Connect with us

International Organizations

အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံး (ICC) အနေဖြင့် ဆူဒန် တရားစီရင်ရေး အချုပ်အခြာအာဏာနှင့် သင့်လျော်သည့် စိုးရိမ်ပူပန်မှုများကို လေးစားရန် တရုတ်နိုင်ငံ တိုက်တွန်း

ဆူဒန်နိုင်ငံ အွန်ဘာမန်မြို့တွင် အခမဲ့ပေးဝေသော အစားအသောက်များအား တန်းစီစောင့်ယူနေကြသည့် အိုးအိမ်မဲ့ဒုက္ခသည်များကို ၂၀၂၄ ခုနှစ် ဩဂုတ် ၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ကုလသမဂ္ဂ၊ ဩဂုတ် ၆ ရက် (ဆင်ဟွာ)

အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံး (ICC) အနေဖြင့် ဒါဖာ(Darfur) အခြေအနေနှင့်သက်ဆိုင်သည့် စုံစမ်းစစ်ဆေးမှုကို ကိုင်တွယ်ရာတွင် 《ရောမ သဘောတူစာချုပ်》နှင့် လုံခြုံရေးကောင်စီ၏ အခွင့်အာဏာလွှဲအပ်မှုကို ဆက်လက်ခိုင်မာစွာ လိုက်နာရမည် ဖြစ်ကြောင်း၊ ဖြည့်စွက်မှုရှိသည့် တရားစီရင်ပိုင်ခွင့်အခြေခံမူကို တင်းကျပ်စွာ လိုက်နာရမည် ဖြစ်ကြောင်း၊ အမှီအခိုကင်းမှု၊ ဓမ္မဓိဌာန်ကျမှု၊ တရားမျှတမှုဖြင့် တရားဥပဒေနှင့်အညီ တာဝန်ထမ်းဆောင်ရမည်ဖြစ်ရာ ဆူဒန်၏တရားစီရင်ရေးအချုပ်အခြာအာဏာနှင့် သင့်လျော်မှုရှိသော စိုးရိမ်ပူပန်မှုများကို အပြည့်အဝ လေးစားရမည် ဖြစ်ကြောင်း ကုလသမဂ္ဂဆိုင်ရာ တရုတ်နိုင်ငံ ဒုတိယ အမြဲတမ်း ကိုယ်စားလှယ် သိုက်ပင်းက အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံး (ICC) ၏ ဆူဒန်နိုင်ငံနှင့်သက်ဆိုင်သည့် အရေးကိစ္စများအပေါ် လုံခြုံရေးကောင်စီ သုံးသပ်စဉ် ဩဂုတ် ၅ ရက်တွင် ပြောကြားခဲ့သည်။

တရုတ်နိုင်ငံအနေဖြင့် အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံး (ICC) နှင့်သက်ဆိုင်သည့် ရပ်တည်ချက်မှာ ပြောင်းလဲမှုမရှိကြောင်း သိုက်ပင်းက ပြောကြားခဲ့သည်။ တရုတ်နိုင်ငံအနေဖြင့် အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံး (ICC) က နိုင်ငံတကာနှင့်ဒေသရေးရာ အဓိက အမှုကိစ္စများကို ကိုင်တွယ်ရာတွင် နိုင်ငံရေးအသွင်ပြောင်းခြင်းနှင့် စံနှုန်းနှစ်မျိုးထားရှိခြင်းကို ရှောင်ရှားရန်၊ နိုင်ငံတကာ ဥပဒေကို တန်းတူညီမျှ အသုံးပြုရန်၊ အပြုသဘောဆောင်သည့် အခန်းကဏ္ဍမှ လက်တွေ့ပါဝင်ရန် မျှော်လင့်ကြောင်း ၎င်းက ပြောကြားခဲ့သည်။ (Xinhua)

…………………………
(Chinese Version)
中方呼吁国际刑事法院尊重苏丹司法主权和合理关切
新华社联合国8月5日电(记者潘云召)中国常驻联合国副代表戴兵5日在安理会审议国际刑事法院涉苏丹问题时发言表示,国际刑事法院在处理涉达尔富尔局势相关调查案件时,要继续坚守《罗马规约》和安理会授权,严格遵循补充性管辖原则,独立、客观、公正、依法行使职权,充分尊重苏丹的司法主权和合理关切。
戴兵表示,中方关于国际刑事法院的立场没有发生变化。中方希望国际刑事法院在处理涉及国际和地区热点的案件时,避免政治化和双重标准,平等适用国际法,切实发挥建设性作用。
1. 8月1日,在苏丹恩图曼市,流离失所的人们排队领取免费食物。新华社发(穆罕默德·海德尔摄)