Connect with us

China

ယခုနှစ် ပထမ သုံးလပတ်ကာလများတွင် တရုတ်နိုင်ငံ၏ GDP က ပြီးခဲ့သည့်နှစ်ကာလတူများထက် ၄.၈ ရာခိုင်နှုန်းတိုးတက်လာ

တရုတ်နိုင်ငံ ဆန်းတုန်းပြည်နယ် Caoxian Ailun Metal Processing Limited Company ထုတ်လုပ်ရေးလိုင်း၌ ကြေးပိုက်ကုန်ချောများ ထုတ်လုပ်လုပ်ရေးတွင် လုပ်ကိုင်နေသည့် အလုပ်သမားတစ်ဦးအား ၂၀၂၄ ခုနှစ် စက်တင်ဘာ ၂၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ အောက်တိုဘာ ၂၁ ရက် (ဆင်ဟွာ)
ကနဦးတွက်ချက်မှုများအရ ယခုနှစ် ပထမ သုံးလပတ်ကာလများတွင် တရုတ်နိုင်ငံ၏ ပြည်တွင်းအသားတင်ထုတ်လုပ်မှုတန်ဖိုး (GDP) မှာ ယွမ် ၉၄,၉၇၄.၆ ဘီလီယံရှိကြောင်း၊ ယေဘုယျသတ်မှတ်ဈေးနှုန်းအရ တွက်ချက်လျှင် ပြီးခဲ့သည့်နှစ်ကာလတူများထက် ၄.၈ ရာခိုင်နှုန်း တိုးတက်လာပြီး နိုင်ငံ၏လူမှုစီးပွားကဏ္ဍလည်ပတ်မှုမှာ တည်ငြိမ်စွာ တိုးတက်လျက်ရှိရာ အကောင်းဘက်သို့ ဦးတည်သည့်အကြောင်းတရား များလာကြောင်း တရုတ်နိုင်ငံ အမျိုးသားစာရင်းအင်းဗျူရို၏ အောက်တိုဘာ ၁၈ ရက်က ထုတ်ပြန်သည့် ကိန်းဂဏန်းများတွင် ဖော်ပြထားသည်။
ထုတ်လုပ်မှုလုပ်ငန်းအမျိုးအစားအရ ကြည့်မည်ဆိုလျှင် ပထမ ထုတ်လုပ်မှုလုပ်ငန်းမှာ ထပ်တိုးတန်ဖိုး ယွမ် ၅,၇၇၃.၃ ဘီလီယံဖြင့် ပြီးခဲ့သည့်နှစ်ကာလတူထက် ၃.၄ ရာခိုင်နှုန်း၊ ဒုတိယ ထုတ်လုပ်မှုလုပ်ငန်းမှာ ထပ်တိုးတန်ဖိုး ယွမ် ၃၆,၁၃၆.၂ ဘီလီယံဖြင့် ၅.၄ ရာခိုင်နှုန်း၊ တတိယ ထုတ်လုပ်မှုလုပ်ငန်းမှာ ယွမ် ၅၃,၀၆၅.၁ ဘီလီယံဖြင့် ၄.၇ ရာခိုင်နှုန်းတိုးတက်လာခဲ့သည်။ သုံးလပတ်တစ်ကြိမ် ကာလခွဲခြားကြည့်မည်ဆိုလျှင် ပထမ သုံးလပတ်၏ GDP မှာ ပြီးခဲ့သည့် ကာလတူထက် ၅.၃ ရာခိုင်နှုန်း ၊ ဒုတိယ သုံးလပတ်တွင် ၄.၇ ရာခိုင်နှုန်း၊ တတိယ သုံးလပတ်တွင် ၄.၆ ရာခိုင်နှုန်း တိုးတက်လာခဲ့သည်။ ပြီးခဲ့သည့်ကာလများနှင့်နှိုင်းယှဉ်မှုကို ကြည့်မည်ဆိုလျှင် သုံးလပတ်ကာလ သုံးခု၏ GDP မှာ ၀.၉ ရာခိုင်နှုန်း တိုးမြင့်လာပေသည်။

လယ်ယာထုတ်ကုန်အခြေအနေ ပိုမိုကောင်းမွန်မှု၊ စက်မှုလုပ်ငန်း ထုတ်လုပ်မှု တည်ငြိမ်စွာ တိုးတက်မှု၊ ဝန်ဆောင်မှုလုပ်ငန်း ဆက်တိုက်ပြန်လည်ကောင်းမွန်လာမှု ရှိပေသည်။ ပထမ သုံးလပတ်ကာလများတွင် လယ်ယာကဏ္ဍ (စိုက်ပျိုးရေးလုပ်ငန်း) ၏ ထပ်တိုးတန်ဖိုးမှာ ပြီးခဲ့သည့်နှစ်ကာလတူထက် ၃.၇ ရာခိုင်နှုန်းတိုးတက်လာသည်။ တစ်နိုင်ငံလုံးတွင် နွေစပါး၊ ကောက်လျင်စပါး အထွက်ပမာဏ တန်ချိန် ၁၇၇.၉၅ သန်း ရှိရာ ပြီးခဲ့သည့်နှစ်ထက် တန်ချိန် ၃.၄၆ သန်း များလာပြီး ၂.၀ ရာခိုင်နှုန်းတိုးလာသည်။ တစ်ပြည်လုံးအတိုင်းအတာနှင့်အထက်ရှိသော စက်မှုလုပ်ငန်းများ ထပ်တိုးတန်ဖိုးမှာ ပြီးခဲ့သည့်နှစ် ကာလတူထက် ၅.၈ ရာခိုင်နှုန်းတိုးခဲ့သည်။ စွမ်းအင်သစ်မော်တော်ယာဉ်၊ အိုင်စီပတ်လမ်း (integrated circuit)၊ 3D ပုံနှိပ်စက် ထုတ်ကုန် ထုတ်လုပ်မှုပမာဏမှာ ပြီးခဲ့သည့်နှစ်ကာလတူများထက် ၃၃.၈ ရာခိုင်နှုန်း၊ ၂၆ ရာခိုင်နှုန်း၊ ၂၅.၄ ရာခိုင်နှုန်း အသီးသီး တိုးတက်လာခဲ့သလို ဝန်ဆောင်မှုလုပ်ငန်း၏ ထပ်တိုးတန်ဖိုးမှာ ပြီးခဲ့သည့်နှစ်ကာလတူထက် ၄.၇ ရာခိုင်နှုန်း တိုးလာခြင်း ဖြစ်သည်။
ဈေးကွက်အရောင်းအဝယ်မှာ တည်ငြိမ်စွာ တိုးတက်ခဲ့သလို မရွှေ့ပြောင်းနိုင်သော ပစ္စည်း ရင်းနှီးမြှုပ်နှံမှုပမာဏမှာ ဆက်လက်ကျယ်ပြန့်ကြီးမားလာသည်။ ပထမ သုံးလပတ် ကာလများတွင် လူသုံးကုန်ပစ္စည်းလက်လီအရောင်းပမာဏမှာ ယွမ် ၃၅,၃၅၆.၄ ဘီလီယံ ရှိရာ ပြီးခဲ့သည့်နှစ် ကာလတူထက် ၃.၃ ရာခိုင်နှုန်းတိုးတက်လာခဲ့သည်။ တစ်နိုင်ငံလုံးရှိ မရွှေ့ပြောင်းနိုင်သောရင်းနှီးမြှုပ်နှံမှုပမာဏာ (လယ်ယာကဏ္ဍ မပါဝင်) မှာ ယွမ် ၃၇,၈၉၇.၈ ဘီလီယံ ဖြစ်ပြီး ပြီးခဲ့သည့်နှစ်ကာလတူထက် ၃.၄ ရာခိုင်နှုန်း တိုးလာပြီး အိမ်ခြံမြေဖွံ့ဖြိုးတိုးတက်ရေး ရင်းနှီးမြှုပ်နှံမှုကို ဖယ်ရှားလိုက်ပါက တစ်နိုင်ငံလုံးရှိ မရွှေ့ပြောင်းနိုင်သော ရင်းနှီးမြှုပ်နှံမှုမှာ ၇.၇ ရာခိုင်နှုန်း တိုးလာခဲ့သည်။

ကုန်ပစ္စည်း တင်သွင်း၊ တင်ပို့မှုများ လျင်မြန်စွာတိုးတက်လာရာ ကုန်သွယ်ရေးဖွဲ့စည်းပုံ ဆက်တိုက်ကောင်းမွန်လာခဲ့ပေသည်။ ပထမ သုံးလပတ်ကာလများတွင် သွင်းကုန်၊ ပို့ကုန် စုစုပေါင်းပမာဏမှာ ယွမ် ၃၂,၃၂၅.၂ ဘီလီယံ ရှိပြီး ပြီးခဲ့သည့်နှစ်ကာလတူထက် ၅.၃ ရာခိုင်နှုန်း တိုးတက်ခဲ့သည်။ ၎င်းတို့အနက် ပို့ကုန်မှာ ယွမ် ၁၈,၆၁၄.၇ ဘီလီယံဖြင့် ၆.၂ ရာခိုင်နှုန်း၊ သွင်းကုန်မှာ ယွမ် ၁၃,၇၁၀.၄ ဘီလီယံဖြင့် ၄.၁ ရာခိုင်နှုန်း တိုးလာခြင်း ဖြစ်သည်။ သွင်းကုန်ထုတ်ကုန် မျှတ၍ ကုန်သွယ်ရေးပိုငွေ ယွမ် ၄,၉၀၄.၃ ဘီလီယံ ရှိသည်။

စားသုံးသူဈေးဆနှုန်း (CPI) အတန်အသင့် မြင့်တက်ပြီး အလုပ်အကိုင်အခြေအနေ ယေဘုယျအားဖြင့် တည်ငြိမ်ခဲ့သည်။ ပထမ သုံးလပတ် ကာလများတွင် တစ်နိုင်ငံလုံးအတိုင်းအတာ စားသုံးသူဈေးဆနှုန်း (CPI) မှာ ပြီးခဲ့သည့်နှစ်ကာလတူထက် ၀.၃ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး ထိုမြင့်တက်မှုနှုန်းက ပထမနှစ်ဝက်ထက် ၀.၂ ရာခိုင်နှုန်းပွိုင့် ပိုတိုးလာပါသည်။ စားသောက်ကုန်နှင့် စွမ်းအင် ဈေးနှုန်းမပါသော အဓိက CPI မှာ ပြီးခဲ့သည့်နှစ်ကာလတူထက် ၀.၅ ရာခိုင်နှုန်း တက်လာသည်။ တစ်နိုင်ငံလုံးဆိုင်ရာ မြို့ပြအလုပ်လက်မဲ့နှုန်း ပျမ်းမျှ တန်ဖိုးမှာ ၅.၁ ရာခိုင်နှုန်းဖြစ်ပြီး ယမန်နှစ်အလားတူကာလထက် ရာခိုင်နှုန်းပွိုင့် ၀.၂ ကျဆင်းခဲ့သည်။
ထို့အပြင် အရပ်သားဝင်ငွေ ဆက်လက်တိုးတက်မှု ရှိခဲ့သည်။ ပထမ သုံးလပတ် ကာလများတွင် တရုတ်တစ်နိုင်ငံလုံး၏ အရပ်သားတစ်ဦးလျှင် ပျမ်းမျှတစ်ခါသုံးဝင်ငွေ ၃၀,၉၄၁ ယွမ် ရှိရာ ပြီးခဲ့သည့်နှစ်ကာလတူထက် စီးပွားရေးတိုးတက်မှု ၅.၂ ရာခိုင်နှုန်း ရှိပြီး ဈေးနှုန်းအကြောင်းအရင်းများကို ဖယ်ရှားလိုက်ပါက လက်တွေ့တိုးတက်မှု ၄.၉ ရာခိုင်နှုန်း ရှိခဲ့သည်။

တရုတ် အမျိုးသား စာရင်းအင်းဗျူရို ဒုတိယအကြီးအကဲ စိန့်လိုင်ယွင့်က တရုတ်နိုင်ငံ၏ ပထမ သုံးလပတ် ကာလများ၏ စီးပွားရေးမှာ ယေဘုယျအားဖြင့် တည်ငြိမ်နေသည့် တစ်ချိန်တည်းတွင်ပင် တိုးတက်မှု ရှိကြောင်း၊ မူဝါဒ ထိရောက်မှုများက စဉ်ဆက်မပြတ် ပေါ်လွင်လာခဲ့ရာ အဓိက စီးပွားရေးအညွှန်းကိန်းများမှာ ယခုကာလများတွင် အားတက်ဖွယ်ပြောင်းလဲမှုများ ရှိကြောင်း ပြောကြားခဲ့သည်။ တစ်ချိန်တည်းတွင်ပင် ပြင်ပပတ်ဝန်းကျင် ပိုမို ရှုပ်ထွေးဆိုးရွားလာသည်ကို တွေ့မြင်ရရာ စီးပွားရေး အကောင်းဘက်သို့ ဦးမော့တိုးတက်နေမှုအခြေခံကို ခိုင်မာအောင် ဆောင်ရွက်ရန် လိုအပ်ဆဲဖြစ်ကြောင်း၊ နောက်တစ်ဆင့်အနေဖြင့် ပါတီဗဟိုကော်မတီ၊ နိုင်ငံတော်ကောင်စီ၏ ဆုံးဖြတ်ချက်မူဝါဒများကို စီမံခန့်ခွဲရမည် ဖြစ်ပြီး လက်ရှိအခြေအနေအား စီမံ၊ ချိန်ညှိ၍ ကောင်းမွန်အောင် ဆောင်ရွက်သည့် မူဝါဒနှင့် ထပ်တိုးအခြေအနေများအား စနစ်တကျ ချိန်ညှိဆောင်ရွက်သည့် မူဝါဒကို ဟန်ချက်ညီညီ အားထုတ်ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ ကဏ္ဍစုံမူဝါဒများကို လျင်မြန် ထိရောက်စွာ ဖော်ဆောင်ရေး တွန်းအားပေးကာ တစ်နှစ်ပတ်လုံး လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက်တာဝန်ကို ပြီးမြောက်အောင် ကြိုးပမ်းဆောင်ရွက်သွားရမည် ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။ (Xinhua)


…………………………….
(Chinese Version)
今年前三季度中国GDP同比增长4.8%
新华社北京10月18日电(记者韩佳诺、潘洁)国家统计局18日发布数据显示,初步核算,前三季度中国国内生产总值(GDP)949746亿元,按不变价格计算,同比增长4.8%,国民经济运行稳中有进,向好因素累积增多。
分产业看,第一产业增加值57733亿元,同比增长3.4%;第二产业增加值361362亿元,增长5.4%;第三产业增加值530651亿元,增长4.7%。分季度看,一季度GDP同比增长5.3%,二季度增长4.7%,三季度增长4.6%。从环比看,三季度GDP增长0.9%。
农业生产形势较好,工业生产平稳增长,服务业持续恢复。前三季度,农业(种植业)增加值同比增长3.7%。全国夏粮早稻产量合计17795万吨,比上年增加346万吨,增长2.0%。全国规模以上工业增加值同比增长5.8%。新能源汽车、集成电路、3D打印设备产品产量同比分别增长33.8%、26.0%、25.4%。服务业增加值同比增长4.7%。
市场销售保持增长,固定资产投资规模继续扩大。前三季度,社会消费品零售总额353564亿元,同比增长3.3%。全国固定资产投资(不含农户)378978亿元,同比增长3.4%;扣除房地产开发投资,全国固定资产投资增长7.7%。   货物进出口较快增长,贸易结构持续优化。前三季度,货物进出口总额323252亿元,同比增长5.3%。其中,出口186147亿元,增长6.2%;进口137104亿元,增长4.1%。进出口相抵,贸易顺差49043亿元。
居民消费价格温和上涨,就业形势总体稳定。前三季度,全国居民消费价格指数(CPI)同比上涨0.3%,涨幅比上半年扩大0.2个百分点。扣除食品和能源价格后的核心CPI同比上涨0.5%。全国城镇调查失业率平均值为5.1%,比上年同期下降0.2个百分点。
居民收入继续增长。前三季度,全国居民人均可支配收入30941元,同比名义增长5.2%,扣除价格因素实际增长4.9%。
国家统计局副局长盛来运表示,中国前三季度经济运行总体平稳、稳中有进,政策效应不断显现,主要经济指标近期出现积极变化。同时也要看到,外部环境更趋复杂严峻,经济回升向好基础仍需巩固。下阶段,要认真落实党中央、国务院决策部署,强化存量政策和增量政策协同发力,推进各项政策加快落地见效,努力完成全年经济社会发展目标任务。(完)
1. 9月27日,工人在山东省曹县爱伦金属加工有限公司生产线加工精密铜管。新华社记者 郭绪雷 摄