Connect with us

China

တရုတ် စီးပွားရေး စကားဝိုင်း ဆွေးနွေးပွဲ – ပြုပြင်ပြောင်းလဲမှုမှတစ်ဆင့် ပြည်တွင်းလိုအပ်ချက် အထူးသဖြင့် စားသုံးမှုအလားအလာကို ပိုမိုကောင်းမွန်စွာ ဖွင့်လှစ်

“တရုတ် စီးပွားရေး စကားဝိုင်း ဆွေးနွေး” အပိုင်း (၁၀) မီဒီယာအားလုံးနှင့် တွေ့ဆုံမေးမြန်းပွဲ ရိုက်ကူးရေးမြင်ကွင်းအား တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဒီဇင်ဘာ ၂၀ ရက် (ဆင်ဟွာ)
စားသုံးမှုသည် စီးပွားရေးတိုးတက်မှု၏ အဓိက မောင်းနှင်အား ဖြစ်သည်။ တရုတ်နိုင်ငံတော်ကောင်စီ သုတေသနရုံး အမှတ် (၁) အထွေထွေရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် လျိုရိဟုန်က တရုတ်နိုင်ငံ၏ စားသုံးမှုကဏ္ဍတွင် ထူးခြားသည့် ထင်ရှားချက်များနှင့် အလားအလာစွမ်းအားများကို တူးဖော်၍ ရကြောင်း၊ ပြုပြင်ပြောင်းလဲမှုမှတစ်ဆင့် ပြည်တွင်းလိုအပ်ချက် အထူးသဖြင့် စားသုံးမှုအလားအလာကို ပို၍ ကောင်းမွန်စွာ ဖွင့်လှစ်နိုင်ကြောင်း ဆင်ဟွာသတင်းဌာနက ကျင်းပသည့် “တရုတ် စီးပွားရေး စကားဝိုင်း ဆွေးနွေးပွဲ” မီဒီယာအားလုံးနှင့် တွေ့ဆုံမေးမြန်းပွဲ၌ ပြောကြားခဲ့သည်။
ယခုနှစ် ဗဟိုစီးပွားရေး လုပ်ငန်း အစည်းအဝေးတွင် လာမည့်နှစ် အဓိက တာဝန် ၉ ရပ်ကို အတည်ပြုခဲ့ရာ ပထမမှာ “စားသုံးမှုကို အားကောင်းစွာ မြှင့်တင်ခြင်း၊ ရင်းနှီးမြှုပ်နှံမှု အကျိုးစီးပွားကို မြှင့်တင်ခြင်း၊ ပြည်တွင်း လိုအပ်ချက်ကို ဘက်စုံ တိုးချဲ့ခြင်း” ဖြစ်သည်။ လျိုရိဟုန်အတွက် ဆိုလျှင် ပြည်တွင်းလိုအပ်ချက် အထူးသဖြင့် စားသုံးမှု လိုအပ်ချက်မှာ နှိုင်းယှဉ်မှုအရ အနည်းငယ် အားလျော့ရာ ယင်းမှာ ပြည်တွင်းလည်ပတ်မှု အထိန်းအချုပ်ဖြစ်နေခြင်း၏ ထင်ရှားသည့် ပြဿနာ ဖြစ်ကြောင်း၊ ထို့ကြောင့် ဗဟို စီးပွားရေး လုပ်ငန်းအစည်းအဝေးက ပြည်တွင်းလိုအပ်ချက်ကို တိုးချဲ့ရန် အတိအလင်း တောင်းဆိုထားခြင်းဖြစ်သည်ဟု ယူဆပေသည်။
ပြည်တွင်းလိုအပ်ချက်ကို မည်သို့တိုးချဲ့မည်နည်း။ ထို့အပေါ် လျိုရိဟုန်က ပထမဦးစွာ ဘဏ္ဍာရေး စသည့် မူဝါဒကဏ္ဍစုံဖြင့် နေထိုင်သူများ၏ စားသုံးမှု စွမ်းရည်၊ စားသုံးမှု ဆန္ဒကို အားဖြည့် မြှင့်တင်နိုင်သည်ဟု ယူဆသည်။

ဗဟို စီးပွားရေး လုပ်ငန်း အစည်းအဝေးက “အငြိမ်းစားများ၏ အခြေခံပင်စင်ကို အထိုက်အလျောက် မြှင့်တင်ရန်၊ မြို့ပြနှင့် ကျေးလက်တွင် နေထိုင်သူများ၏ အခြေခံ ပင်စင်ကို မြှင့်တင်ရန်၊ မြို့ပြနှင့် ကျေးလက်တွင် နေထိုင်သူများ၏ ကျန်းမာရေးအာမခံ ဘဏ္ဍာရေး ထောက်ပံ့ကြေးစံနှုန်းများကို မြှင့်တင်ရန်” အဆိုပြုခဲ့သည်။ ယင်းမှာ လက်တွေ့၌ ပြည်သူ့ဝန်ဆောင်မှု ရင်းနှီးမြှုပ်နှံခြင်းကို တိုးချဲ့ခြင်းဖြင့် နေထိုင်သူများ၏ ဝင်ငွေတည်ငြိမ်တိုးတက်အောင် တွန်းအားပေးခြင်း၊ နေထိုင်သူများ၏ စားသုံးမှု နောက်ကြောင်းပူပန်စရာများကို ဖယ်ရှားခြင်း ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
“ဒီ ၂ နှစ်အတွင်း စားသုံးမှု လိုအပ်ချက်က ယေဘုယျအားဖြင့် အနည်းငယ် လျော့နည်းနေပေမဲ့ ထူးခြားတဲ့ထင်ရှားချက်နဲ့ အလားအလာစွမ်းအား အများအပြားကို ဖော်ထုတ်လို့ရပါတယ်” ၊ “ဥပမာ ဖျော်ဖြေပွဲ၊ အားကစားပွဲ၊ သက်ကြီးရွယ်အို စောင့်ရှောက်ရေး၊ မွေးကင်းစကလေးငယ် ထိန်းသိမ်းစောင့်ရှောက်ရေး စတာတွေပေါ့။ ဒီလို စားသုံးမှုအလားအလာတွေကို ဖော်ထုတ်မှု၊ ထူးခြားချက်ကို အမိအရ ဖမ်းဆုပ်မှု အလားအလာကို ဖော်ထုတ်မှုနဲ့ တရုတ်စားသုံးမှုကို တစ်ဆင့်တိုးကြီးမားလာအောင် ဆောင်ရွက်ရမယ်” ဟု လျိုရိဟုန်က ပြောကြားခဲ့သည်။

ပြုပြင်ပြောင်းလဲမှုမှတစ်ဆင့် ပြည်တွင်းလိုအပ်ချက် အထူးသဖြင့် စားသုံးမှုအလားအလာကို ပို၍ ကောင်းမွန်စွာ ဖွင့်လှစ်ရမည်ဟု ၎င်းက ဆိုသည်။ နိုင်ငံတစ်ဝန်း တစ်သားတည်း ဈေးကွက်ကြီး တည်ဆောက်ခြင်းဖြင့် ပြည်တွင်းလိုအပ်ချက် အလားအလာကို ဖွင့်လှစ်ရမည် ဖြစ်ကြောင်း၊ မရှိမဖြစ် လိုအပ်မှုအရေးပါသည့်အကြောင်းရပ်နှင့် ကုန်ပစ္စည်းများ အဆင်ပြေချောမွေ့စွာ စီးဆင်းရေးကို မြှင့်တင်ခြင်း၊ အရင်းအမြစ်ခွဲဝေမှု ထိရောက်နှုန်းကို မြှင့်တင်ခြင်းဖြင့် ဈေးကွက်တစ်ခုလုံး၏ ထုတ်လုပ်မှုလုပ်ငန်းအားသာချက်၊ လိုအပ်မှု အားသာချက်များကို ထုတ်ဖော်ရမည် ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

“တရုတ်နိုင်ငံမှာ မြို့ပြကို ရွှေ့ပြောင်းနေထိုင်တဲ့ လယ်ယာလုပ်သားနဲ့ သူတို့ရဲ့ မိသားစုဝင် သန်း ၁၇၀ ကျော် ရှိတယ်။ သူတို့က မြို့ပြမှာ နေထိုင်နေကြပြီ ဒါပေမဲ့ သန်းခေါင်စာရင်း မဝင်ရသေးဘူး”၊ လူကိုအခြေပြုသည့် မြို့ပြအသွင်သစ်ကို တစ်ဆင့်တိုး တွန်းအားပေးရမည် ဖြစ်ပြီး အမြဲတမ်းနေထိုင်သည့်နေရာများတွင် အခြေခံ ပြည်သူ့ဝန်ဆောင်မှုကို အားပေးကာ ၎င်းတို့အား မြို့ပြမှာ “အခြေတကျ” ဖြစ်အောင် ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ ယင်းမှာလည်း ပြည်သူ့ဘဝနေထိုင်မှု ကောင်းမွန်အောင် ပြုပြင်ရေး၏ ပံ့ပိုးအား၊ ပြည်တွင်းလိုအပ်ချက် တိုးချဲ့မှု၏ ဆောင်ရွက်ချက်တစ်ခုဖြင့် အကျိုးသက်ရောက်မှု အများအပြားရရှိစေမည့် နည်းလမ်းဖြစ်ကြောင်း လျိုရိဟုန်က ပြောကြားခဲ့သည်။ (Xinhua)

တရုတ်နိုင်ငံ ဆန်းတုန်းဆိပ်ကမ်း၊ ယန်းထိုင်ဆိပ်ကမ်းတွင် ပြည်ပကုန်သွယ်ရေး မော်တော်ယာဉ်များအား သင်္ဘောအတွင်း နေရာချနေသည်ကို ၂၀၂၄ ခုနှစ် ဩဂုတ် ၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

…………………………
(Chinese Version)
中国经济圆桌会|通过改革更好释放内需特别是消费潜力
新华社北京12月19日电(记者胡林果、刘红霞)消费是经济增长的重要引擎。国务院研究室综合一司司长刘日红在新华社19日推出的“中国经济圆桌会”大型全媒体访谈节目上表示,我国消费有许多亮点和潜力点可以挖掘,要通过改革来更好释放内需特别是消费潜力。
今年中央经济工作会议确定了明年九项重点任务,第一项是“大力提振消费、提高投资效益,全方位扩大国内需求”。在刘日红看来,内需特别是消费需求相对偏弱,这是制约国内大循环的一个突出症结所在,因此中央经济工作会议明确要求扩大国内需求。   如何全方位扩大国内需求?刘日红认为,首先要通过财政等各项政策增强居民消费能力、提升消费意愿。
中央经济工作会议提出,“适当提高退休人员基本养老金,提高城乡居民基础养老金,提高城乡居民医保财政补助标准”。他表示,这实际上是通过加大公共服务的投入,推动居民收入稳定增长,消除居民消费的后顾之忧。
“虽然这两年消费需求总体偏弱,但是还有很多的亮点和潜力点是可以挖掘的。”刘日红说,“比如演出、体育赛事、养老护理、婴幼儿照护等等,要挖掘这些消费的潜力,抓亮点、挖潜力,把中国消费进一步做大。”
他表示,要通过改革更好释放内需、特别是释放消费潜力。要通过构建全国统一大市场来释放内需潜力,促进要素和商品高效畅通流动,提高资源配置效率,让整个市场的产业优势、需求优势持续迸发出来。
“中国有1.7亿多的进城农民工和随迁家属,他们已经在城镇生活但是还没有落户。”刘日红说,要进一步推进以人为本的新型城镇化,支持常住地加大基础公共服务,让这些人在城市“落下来”,这也是助力改善民生、扩大内需的一举多得举措。(完)
1. 这是第十期“中国经济圆桌会”大型全媒体访谈节目录制现场。 新华社记者 李鑫 摄
2. 2024年8月6日,在山东港口烟台港,滚装船在装运外贸车辆(无人机照片)。 新华社发(唐克 摄)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.