးစက်မှုအသစ် ကိုဗစ်အတည်ပြုလူနာ ၂,၃၈၀ ဦးရှိရာ ၃ လကြာကာလ၌ အမြင့်ဆုံးအနေဖြင့် လည်းကောင်း၊ တောင်ကိုရီးယားတွင် ဇူလိုင် ၁၃ ရက် ထုတ်ပြန်ချက်များအရ တစ်ရက်အတွင်း ကူးစက်မှုအသစ် ကိုဗစ်အတည်ပြုလူနာ ၄ သောင်းကျော်ရှိရာ ၂ လကြာ ကာလ အမြင့်ဆုံးမှတ်တမ်းအနေဖြင့် လည်းကောင်း၊ ဂျပန်တွင် ဇူလိုင် ၁၄ ရက် ထုတ်ပြန်မှုများအရ ကူးစက်မှုအသစ် အတည်ပြုလူနာ ၁ သိန်း နီးပါးရှိရာ ယခုကာလများ၌ တစ်ရက်အတွင်းအတည်ပြုလူနာ အများဆုံးနီးပါး ဖြစ်ခဲ့ကြောင်း သိရသည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)၏ ဇူလိုင် ၁၃ ရက် ထုတ်ပြန်သော ကိန်းဂဏန်းများတွင် ကမ္ဘာတစ်ဝန်း ကိုဗစ်အတည်ပြုလူနာဦးရေသည် ပြီးခဲ့သည့်ရက်ကထက် ၉၈၀,၆၉၁ ဦး ထပ်တိုးလာပြီး စုစုပေါင်း အတည်ပြုလူနာဦးရေ ၅၅၅,၄၄၆,၈၉၀ ဦး ၊ ထပ်တိုးသေဆုံးသည့် လူနာ ၁,၃၂၁ ဦးရှိပြီး စုစုပေါင်း သေဆုံးသူ ၆,၃၅၃,၆၉၂ ဦး ရှိကြောင်း ဖော်ပြထားသည်။

ကပ်ရောဂါအခြေအနေ အပြောင်းအလဲကို ရင်ဆိုင်ရာတွင် အချို့နိုင်ငံများက ပြည်သူလူထုအား ပေါ့ပေါ့လျော့လျော့မနေကြရန် သတိပေးထားပြီး သက်ဆိုင်သည့် ကပ်ရောဂါကာကွယ်ထိန်းချုပ်ရေးနည်းလမ်းများကို သတ်မှတ်ထားသည်။ ဘရာဇီး၊ အီတလီ၊ ဆိုက်ပရပ်စ် စသည့်နိုင်ငံများက အချို့နေရာများ၌ နှာခေါင်းစည်းတပ်ရမည့် တင်းကျပ်သည့်စည်းကမ်းများ ထုတ်ပြန်ထားပြီး ပီရူး၊ အစ္စရေးစသည့်နိုင်ငံများကလည်း ကာကွယ်ဆေးထိုးနှံမှုများ အရှိန်အဟုန်မြှင့်လုပ်ဆောင်နေကြောင်း သိရသည်။ (Xinhua)

………………………….
(Chinese Version)
综合消息:奥密克戎新亚型传播加速 全球每周新增新冠确诊病例数连续5周攀升

2022-07-14 20:38:36
新华社北京7月14日电综合新华社驻外记者报道:世界卫生组织13日发布的新冠疫情周报显示,全球每周的新增确诊病例数已连续第5周攀升,尤其是变异新冠病毒奥密克戎毒株新亚型BA.5的传播在加速。多国卫生部门警告,病例数迅速反弹意味着防疫不容松懈。
这是世卫组织发布的第100份疫情周报。数据显示,截至10日的一周内新增确诊病例超过570万例,比前一周增长6%;新增死亡约9800例,基本与前一周持平。
周报显示,在世卫组织划分的全球6大区域中,西太平洋地区新增确诊病例数上升最多,比前一周增加了28%;下降最多的是非洲地区,比前一周下降33%;东地中海地区新增死亡病例数增加了78%,居全球之首,下降最多的是非洲地区,死亡病例数比前一周下降了17%。
这一周,全球各国和地区报告的新增确诊病例数中,排在前列的国家是法国、美国、意大利、德国和巴西。
奥密克戎毒株依旧是全球最主要流行的毒株。“流感数据共享全球倡议”平台在截至10日的30天内,收到159848条新冠病毒基因组序列信息。数据显示,这些序列中,已有84%确认是奥密克戎毒株,其中BA.5和BA.4亚型所占比例持续上升。对比6月19日至6月25日以及6月26日至7月7日期间报告的病毒基因组序列可以发现,BA.5亚型占比从42%增加到50%,BA.4亚型占比从11%增加到14%;同期,BA.2亚型占比从7%下降到4%,BA.2.12.1亚型占比从13%下降到7%。
多国卫生部门已确认疫情出现反弹:斯洛文尼亚12日新增新冠确诊病例2380例,达到三个月以来的最高;韩国13日报告单日新增确诊病例超过4万例,为两个月来最高纪录;日本14日报告新增确诊病例近10万例,已接近单日新增确诊病例的最高纪录。
世卫组织13日公布的数据显示,全球较前一日新增新冠确诊病例980691例,累计确诊555446890例;新增死亡病例1321例,累计死亡6353692例。
面对疫情的新变化,一些国家已告诫民众不要放松警惕,并制定相应的防疫措施。巴西、意大利、塞浦路斯等国近日对一些场所采取更严格的戴口罩要求;秘鲁、以色列等国采取更积极的措施来加强疫苗接种。(完)
图说1: 7月12日,在韩国首尔,乘客佩戴口罩乘坐公交车。 新华社记者 王益亮 摄