Connect with us

International Organizations

နိုင်ငံတကာ အကြမ်းဖက်မှုတိုက်ဖျက်ရေးတွင် ကုလသမဂ္ဂ၏အချက်အချာကျသည့် ညှိနှိုင်းမှု အခန်းကဏ္ဍကို ကာကွယ်ထိန်းသိမ်းမြှင့်တင်သင့်ကြောင်း တရုတ်ကိုယ်စားလှယ် ပြောကြား

နယူးယောက်မြို့ရှိ ကုလသမဂ္ဂရုံးချုပ်တွင် လုံခြုံရေးကောင်စီ “ကုလသမဂ္ဂနှင့် အာဖရိကသမဂ္ဂ ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ” တံခါးဖွင့်ဆွေးနွေးပွဲ ကျင်းပနေသည်ကို ၂၀၂၄ ခုနှစ် အောက်တိုဘာ ၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ကုလသမဂ္ဂ၊ အောက်တိုဘာ ၄ ရက် (ဆင်ဟွာ)
လုံခြုံရေးကောင်စီနှင့် ကုလသမဂ္ဂ အထွေထွေညီလာခံ၏ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဆုံးဖြတ်ချက်နှင့် 《ကုလသမဂ္ဂ ကမ္ဘာလုံးဆိုင်ရာ အကြမ်းဖက်မှုတိုက်ဖျက်ရေး မဟာဗျူဟာ》ကို ဘက်စုံ အကောင်အထည် ဖော်ဆောင်ရမည်ဖြစ်ကြောင်း၊ လုံခြုံရေးကောင်စီ၏ အမည်စာရင်းဝင် အကြမ်းဖက်အဖွဲ့နှင့်လူပုဂ္ဂိုလ်များကို အတူတကွ တိုက်ဖျက်ရမည် ဖြစ်သလို နိုင်ငံတကာ အကြမ်းဖက်မှုတိုက်ဖျက်ရေးတွင် ကုလသမဂ္ဂ၏ အချက်အချာကျသည့် ညှိနှိုင်းမှု အခန်းကဏ္ဍကို ကာကွယ်ထိန်းသိမ်းမြှင့်တင်သင့်ကြောင်း ကုလသမဂ္ဂဆိုင်ရာ တရုတ်နိုင်ငံ ဒုတိယ အမြဲတမ်းကိုယ်စားလှယ် ကိန်းစွမ်က အောက်တိုဘာ ၃ ရက်တွင် ပြောကြားခဲ့သည်။

ယင်းနေ့တွင် ကုလသမဂ္ဂအထွေထွေညီလာခံ ဆဋ္ဌမမြောက် ကော်မတီသည် “နိုင်ငံတကာ အကြမ်းဖက်ဝါဒ ပပျောက်ရေး ဆောင်ရွက်ချက်များ” ခေါင်းစဉ်ဖြင့် အစည်းအဝေး ကျင်းပခဲ့သည်။
ထိုသို့ဆွေးနွေးရာတွင် ကိန်းစွမ်က လက်ရှိ ကမ္ဘာတွင် ရာစုနှစ်တစ်ခုအတွင်း မကြုံခဲ့ဖူးသော အပြောင်းအလဲကြီးများသည် အရှိန်အဟုန်ဖြင့် ဆင့်ကဲ ပြောင်းလဲလျက်ရှိကြောင်း၊ ပဋိပက္ခ စစ်ပွဲများ ဟိုဟိုဒီဒီ တစ်ခုပြီးတစ်ခု ဖြစ်ပွားခြင်း၊ ပထဝီ နိုင်ငံရေး မကြုံစဖူး တင်းမာခြင်း၊ အကြမ်းဖက်ဝါဒ တစ်ဖန်ထကြွသည့်ကာလသို့ ရောက်ရှိလာခြင်း၊ နိုင်ငံတကာ အကြမ်းဖက်မှု တိုက်ဖျက်ရေးအခြေအနေ ပို၍ ရှုပ်ထွေးဆိုးဝါးလာခြင်းများ ဖြစ်ပွားလျက်ရှိကြောင်း ပြောကြားခဲ့သည်။ နိုင်ငံတကာ အကြမ်းဖက်ဝါဒ ပပျောက်ရေးအပေါ် တရုတ်နိုင်ငံ၏ အဆိုပြုချက်များမှာ-

ပထမအနေဖြင့် ဘက်ပေါင်းစုံ ပူးပေါင်းမှုကို အခိုင်အမာ ဆောင်ရွက်ရမည် ဖြစ်သည်။ ဘက်ပေါင်းစုံအနေဖြင့် အတူတကွ ကျယ်ပြန့်သော ပူးပေါင်းဆောင်ရွက်မှုနှင့် စဉ်ဆက်မပြတ်ရှိသော လုံခြုံရေးအမြင်ကို လက်ကိုင်ထား၍ နိုင်ငံတိုင်း၏လုံခြုံရေးကို လေးစားမှု၊ အာမခံမှုဖြင့် အကြမ်းဖက်ဝါဒကို လက်တွဲ အတူ တိုက်ဖျက်ရမည် ဖြစ်သည်။

ဒုတိယအနေဖြင့် နိုင်ငံတကာ တရားဥပဒေစိုးမိုးရေးကို အခိုင်အမာ ဆောင်ရွက်ရမည် ဖြစ်သည်။ အကြမ်းဖက်တိုက်ဖျက်ရေးလှုပ်ရှားမှုသည် 《ကုလသမဂ္ဂပဋိညာဉ်စာတမ်း》ရည်ရွယ်ချက်နှင့်အခြေခံမှုများကို လေးစားလိုက်နာသင့်သလို နိုင်ငံတိုင်း၏ အချုပ်အခြာအာဏာကို လေးစားရမည် ဖြစ်ပြီး ဘက်ပေါင်းစုံ၏ သင့်လျော်မှုရှိသော လုံခြုံရေး ဂရုပြုမှုကို အလေးထားရမည် ဖြစ်သည်။ လူအခွင့်အရေး၊ လူသားချင်းစာနာထောက်ထားမှုကို အကြောင်းပြ၍ အခြားနိုင်ငံ၏ အကြမ်းဖက်မှုတိုက်ဖျက်ရေးကြိုးပမ်းမှုကို စွက်ဖက်၍ မရသလို အကြမ်းဖက်ဝါဒကို နိုင်ငံ၊ လူမျိုး သို့မဟုတ် ဘာသာရေးနှင့်တွဲပြီး အထူးသတ်မှတ်ခြင်း ပြု၍မရကြောင်း၊ အကြမ်းဖက်တိုက်ဖျက်ရေးကို နိုင်ငံရေးအသွင်၊ ကိရိယာအသွင် ပြောင်းခြင်း ပို၍ပင် မရပေ။

တတိယ အနေဖြင့် မူဝါဒများကို ဘက်စုံ အခိုင်အမာ ဖော်ဆောင်ရမည် ဖြစ်သည်။ အကြမ်းဖက်မှု တိုက်ဖျက်ရေး ကို စနစ်အဖြစ် ထူထောင်ထားရမည် ဖြစ်ပြီး အကြမ်းဖက်ဝါဒ ပေါက်ဖွားရာနေရာကို အမြစ်ပြတ်ရှင်းလင်းရန် အလေးထားဆောင်ရွက်ရမည် ဖြစ်သည်။ အကြမ်းဖက်မှု တိုက်ဖျက်ရေးတွင် ဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍကို အလေးထားသင့်ရာ ကုလသမဂ္ဂ၏ ၂၀၃၀ ပြည့်နှစ် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ် အကောင်အထည်ဖော်ဆောင်မှုကို အရှိန်မြှင့်တင်ရမည် ဖြစ်သလို ဆင်းရဲနွမ်းပါးခြင်းနှင့် အကြမ်းဖက်ဝါဒ သံသယဆိုးလည်ပတ်နေမှုကို ပြောင်းလဲရမည် ဖြစ်သည်။ အကြမ်းဖက်မှု တိုက်ဖျက်ရေးတွင် လူငယ်အခန်းကဏ္ဍကို အလေးထားရမည် ဖြစ်ရာ လူငယ်လူရွယ်များ၏ ပညာရေးနှင့် အလုပ်အကိုင်ရရှိမှုကို ကောင်းမွန်စွာ ဖြေရှင်းပေးရမည် ဖြစ်သလို လူငယ်လူရွယ်များ အကြမ်းဖက်ဝါဒ၊ အစွန်းရောက်ဝါဒ အတွေးအခေါ်များ၏ အဆိပ်ခတ်မှုကို ကာကွယ်တားဆီးရမည် ဖြစ်သည်။

စတုတ္ထအနေဖြင့် စွမ်းရည်တိုးမြှင့်မှုကို ခိုင်မာစွာ ဆောင်ရွက်ရမည် ဖြစ်သည်။ ဘက်ပေါင်းစုံအနေဖြင့် ဆွေးနွေးညှိနှိုင်းမှု၊ အချက်အလက် မျှဝေမှုနှင့် အတွေ့အကြုံဖလှယ်မှုများကို တိုးမြှင့်သင့်ရာ အထူးသဖြင့် ဖွံ့ဖြိုးဆဲနိုင်ငံများ၏ အကြမ်းဖက်မှုတိုက်ဖျက်ရေးစွမ်းရည်တည်ဆောက်မှုကို ကူညီမြှင့်တင်ပေးရမည် ဖြစ်သည်။ ထွန်းသစ်စ နည်းပညာများမှ ဖြစ်ပေါ်လာသည့် စိန်ခေါ်မှုများ အထူးသဖြင့် ဆိုက်ဘာကွန်ရက်စပေ့ရှ်၌ တည်ရှိသည့်စိန်ခေါ်မှုနှင့် လုံခြုံရေးအန္တရာယ်များကို အားထားကိုင်တွယ်ဆောင်ရွက်သင့်သည် ဟူ၍ ဖြစ်ပါသည်။

ကိန်းစွမ်က တရုတ်နိုင်ငံသည် အကြမ်းဖက်ဝါဒ၏ ဘေးအန္တရာယ်ကို ခံရသူ ဖြစ်ကြောင်း၊ အရှေ့ တာကစ္စတန် အစ္စလာမ်မစ် လှုပ်ရှားမှု အဖွဲ့ (ETIM) သည် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၏ နိုင်ငံတကာအကြမ်းဖက်အဖွဲ့ အစည်း၏ အမည်စာရင်းဝင် ဖြစ်ပြီး တရုတ်နိုင်ငံ နယ်နိမိတ်အတွင်း လူမဆန်သော အကြမ်းဖက်တိုက်ခိုက်မှုပေါင်းများစွာ ပြုလုပ်ခဲ့ဖူးကြောင်း၊ ယခုနှစ်ပိုင်းများတွင် မာဂျစ်တပ်မဟာ (Majid Brigade) ဆက်တိုက် ထကြွလာရာ တရုတ်၊ ပါကစ္စတန် စသည့် နိုင်ငံများ၏ လုံခြုံရေး အကျိုးစီးပွားကို ဆိုးရွားသည့် ခြိမ်းခြောက်မှုရှိကြောင်း၊ အရှေ့ တာကစ္စတန် အစ္စလာမ်မစ် လှုပ်ရှားမှု အဖွဲ့ (ETIP) နှင့် မာဂျစ်တပ်မဟာ (Majid Brigade) ကို တိုက်ဖျက်ခြင်းသည် နိုင်ငံတကာ အသိုက်အဝန်း၏ ဘုံအကျိုးစီးပွားနှင့် ကိုက်ညီကြောင်း ပြောကြားခဲ့သည်။ (Xinhua)
……………………………
(Chinese Version)
中方代表:应维护和加强联合国在国际反恐中的中心协调作用
新华社联合国10月3日电 中国常驻联合国副代表耿爽3日说,要全面落实安理会和联大相关反恐决议及《联合国全球反恐战略》,共同打击所有被安理会列名的恐怖组织和个人,切实维护和加强联合国在国际反恐合作中的中心协调作用。
当天,联合国大会第六委员会(联大六委)就“消除国际恐怖主义的措施”议题举行会议。耿爽在发言时说,当前,世界百年未有之大变局加速演进,战争冲突此起彼伏,地缘政治空前紧张,恐怖主义再度进入活跃期,国际反恐形势更加复杂严峻。中方就消除国际恐怖主义提出以下主张:
第一,坚持多边合作。各方应秉持共同、综合、合作、可持续的安全观,尊重和保障每个国家的安全,携手打击恐怖主义。
第二,坚持国际法治。反恐行动应遵守《联合国宪章》宗旨和原则,尊重各国主权,重视各方合理安全关切。不能以人权、人道为由干涉别国反恐努力,不能将恐怖主义与特定国家、民族或宗教挂钩,更不能将反恐问题政治化、工具化。
第三,坚持综合施策。反恐应树立系统观念,注重从源头上铲除恐怖主义滋生的土壤。反恐应重视发展问题,加快落实联合国2030年可持续发展议程,打破贫困与恐怖主义之间的恶性循环。反恐应重视青年问题,解决好青年的教育和就业,防止青年受恐怖主义、极端主义思想毒害。
第四,坚持赋能增效。各方应加强沟通协调、信息共享和经验交流,特别是帮助发展中国家加强反恐能力建设。应着力应对新兴技术带来的挑战,特别是网络空间存在的挑战和安全风险。
耿爽表示,中国是恐怖主义受害者。“东伊运”是联合国安理会列名的国际恐怖组织,曾在中国境内制造多起惨无人道的恐怖袭击。“马吉德旅”近年来持续活跃,严重威胁中国、巴基斯坦等国的安全利益。打击“东伊运”和“马吉德旅”符合国际社会共同利益。
1. 10月2日,在位于纽约的联合国总部,安理会召开“联合国同非盟合作”公开会。新华社发(联合国供图/埃瑟金德尔·德贝贝摄)