China
တရုတ်နိုင်ငံအနေဖြင့် တစ်နိုင်ငံတည်း ကောင်းမွန်ရေးမဟုတ်သည့် နိုင်ငံစုံဖွံ့ဖြိုးတိုးတက်ရေးကို ပို၍ မျှော်လင့် ___တရုတ်နိုင်ငံ ဆင်းရဲနွမ်းပါးမှု တိုက်ဖျက်ရေး အောင်နိုင်ခြင်း၏ ကမ္ဘာ့ အနက်အဓိပ္ပါယ် (အပိုင်း-၅)
ပေကျင်း၊ ဒီဇင်ဘာ ၆ ရက် (ဆင်ဟွာ)
“တရုတ်နိုင်ငံက ဘက်ပေါင်းစုံနဲ့အတူ ဘုံဖွံ့ဖြိုးတိုးတက်ပြီး တရားမျှတတဲ့ ကမ္ဘာတစ်ခုကို တည်ဆောက်ကာ ဆင်းရဲနွမ်းပါးမှုကို အတိတ်မှာ ချန်ရစ်ပြီး သာယာလှပတဲ့ အနာဂတ်မျှော်မှန်းချက်ကို လက်တွေ့ဖော်ဆောင်သွားဖို့ ဆန္ဒရှိပါတယ်” ဟု မကြာသေးမီက ကျင်းပသည့် G20 ခေါင်းဆောင်များ ရီယိုဒီဂျနေးရိုး ထိပ်သီးအစည်းအဝေး၌ သမ္မတရှီကျင့်ဖိန်က ဆင်းရဲနွမ်းပါးမှု လွတ်ကင်းရေး ခိုင်မာသော တိုက်ပွဲတွင် တရုတ်နိုင်ငံ အနိုင်ရခဲ့သည့် အဖိုးတန်အတွေ့အကြုံများကို မျှဝေခဲ့ခြင်း ဖြစ်ပြီး တရုတ်နိုင်ငံက ကမ္ဘာ့ဖွံ့ဖြိုးတိုးတက်ရေးအတွက် အားပေး ပံ့ပိုးသည့် ကဏ္ဍ ၈ ရပ် လှုပ်ရှားမှုကို ကြေညာခဲ့ရာ လောကလူသားများအား အကူအညီပေးသည့် သဘောထားက နိုင်ငံတကာ အသိုက်အဝန်း၏ ကျယ်ပြန့်သည့် ချီးမွမ်းထောပနာပြုမှုကို ရရှိခဲ့သည်။ လူသားမျိုးနွယ်၏ ဆင်းရဲနွမ်းပါးမှု တိုက်ဖျက်ရေးတွင် တရုတ်နိုင်ငံက သမိုင်းတွင်မည့် လူ့လောကအံ့ဖွယ်ကို ဖန်တီးနိုင်ခဲ့သည့် တစ်ချိန်တည်းတွင်ပင် “ရပ်ဝန်းနှင့် ပိုးလမ်းမ” အတူတည်ဆောက်ရေး စသည့် ပလက်ဖောင်းများမှတစ်ဆင့် နိုင်ငံတကာ ဆင်းရဲနွမ်းပါးမှု လျှော့ချရေး ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ပြီး ကျယ်ပြန့်များပြားလှသည့် ဖွံ့ဖြိုးဆဲနိုင်ငံများ၏ ပြည်သူ့ဘဝစားဝတ်နေရေးကို ကောင်းမွန်အောင် တက်ကြွစွာ အကူအညီပေးကာ ဘုံဖွံ့ဖြိုးတိုးတက်ရေးကို ဖော်ဆောင်ခဲ့ပေသည်။ တရုတ်နိုင်ငံသည် နိုင်ငံတကာ ဆင်းရဲနွမ်းပါးမှု လျှော့ချရေးလုပ်ငန်း၏ တက်ကြွစွာ ဦးဆောင်အဆိုပြုသူ၊ အားကောင်းသည့် တွန်းအားပေးသူနှင့် အရေးကြီးသည့် အကျိုးဆောင်သူ ဖြစ်နေပြီ ဖြစ်သည်။
ဆင်းရဲနွမ်းပါးမှု လွတ်ကင်းရေးသည် လူသားမျိုးနွယ် လူမှုအသိုက်အဝန်း ဖွံ့ဖြိုးတိုးတက်ရေး၏ အစဉ်အမြဲ ပေါ်လွင်ထင်ရှားသည့် အခက်အခဲပြဿနာဖြစ်သလို ဆင်းရဲနွမ်းပါးမှု ပပျောက်ရေးသည် နိုင်ငံအသီးသီး ပြည်သူများ၏ တောင့်တရာ ဘုံမျှော်လင့်ချက် ဖြစ်သည်။ ရှေးပဝေသဏီမှ ယနေ့ခေတ်အခါအထိ လည်းကောင်း၊ တရုတ်နိုင်ငံ ပြည်တွင်းပြည်ပတွင်လည်းကောင်း မည်သည့်နိုင်ငံကမျှ တရုတ်နိုင်ငံကဲ့သို့ အချိန်တိုအတိုင်းအတာအတွင်း လူသန်းပေါင်း ရာနှင့်ချီ ဆင်းရဲနွမ်းပါးမှုမှ လွတ်ကင်းအောင် ဖော်ဆောင်နိုင်ခြင်း မရှိခဲ့ပေ။
ပြည်သူ့ဗဟိုပြု ဖွံ့ဖြိုးတိုးတက်ရေး အတွေးအခေါ် လက်တွေ့ဖော်ဆောင်ခြင်းမှသည် “ဆင်းရဲနွမ်းပါးသောဒေသတစ်ခု၊ လူအုပ်စုတစ်စုမျှ လုံးဝ ချန်ရစ်ထား၍မရ” ဟူသော လေးနက်သည့် ကတိကဝတ်များအထိ၊ ဆင်းရဲနွမ်းပါးမှုအား တိကျ၊ ထိရောက်စွာ အခိုင်အမာ ဖေးမကူညီပေးခြင်း၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ဖော်ဆောင်ခြင်းဖြင့် ဆင်းရဲနွမ်းပါးမှု ဖေးမကူညီခြင်း၊ ဒေသထွက်ကုန်ထုတ်လုပ်ငန်း တိုးတက်ရေး မြှင့်တင်မှုဖြင့် ဆင်းရဲနွမ်းပါးမှု ဖေးမကူညီခြင်း၊ အတူတကွ ချမ်းသာကြွယ်ဝမှုကို မြှင့်တင်ခြင်းဖြင့် ဆင်းရဲနွမ်းပါးမှု ဖေးမကူညီခြင်း စသည့် အဓိကဗျူဟာမြောက် အစီအမံများအထိ တရုတ်နိုင်ငံ ဆင်းရဲနွမ်းပါးမှု လွတ်ကင်းရေးအတွေ့အကြုံမှာ စဉ်ဆက်မပြတ်ကျသည့် ရေစက်လေးများနှင့်ပင် ကျောက်စိုင်ကျောက်သားများကို ဖောက်ထွင်းနိုင်မည်၊ အနာဂတ်စီမံချက်တွေကို အဆုံးတိုင်ရေးဆွဲမည့် ဇွဲနဘဲ၊ မယိမ်းယိုင်ကြံ့ကြံ့ခိုင်သည့် ကြိုးစားအားထုတ်မှုစိတ်ဓာတ်ဖြင့် ဖွံ့ဖြိုးဆဲနိုင်ငံများ၏ ဆင်းရဲနွမ်းပါးမှု ပြဿနာမှာ ဖြေရှင်း၍ရကြောင်း၊ အားငယ်သည့် ငှက်ငယ် ဦးစွာပျံသန်း၍ အမြင့်သို့ ပျံသန်းနိုင်ကြောင်းကို ပြသခဲ့ပါသည်။
တရုတ်နိုင်ငံ အောင်မြင်ခဲ့သလို အခြားဖွံ့ဖြိုးဆဲနိုင်ငံများလည်း အလားတူ အောင်မြင်နိုင်ပေသည်။ တရုတ်နိုင်ငံ ဆင်းရဲနွမ်းပါးမှု လျှော့ချရေး အောင်မြင်မှုရလဒ်များက ကျယ်ပြန့်များပြားလှသော ဖွံ့ဖြိုးဆဲနိုင်ငံများအတွက် အခွင့်အလမ်းနှင့် မျှော်လင့်ချက်များကို ဆောင်ကြဉ်းပေးသလို တစ်ကမ္ဘာလုံး ဆင်းရဲနွမ်းပါးမှုပပျောက်ရေး၏ သန္နိဋ္ဌာန်နှင့် ယုံကြည်ချက်ကို ပို၍ ခိုင်မာစေခဲ့သည်။
တရုတ်နိုင်ငံသည် အတူတကွ ဖွံ့ဖြိုးတိုးတက်ရေးကို တွန်းအားပေးခြင်းဖြင့် ကမ္ဘာလုံးဆိုင်ရာ ဆင်းရဲနွမ်းပါးမှုတိုက်ဖျက်ရေး လုပ်ငန်းအတွက် အားအင် ဖြည့်တင်းခဲ့ပါသည်။ တရုတ်နိုင်ငံသည် မိမိကိုယ်တိုင် ဆင်းရဲနွမ်းပါးမှု ပပျောက်အောင် အားထားဆောင်ရွက်သည့် တစ်ချိန်တည်းတွင်ပင် ဖွံ့ဖြိုးဆဲနိုင်ငံများ ပူးပေါင်းဆောင်ရွက်မှု(SSC)ကို တက်ကြွစွာ တွန်းအားပေးကာ ပူးပေါင်းဆောင်ရွက်မှုဖြင့် ဘုံအကျိုးစီးပွား ဖော်ဆောင်ရေးကို ဗဟိုပြုသည့် နိုင်ငံတကာ ဆင်းရဲနွမ်းပါးမှု လျှော့ချရေး မိတ်ဖက်ဆက်ဆံရေး ပုံစံသစ်ကို တည်ဆောက်ခဲ့သည်။ တရုတ်နိုင်ငံသည် နိုင်ငံပေါင်း ၁၆၀ ကျော်ကို ဖွံ့ဖြိုးတိုးတက်ရေး အကူအညီများ ပံ့ပိုးပေးခဲ့သလို နိုင်ငံပေါင်း ၁၅၀ ကျော်နှင့် အတူလက်တွဲ၍ “ရပ်ဝန်းနှင့်ပိုးလမ်းမ” တည်ဆောက်ခဲ့ပြီး နိုင်ငံ ၁၀၀ ကျော်နှင့် ကုလသမဂ္ဂ စသည့် နိုင်ငံတကာအဖွဲ့အစည်းများစွာဖြင့် ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးအဆိုပြုချက် (GDI) ပူးပေါင်းဆောင်ရွက်မှုကို တွန်းအားပေးဆောင်ရွက်ခဲ့သည်။ ဖွံ့ဖြိုးတိုးတက်ရေးရန်ပုံငွေ ကန်ဒေါ်လာ ဘီလီယံ ၂၀ နီးပါး ရင်းနှီးမြှုပ်နှံ အသုံးပြုကာ စီမံကိန်းပေါင်း ၁,၁၀၀ ကျော် ဆောင်ရွက်ခဲ့ရာ လက်တွေ့လှုပ်ရှားမှုဖြင့် ကမ္ဘာ့တောင်ဘက်ခြမ်းနိုင်ငံများ ရှင်သန်အားကောင်း ဖွံ့ဖြိုးတိုးတက်စေရန် တွန်းအားဖြည့်တင်းခဲ့ပါသည်။
တရုတ်နိုင်ငံ အားပေးထောက်ခံသည့် ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး ကဏ္ဍ ၈ ရပ် လှုပ်ရှားမှုသည် “ရပ်ဝန်းနှင့် ပိုးလမ်းမ” အရည်အသွေးမြင့် အတူလက်တွဲတည်ဆောက်ခြင်း၊ ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး အဆိုပြုချက် (GDI) ဖော်ဆောင်ခြင်း၊ အာဖရိက ဖွံ့ဖြိုးရေး အားပေးထောက်ခံခြင်း၊ ဆင်းရဲနွမ်းပါးမှု လျှော့ချရေးနှင့် စားနပ်ရိက္ခာဖူလုံရေး နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ခြင်း စသည့် ကဏ္ဍအသီးသီးကို လွှမ်းခြုံမှုရှိရာ အတွဲလိုက် လက်တွေ့အစီအမံများသည် ကမ္ဘာ့ဖွံ့ဖြိုးတိုးတက်ရေး တောင်းဆိုသံနှင့်ကိုက်ညီသလို နိုင်ငံကြီး၏ တာဝန်ယူမှုကို ပေါ်လွင်ထင်ရှားခဲ့သည်။
တရုတ်နိုင်ငံသည် မိမိ၏ ဆင်းရဲနွမ်းပါးမှု လျှော့ချရေး လက်တွေ့ အတွေ့အကြုံများဖြင့် ကမ္ဘာလုံးဆိုင်ရာ ဆင်းရဲနွမ်းပါးမှု တိုက်ဖျက်ရေး လုပ်ငန်းကို ကူညီပံ့ပိုးခဲ့သည်။ ပလက်ဖောင်း တည်ဆောက်ခြင်း၊ မွမ်းမံသင်တန်း စီစဉ်ခြင်း၊ ThinkTank ဖလှယ်ခြင်း စသည့် နည်းလမ်းအသွယ်သွယ်ဖြင့် တရုတ်နိုင်ငံသည် ဆင်းရဲနွမ်းပါးမှု လျှော့ချရေး ဖလှယ်မှုများကို တက်ကြွစွာ ဆောင်ရွက်ကာ တရုတ်ပုံစံ ခေတ်မီအသွင်ပြောင်းခြင်းနှင့် ဆင်းရဲနွမ်းပါးမှု လျှော့ချရေး အတွေ့အကြုံများကို မျှဝေပေးခဲ့သလို ဖွံ့ဖြိုးဆဲနိုင်ငံများ၏ မိမိနိုင်ငံအခြေအနေနှင့် ကိုက်ညီသည့် ဆင်းရဲနွမ်းပါးမှု လျှော့ချရေးနှင့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးလမ်းကြောင်းအား ရှာဖွေခြင်းကို ထောက်ခံအားပေးခဲ့ပါသည်။
တရုတ်နိုင်ငံမှစတင်သည့် တရုတ်-အာဆီယံ လူမှုဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆင်းရဲနွမ်းပါးမှု လျှော့ချရေး ဖိုရမ်၊ လူသားမျိုးနွယ် ဆင်းရဲနွမ်းပါးမှု လျှော့ချရေး အတွေ့အကြုံများဆိုင်ရာ နိုင်ငံတကာဖိုရမ်သော်လည်းကောင်း၊ တရုတ်-အာဖရိက ဆင်းရဲနွမ်းပါးမှု လျှော့ချရေးနှင် ဖွံ့ဖြိုးတိုးတက်ရေး အစည်းအဝေး၊ “ဆင်းရဲနွမ်းပါးမှု လွတ်ကင်းရေးနှင့် နိုင်ငံရေးပါတီ၏ တာဝန်ဝတ္တရား” နိုင်ငံတကာ သီအိုရီ လေ့လာဆွေးနွေးပွဲ စသည့် ဆွေးနွေးဖလှယ်ပွဲများကို ကျင်းပခြင်း၊ နိုင်ငံနှင့် ဒေသပေါင်း ၁၈၀ ခု ကျော်အတွက် ကဏ္ဍအမျိုးမျိုးရှိ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ လူရည်ချွန် ၄၀၀,၀၀၀ ကျော် ပျိုးထောင်ပေးခဲ့ရာ သက်ဆိုင်ရာနိုင်ငံများ၏ ဆင်းရဲနွမ်းပါးမှု အကူအညီပေးရေးနှင့် ဆင်းရဲနွမ်းပါးမှု လျှော့ချရေး စွမ်းရည် တည်ဆောက်မှုအဆင့်ကို တိုးမြှင့်ခြင်း… စသည်ဖြင့် စွမ်းရည် တည်ဆောက်ရေးနှင့် အတွေ့အကြုံ မျှဝေရေး၏ ဆင်းရဲနွမ်းပါးမှုလျှော့ချရေး ပူးပေါင်းဆောင်ရွက်မှုများကို အားထားဆောင်ရွက်နေခြင်းသည် တရုတ်နိုင်ငံ၏ “ကမ္ဘာ့အမြင်” က အယူဝါဒ၊ လူမျိုးနှင့်နိုင်ငံ၏အတိုင်းအတာကို ကျော်လွန်ကြောင်း ဖော်ပြနေခြင်း ဖြစ်ပြီး ကမ္ဘာ့ ဆင်းရဲနွမ်းပါးမှု လျှော့ချရေးလုပ်ငန်း မြှင့်တင်ရန်အတွက် “တရုတ်နည်းလမ်း” ဖြင့် ပံ့ပိုးပေးခဲ့ပါသည်။
တရုတ်နိုင်ငံ ဆင်းရဲနွမ်းပါးမှု တိုက်ဖျက်ရေး ကြိုးပမ်းမှုများသည် လူသားမျိုးနွယ်များ၏ ဆင်းရဲနွမ်းပါးမှုလျှော့ချရေး နိယာမအသိကို နက်ရှိုင်းစေသလို လူသားမျိုးနွယ် ဆင်းရဲနွမ်းပါးမှုတိုက်ဖျက်ရေး သီအိုရီကို ကြွယ်ဝတိုးတက်စေခဲ့ပေသည်။ ဆင်းရဲနွမ်းပါးသည့် လူဦးရေ သန်ပေါင်း ၈၀၀ လုံး ဆင်းရဲနွမ်းပါးမှုမှ လွတ်ကင်းစေသည့် တရုတ်နိုင်ငံ၏ လက်တွေ့ဆောင်ရွက်မှုသည် သီးခြား လွတ်လပ်မှု၊ ငြိမ်းချမ်းစွာ ပူးပေါင်းဆောင်ရွက်မှု နည်းလမ်းဖြင့် နိုင်ငံစည်ပင်သာယာဝပြောရေးကို ဖော်ဆောင်ခြင်းဟူသော လူသားမျိုးနွယ် ဖွံ့ဖြိုးတိုးတက်ရေးလမ်းကြောင်း၏ ရွေးချယ်စရာ အသစ်တစ်မျိုးကို ပြသခဲ့ပါသည်။
တရုတ်ပုံစံ ခေတ်မီအသွင်ပြောင်းခြင်းသည် အနောက်တိုင်း၏ ခေတ်မီအသွင်ပြောင်းခြင်း လမ်းစဉ်ဟောင်းကို စွန့်လွှတ်၍ မိမိနိုင်ငံ အခြေအနေပေါ်တွင် အခြေခံခြင်း၊ နိုင်ငံအသီးသီး၏ အတွေ့အကြုံကို လေ့လာသင်ယူခြင်း၊ သမိုင်းယဉ်ကျေးမှုကို ဆက်ခံခြင်း၊ ယခုခေတ် ယဉ်ကျေးမှုနှင့် ပေါင်းစည်းခြင်းဖြင့် ဆောင်ရွက်ခဲ့ရာ တရုတ်ပြည်သူများအတွက် အကျိုးကို တည်ဆောက်ပေးသည့် တစ်ချိန်တည်းတွင်ပင် ကမ္ဘာ့ဘုံဖွံ့ဖြိုးတိုးတက်ရေးကို မြှင့်တင်ခဲ့ပေသည်။
လူသားမျိုးနွယ်၏ ကံကြမ္မာမှာ အေးအတူ ပူအမျှ ဖြစ်ရာ ဖွံ့ဖြိုးတိုးတက်ရေးလမ်းတွင် တစ်နိုင်ငံမျှ ချန်ရစ်ထား၍မရသလို တစ်ဦးတစ်ယောက်မျှ နောက်ကောက်ကျန်ရစ်ခဲ့၍ မရပေ။ တရုတ်နိုင်ငံသည် ပန်းတစ်ပွင့်တည်း ပွင့်လန်းလှပရေး (တစ်နိုင်ငံတည်း ကောင်းမွန်ရေး) မဟုတ်သည့် ပန်းပေါင်းစုံပွင့်လန်းရေး (နိုင်ငံပေါင်းစုံဖွံ့ဖြိုးတိုးတက်ရေး) ကို ပို၍ လိုလားရာ ကျယ်ပြန့်များပြားလှသည့် ဖွံ့ဖြိုးဆဲနိုင်ငံများနှင့် လက်ချင်းတွဲ၍ ခေတ်မီအသွင်ကို ဖော်ဆောင်သွားမည် ဖြစ်သည်။ အနာဂတ်ကို ရှေးရှု၍ တရုတ်နိုင်ငံသည် ဖွံ့ဖြိုးဆဲနိုင်ငံများ၏ အားထားရသော ရေရှည် ပူးပေါင်းဆောင်ရွက်မှု မိတ်ဖက်၊ ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းကို ထောက်ခံသည့် လှုပ်ရှားသူနှင့် လက်တွေ့ဖော်ဆောင်သူအဖြစ် ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ပြီး နိုင်ငံအသီးသီးနှင့် လက်တွဲကာ ဆင်းရဲနွမ်းပါးမှု မရှိသည့် အတူတကွဖွံ့ဖြိုးတိုးတက်သည့် လူသားမျိုးနွယ် အေးအတူ ပူအမျှ အသိုက်အဝန်းကို လက်တွဲအတူ တည်ဆောက်သွားမည် ဖြစ်ပေသည်။ (Xinhua)
………………………………..
(Chinese Version)
新华时评丨中国不追求一枝独秀,更希望百花齐放——“解码中国打赢脱贫攻坚战的世界意义”系列评论之五
新华社北京12月2日电(记者谢彬彬)“中方愿同各方一道行动起来,建设一个共同发展的公正世界,让贫困成为过去,让美好愿景成为现实。”在前不久举行的二十国集团领导人里约热内卢峰会上,习近平主席分享中国打赢脱贫攻坚战的宝贵经验,宣布中国支持全球发展的八项行动,兼济天下的人类情怀得到国际社会广泛赞誉。在人类反贫困斗争中,中国创造了彪炳史册的人间奇迹,同时通过共建“一带一路”等平台促进国际减贫合作,积极帮助广大发展中国家改善民生,实现共同发展。中国已成为国际减贫事业的积极倡导者、有力推动者和重要贡献者。
摆脱贫困一直是困扰人类社会发展的突出难题,消除贫困是各国人民梦寐以求的共同期盼。古今中外,没有哪一个国家能像中国一样在这么短的时间内实现几亿人脱贫。从践行以人民为中心的发展思想,到“决不能落下一个贫困地区、一个贫困群众”的庄严承诺,再到坚持精准扶贫、在经济发展中扶贫、在促进当地特色产业发展中扶贫、在促进共同富裕中扶贫等重大方略举措,中国的脱贫历程表明,本着滴水穿石、一张蓝图绘到底的韧性、恒心和奋斗精神,发展中国家的贫困问题是可以解决的,弱鸟是可以先飞、高飞的。中国可以成功,其他发展中国家同样可以成功。中国减贫成就给广大发展中国家带来了机遇和希望,更坚定了全世界消除贫困的决心和信心。
中国以推动共同发展为全球反贫困事业注入强大动力。中国致力于消除自身贫困的同时,积极推进南南合作,建立以合作共赢为核心的新型国际减贫伙伴关系。中国向160多个国家提供发展援助,同150多个国家携手共建“一带一路”,同100多个国家和联合国等多个国际组织推进全球发展倡议合作,投入并动员近200亿美元发展资金,开展了1100多个项目,以实际行动为全球南方国家发展振兴注入动力。中国支持全球发展的八项行动,内容涵盖携手高质量共建“一带一路”、落实全球发展倡议、支持非洲发展、支持减贫和粮食安全国际合作等各个方面,一系列务实举措顺应全球发展呼声,彰显了大国担当。
中国以自身减贫实践经验助力全球反贫困事业。通过搭建平台、组织培训、智库交流等各种形式,中国积极开展减贫交流,分享中国式现代化和减贫经验,支持发展中国家探索符合本国国情的减贫和可持续发展道路。中国发起中国-东盟社会发展与减贫论坛、人类减贫经验国际论坛,举办中非减贫与发展会议、“摆脱贫困与政党的责任”国际理论研讨会等一系列研讨交流活动;为180多个国家和地区培养了40多万各类发展人才,提高相关国家在扶贫减贫领域的能力建设水平……致力于能力建设和经验共享的减贫合作体现了中国超越意识形态、民族国家的“全球观”,为推进世界减贫事业贡献了“中国方案”。
中国反贫困斗争深化了人类对减贫规律的认识,丰富发展了人类反贫困理论,让8亿贫困人口全部脱贫的中国实践,揭示了人类发展道路的一种新选择——以独立自主、和平合作的方式实现国家的发展繁荣。中国式现代化摒弃西方现代化老路,基于自身国情、借鉴各国经验、传承历史文化、融合现代文明,在造福中国人民的同时促进世界共同发展。
人类命运休戚与共,在发展的道路上,一个国家都不能少,一个人都不能落下。中国不追求一枝独秀,更希望百花齐放,同广大发展中国家携手实现现代化。面向未来,中国将继续做发展中国家可靠的长期合作伙伴、支持全球发展事业的行动派和实干家,与各国携手共建没有贫困、共同发展的人类命运共同体。
1. 8月26日,林占熺教授(右)在福建农林大学向卢旺达留学生介绍菌草栽培灵芝技术。新华社记者林善传摄
2. 这是8月3日拍摄的位于刚果(布)首都布拉柴维尔的中国援刚果(布)农业技术示范中心大棚(无人机照片)。新华社记者王冠森摄