Connect with us

China

ဗဟုအသွင်ခေတ်ကာလတွင် တည်ငြိမ်ချက်ကို ရှာဖွေ

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရို အဖွဲ့ဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိက မြူးနစ်လုံခြုံရေးညီလာခံသို့ တက်ရောက်ပြီး "တရုတ်သီးသန့်ဆွေးနွေးပွဲ" တွင် 《ပြောင်းလဲနေသည့် ကမ္ဘာကြီး၏ အပြုသဘောအင်အားအဖြစ် အခိုင်အမာ ဆောင်ရွက်သွားမည်》 ဟူသော ခေါင်းစဉ်ဖြင့် အမှာစကားပြောကြားနေသည်ကို ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီ ၁၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

မြူးနစ်၊ ဖေဖော်ဝါရီ ၁၇ ရက် (ဆင်ဟွာ)
ယခုနှစ် မြူးနစ်လုံခြုံရေးညီလာခံ (MSC) ၏ ခေါင်းစဉ်အနေဖြင့် “ဗဟုအသွင်” သည် ကမ္ဘာလုံးဆိုင်ရာ စည်းစနစ် ပြောင်းလဲမှုကို နက်နက်ရှိုင်းရှိုင်း ထင်ဟပ်စေသလို ညီလာခံရှိ အင်အားနှင့် အတွေးအခေါ် ပြောဆိုချက် အမျိုးမျိုး၏ အားပြိုင်မှုကလည်း ဤအချက်ကို သက်သေထူခဲ့သည်။ အမေရိကန်အစိုးရ အပြောင်းအလဲက သယ်ဆောင်လာသည့် မရေရာမှုမှသည် အတ္တလန္တိတ်ဖြတ်ကျော်ဆက်ဆံရေး၏ ကွဲအက်မှု နက်ရှိုင်းလာသည်အထိလည်းကောင်း၊ ကမ္ဘာ့တောင်ဘက်ခြမ်း ဦးမော့လာခြင်းမှသည် နိုင်ငံတကာစည်းမျဉ်းစည်းကမ်းစနစ်၏ ပြန်လည်ပုံသွင်းမှုအထိလည်းကောင်း၊ ကမ္ဘာကြီးသည် အင်အားပြိုင်ဆိုင်မှုအသစ်များနှင့် ရင်ဆိုင်ကြုံတွေ့နေရရာ ယခုအကြိမ် မြူးနစ်လုံခြုံရေးညီလာခံက ဗဟုအသွင်အား ဆုံချက်ထားဂရုပြုကြသည့် အချိန်နှင့်တိုက်ဆိုင်နေသည်။

ဤအပြောင်းအလဲ အခင်းအကျင်းများကြား တည်ငြိမ်ချက်ကို မည်သို့ ရှာဖွေမည်နည်း ဆိုသည်မှာ ကမ္ဘာ့နိုင်ငံ အသီးသီး ဘုံရင်ဆိုင်ကြုံတွေ့နေရသည့် အရေးကိစ္စ ဖြစ်လာပေသည်။

မြူးနစ်လုံခြုံရေးညီလာခံသည် အမေရိကန်-ဥရောပ ဆက်ဆံရေး ကွဲအက်သည့် မြင်ကွင်းကျယ် ဖြစ်ခဲ့သည်။ အမေရိကန် ဒုတိယ သမ္မတ JD Vance ၏ အမှာစကားတွင် ဒီမိုကရေစီ၊ လူဝင်မှုကြီးကြပ်ရေး စသည့် ပြဿနာများအပေါ် ဥရောပအား ဝေဖန်တိုက်ခိုက်မှုကြောင့် အခမ်းအနား၏ အငွေ့အသက်ကို နေရခက်စေသည်။ ဂျာမနီ၏ တုံ့ပြန်ချက်က အထူးပြင်းထန်ရာ ဂျာမနီ သမ္မတ Frank-Walter Steinmeier က “အမေရိကန် အစိုးရသစ်ရဲ့ ကမ္ဘာ့အမြင်က ကျွန်တော်တို့ လုံးဝ မတူညီပါဘူး။ ၎င်းက တည်ဆဲ စည်းမျဉ်းစည်းကမ်း၊ မိတ်ဖက်ဆက်ဆံရေးနဲ့ ရေရှည်တည်ဆောက်ထားတဲ့ ယုံကြည်မှုကို မလေးစားဘူး” ဟု ပြောကြားခဲ့သလို ဂျာမနီ ဝန်ကြီးချုပ် Olaf Scholz က “ကျွန်တော်တို့ရဲ့ ဒီမိုကရေစီ၊ ကျွန်တော်တို့ရဲ့ ရွေးကောက်ပွဲနဲ့ ဒီမိုကရေစီ ပြောကြားချက်” တွေအပေါ် ပြင်ပက စွက်ဖက်မှုကို ဂျာမနီအနေနဲ့ လက်ခံမှာ မဟုတ်ကြောင်း ပြောကြားခဲ့သည်။
ပြင်သစ် နိုင်ငံခြားရေးဝန်ကြီး Jean-Noël Barrot ကလည်း ပြင်ပက အတင်းအဓမ္မပေးသည့် ပုံစံကို ဥရောပ လက်မခံကြောင်းနှင့် “ကျွန်တော်တို့ ပုံစံကို ဘယ်သူကမှ အသုံးပြုပေးရမယ့် တာဝန်မရှိဘူး။ ဒါပေမဲ့လည်း ဥရောပအပေါ် ဘယ်သူကမှ ကိုယ့်ပုံစံကို အတင်းအဓမ္မပေးလို့ မရဘူး” ဟု လူမှုကွန်ရက်မီဒီယာတွင် စာဖြင့် ရေးသားပြောကြားခဲ့သည်။

အမေရိကန်၏ ကုန်သွယ်ရေးမူဝါဒအပေါ် ဥရောပကော်မရှင် ဥက္ကဋ္ဌ Ursula von der Leyen ၏ စိတ်ပျက်မှုက ဖုံးကွယ်မထားနိုင်ပေ။ ကုန်သွယ်ရေးစစ်ပွဲနှင့် ပြစ်ဒဏ်ပေးသည့်အသွင် စည်းကြပ်ခွန်က ဥရောပကို ထိခိုက်စေရုံသာမက အမေရိကန်စီးပွားရေးကိုပါ တန်ပြန်တိုက်စားလိမ့်မည် ဖြစ်ကြောင်း ၎င်းက တိုက်ရိုက်ပြောကြားခဲ့သည်။ အကယ်၍ ဥရောပသမဂ္ဂက “သင့်လျော်မှု မရှိသည့် စည်းကြပ်ခွန်ဒဏ်” ခံရမည်ဆိုလျှင် ဥရောပဘက်က လိုအပ်သည့် အစီအမံများကို မဖြစ်မနေ ဆောင်ရွက်ပြီး ဥရောပ စီးပွားရေး လုံခြုံမှုနှင့် ကုန်ထုတ်လုပ်ငန်း ယှဉ်ပြိုင်နိုင်စွမ်းကို ကာကွယ်ထိန်းသိမ်းရလိမ့်မည်ဟု ၎င်းက သတိပေးပြောကြားခဲ့သည်။ ယင်းရပ်တည်ချက်က လက်ရှိနိုင်ငံတကာရေးရာတွင် ဥရောပသမဂ္ဂ၏ မဟာဗျူဟာ ကိုယ်ပိုင်ရပ်တည်ရေး ကြိုးပမ်းချက်ကို ပေါ်လွင်စေသည့် တစ်ချိန်တည်းတွင်ပင် အမေရိကန်-ဥရောပ ဆက်ဆံရေး ရှုပ်ထွေးမှုအသွင်ကို ရင်ဆိုင်ကြုံတွေ့ရာတွင် ဥရောပသမဂ္ဂအနေဖြင့် အမေရိကန်၏ အကျပ်ကိုင်ဖိအားပေးမှုကို အစဉ် လက်သင့်ခံနေမည်မဟုတ်ဘဲ မိမိ၏ကိုယ်ပိုင် အကျိုးစီးပွားကို ပို၍အလေးထားကာ ပို၍လွတ်လပ်သော ကမ္ဘာ့ဇာတ်ကောင်အဖြစ်ရပ်တည်ရေး ကြိုးပမ်းသွားမည်ကို ဖော်ပြ‌နေပေသည်။

အမေရိကန်နှင့် ဥရောပအကြား အတ္တလန္တိတ်ဖြတ်ကျော်ဆက်ဆံရေးနှင့်စပ်လျဉ်း၍ မနားတမ်း အငြင်းပွားနေချိန်တွင် ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲမှု ဗဟိုချက်မက “တောင်ဘက်သို့” ရွေ့လျားလျက်ရှိသည်။ ခေတ်မမီတော့သည့် ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲမှု စနစ်က ဖွံ့ဖြိုးဆဲနိုင်ငံများ၏ အကျိုးစီးပွားနှင့် လိုအပ်ချက်ကို အပြည့်အဝ မထင်ဟပ်နိုင်တော့ဘဲ ဗဟုအသွင် ကမ္ဘာ့စည်းစနစ်ကသာ ကမ္ဘာ့တောင်ဘက်ခြမ်းနိုင်ငံများကို ပိုမိုကြီးမားသော ပြောရေးဆိုခွင့် ပေးနိုင်မည် ဖြစ်ပြီး နိုင်ငံတကာရေးရာတွင် ၎င်းတို့၏အသံကို ပို၍ အားကောင်းစေမည် ဖြစ်ကြောင်း မြူးနစ်လုံခြုံရေးညီလာခံ အစီရင်ခံစာက ထောက်ပြထားသည်။ ယခုနှစ်များတွင် တရုတ်၊ ဘရာဇီး စသည့် ထွန်းသစ်စဈေးကွက် နိုင်ငံများက စီးပွားရေးတိုးတက်မှု၊ သိပ္ပံနှင့် နည်းပညာ ဖွံ့ဖြိုးမှုနှင့် နိုင်ငံတကာရေးရာတွင် ဩဇာသက်ရောက်မှု ဆက်တိုက် မြင့်မားလာသည်။ ၂၀၂၅ ခုနှစ်တွင် ထွန်းသစ်စ ဈေးကွက်နှင့် ဖွံ့ဖြိုးဆဲနိုင်ငံများ၏ စီးပွားရေး တိုးတက်မှုနှုန်းမှာ ၄.၂ ရာခိုင်နှုန်းရှိမည် ဟု ခန့်မှန်းရပြီး ဖွံ့ဖြိုးပြီးစီးပွားရေးအစုအဖွဲ့များက သိသိသာသာ နောက်ကျမည်ဖြစ်ကြောင်း အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF) က ထုတ်ပြန်သည့် အစီရင်ခံစာတွင် ဖော်ပြထားသည်။ ယင်းနှင့်တစ်ချိန်တည်းတွင်ပင် BRICS အဖွဲ့ဝင်နိုင်ငံ တိုးချဲ့ခြင်း၊ G20 တွင် အာဖရိကသမဂ္ဂပါဝင်ခြင်း စသည့် ကိစ္စရပ်များသည် ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲမှုစနစ်တွင် အနောက် ဦးဆောင်မှုမှ ပို၍အသွင်စုံလင်ပြီး အားလုံးပါဝင်သော ဖွံ့ဖြိုးမှုပုံစံသို့ ပြောင်းလဲလာခြင်း၏ ပြယုဂ်ပင် ဖြစ်သည်။ ကမ္ဘာ့တောင်ဘက်ခြမ်းနိုင်ငံများက ဖွံ့ဖြိုးဆဲနိုင်ငံများ ပူးပေါင်းဆောင်ရွက်မှု၊ ဒေသတွင်း တစ်သားတည်းအသွင်ပြောင်းမှု စသည့် ယန္တရားများမှတစ်ဆင့် နိုင်ငံတကာ စည်းမျဉ်းစည်းကမ်း သတ်မှတ်မှုများ၌ တက်ကြွစွာ ပါဝင်ကာ ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲမှုစနစ် ပြုပြင်ပြောင်းလဲရေးကို တွန်းအားပေးကြသည်။ ဤအခြေအနေ အလားအလာမှာ စီးပွားရေးလက်တွေ့အင်အား၏ ပြန်လည်ချိန်ညှိမှုကို ဖော်ပြရုံသာမက ဖွံ့ဖြိုးဆဲနိုင်ငံများက ကမ္ဘ့ာရေးရာတွင် ပြောရေးဆိုခွင့်ကို မြှင့်တင်ခြင်း၊ ပိုမို တရားမျှတ၍ တရားနည်းလမ်းကျသော ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲမှုစနစ် တည်ဆောက်ရေးတွင် တွန်းအားသစ် ဖြည့်တင်းခြင်းအား ထင်ဟပ်ပေသည်။

ယခုအကြိမ် မြူးနစ်လုံခြုံရေးညီလာခံတွင် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိက “ဗဟုအသွင်ကမ္ဘာကြီးသည် သမိုင်း၏ မုချမသွေဖြစ်သလို လက်တွေ့လည်း ဖြစ်နေပြီ” ဟု ထောက်ပြ ပြောကြားခဲ့သည်။ တရုတ်နိုင်ငံသည် နိုင်ငံကြီးငယ်မရွေး တန်းတူညီမျှ ဖြစ်ရေးကို လက်ကိုင်ထားရာ နိုင်ငံတကာ စနစ်တွင် ဖွံ့ဖြိုးဆဲနိုင်ငံများ၏ ကိုယ်စားပြုမှုနှင့် ပြောရေးဆိုခွင့်ကို မြှင့်တင်ရန် တိုက်တွန်းခဲ့သည်။ ဗဟုအသွင်သည် စည်းစနစ်မရှိ ယှဉ်ပြိုင်ခြင်းကို ဆိုလိုခြင်း မဟုတ်သလို နိုင်ငံကြီးများ ထိပ်တိုက်ရင်ဆိုင်ခြင်းအဖြစ်သို့ ပို၍ မပြောင်းလဲသင့်ပေ။
တရုတ်နိုင်ငံ အဆိုပြုသည့် တန်းတူညီမျှ ဆက်ဆံရေးကို တိုက်တွန်းအားပေးခြင်း၊ နိုင်ငံတကာ တရားဥပဒေစိုးမိုးရေးကို လေးစားခြင်း၊ နိုင်ငံစုံ ပူးပေါင်းဆောင်ရွက်ရေးဝါဒကို ဖော်ဆောင်ခြင်း၊ တံခါးဖွင့်လှစ်မှုဖြင့် ဘုံအကျိုးဖော်ဆောင်ရေးအား အခိုင်အမာဆောင်ရွက်ခြင်း ဟူသော အဆိုပြချက် ၄ ရပ်မှာ လက်ရှိ နိုင်ငံတကာအသိုက်အဝန်း၏ လက်တွေ့စိန်ခေါ်မှုများကို ဖြေကြားခြင်းဖြစ်သလို ဗဟုအသွင်ကမ္ဘာက ရင့်ကျက်၍ တည်ငြိမ်သော ဖွံ့ဖြိုးတိုးတက်ရေးဆီသို့ လျှောက်လှမ်းရန်အတွက် လမ်းညွှန်မှုနှင့် ဦးတည်ချက် ပံ့ပိုးပေးခြင်းလည်း ဖြစ်သည်။ တရုတ်နိုင်ငံသည် နှစ်ပေါင်းများစွာ အသိအမြင်နှင့် လက်တွေ့ တစ်သားတည်း ဆောင်ရွက်ခြင်းဖြင့် ကမ္ဘာ့ငြိမ်းချမ်းရေး၊ တိုးတက်ရေးကို တွန်းအားပေးရန်အတွက် မဆုတ်မနစ်ကြိုးပမ်းခဲ့ပေသည်။ ယူကရိန်းအကျပ်အတည်းတွင် တရုတ်နိုင်ငံက ငြိမ်းချမ်းရေးအတွက် အစဉ်အမြဲ ပြေးလွှားလှုပ်ရှားခဲ့သလို ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးမှုအတွက်လည်း ကြိုးပမ်းခဲ့သည်။ အရှေ့အလယ်ပိုင်းပြဿနာတွင် တရုတ်နိုင်ငံက ဆော်ဒီအာရေဗျနှင့် အီရန် သံတမန်ရေး ပြန်လည်ဆက်သွယ်ရေးနှင့် ပါလက်စတိုင်းပြည်တွင်းရင်ကြားစေ့ရေးကို ဖြစ်မြောက်အောင် ဆောင်ရွက်ခဲ့သည်။ ဘုံဖွံ့ဖြိုးတိုးတက်ရေးကိစ္စရပ်တွင် တရုတ်နိုင်ငံက နိုင်ငံပေါင်း ၁၆၀ ကျော်ကို ဖွံ့ဖြိုးတိုးတက်ရေး အကူအညီများပေးခြင်း၊ နိုင်ငံပေါင်း ၁၅၀ ကျော်နှင့် လက်တွဲကာ “ရပ်ဝန်းနှင့် ပိုးလမ်းမ” အတူတကွ တည်ဆောက်ခဲ့ခြင်း၊ တရုတ်-အာဆီယံ ပူးပေါင်းဆောင်ရွက်မှု ယန္တရား၊ တရုတ်-အာဖရိက ပူးပေါင်းဆောင်ရွက်မှု ဖိုရမ်၊ တရုတ်- လက်တင်အမေရိကနှင့် ကာရေဘီယံနိုင်ငံများ အသိုက်အဝန်း ဖိုရမ်၊ တရုတ်-အာရပ်နိုင်ငံများ ပူးပေါင်းဆောင်ရွက်မှု ဖိုရမ် စသည့် “1+N” ဖွံ့ဖြိုးဆဲနိုင်ငံပေါင်းစုံ ပူးပေါင်းဆောင်ရွက်မှု ပလက်ဖောင်းများ တည်ဆောက်ခြင်း…ဤလက်တွေ့ဖော်ဆောင်မှုများက တရုတ်နိုင်ငံသည် ဗဟုစနစ်၏ သေချာရေရာသည့် အကြောင်းတရားဖြစ်ပြီး ကမ္ဘာ့ရေးရာတွင် အပြုသဘောဆောင်သည့်အခန်းကဏ္ဍမှ ပါဝင်ကာ နိုင်ငံတကာအသိုက်အဝန်းအတွက် ဗဟုအသွင် ခေတ်ကာလ၏ “တည်ငြိမ်ချက်” ကို ပံ့ပိုးပေးခြင်းအား ဖော်ပြပေသည်။

ဗဟုအသွင်ဖွံ့ဖြိုးတိုးတက်သည့် ကမ္ဘာ့အလားအလာသည် အရှိန်အဟုန်မြင့်မြင့် ကမ္ဘာကို ပြန်ပုံသွင်းလျက်ရှိပေသည်။ ယင်းမှာ ခေတ်ကာလ၏ ရွေးချယ်မှု ဖြစ်သလို လူသားမျိုးနွယ်တို့ ကြိုးပမ်းရှာဖွေနေကြသော တရားမျှတမှုနှင့် အတူတကွ စည်ပင်ဝပြောမှု၏ မလွဲမသွေ ဖြစ်သည်။ အတိတ်ကာလက နိုင်ငံအနည်းစု ဦးဆောင်သည့် နိုင်ငံတကာ စည်းစနစ်သည် ယိုယွင်းလျက်ရှိပြီး ထွန်းသစ်စဈေးကွက် အဖွဲ့အစည်းများနှင့် ဖွံ့ဖြိုးဆဲနိုင်ငံများက တက်ကြွသောအားမာန်နှင့် ကမ္ဘာ့ဇာတ်ခုံပေါ်သို့ တက်ရောက်လာကြပြီ ဖြစ်သည်။ ကမ္ဘာ့တောင်ဘက်ခြမ်း ဦးမော့လာခြင်းက စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု၏ အံ့ဖွယ်ကို ဆောင်ကြဉ်းပေးရုံသာမက ကမ္ဘာလုံးဆိုင်ရာ စီမံအုပ်ချုပ်မှု၏ အင်အားနှင့်မျှော်လင့်ချက် အသစ်များကို ပို၍ပေးစွမ်းလာသည်။

ဗဟုအသွင် ဆိုသည်မှာ ကွဲပြဲခြင်းမဟုတ်သည့် အားလုံးပါဝင်မှု၊ ထိပ်တိုက်ရင်ဆိုင်မှု မဟုတ်သည့် ပူးပေါင်းဆောင်ရွက်မှုပင် ဖြစ်သည်။ အားလုံးပါဝင်သည့် ဖွံ့ဖြိုးတိုးတက်မှု၊ ပူးပေါင်းဆောင်ရွက်သည့် အတူတိုးတက်မှုသည် ဗဟုအသွင်ခေတ်ကာလ၏ တည်ငြိမ်ချက်ဖြစ်ကာ ကမ္ဘာကြီးအတွက် ပို၍ အသွင်စုံလင်သော အသံ၊ ပို၍ တန်းတူညီမျှသော အခွင့်အလမ်းများကို ပံ့ပိုးပေးပြီး ဥတုရာသီပြောင်းလဲမှု၊ ဆင်းရဲချမ်းသာ ကွာဟမှု စသည့် ကမ္ဘာလုံးဆိုင်ရာ စိန်ခေါ်မှုကို ဖြေရှင်းရေးအတွက် အားသစ်လောင်းပေးမည်ဖြစ်သည်။ ဗဟုအသွင်၏အနာဂတ်မှာ နိုင်ငံအားလုံး၏ အနာဂတ်နှင့်သက်ဆိုင်သလို လူသားမျိုးနွယ် အေးအတူ ပူအမျှ အသိုက်အဝန်း အတူလက်တွဲတည်ဆောက်ရေး၏ တောက်ပသောလမ်း ဖြစ်ပေသည်။ (Xinhua)

………………………..
(Chinese Version)
随笔|在多极化时代寻找稳定的锚点
新华社德国慕尼黑2月16日电 题:在多极化时代寻找稳定的锚点   新华社记者李函林
作为今年慕尼黑安全会议(慕安会)的主题,“多极化”深刻反映了全球秩序的变迁,会上各种力量和言论思想的交锋也印证了这一点。从美国政府更迭带来的不确定性,到跨大西洋关系的裂痕加深,从全球南方的崛起,到国际规则体系的重塑,世界正面临新的力量对比,本次慕安会聚焦多极化正当其时。如何在这一变局中寻找稳定的锚点,成为世界各国共同面临的课题。
慕安会成了美欧关系裂痕的放大镜。美国副总统万斯在讲话中就民主、移民等问题抨击欧洲,现场气氛甚为尴尬。德国方面的反应尤为强烈,德国总统施泰因迈尔指出:“新一届美国政府的世界观与我们截然不同,它不尊重既定规则、伙伴关系和长期建立的信任。”德国总理朔尔茨说,德国不会接受外来者干涉“我们的民主、我们的选举和民主舆论”。法国外长巴罗也在社交媒体发文说,欧洲不接受外部强加的模式。“没有人有义务采用我们的模式,但也没有人能将自己的模式强加给欧洲。”
欧盟委员会主席冯德莱恩难掩对美方贸易政策的失望。她直言贸易战和惩罚性关税不仅会损害欧洲,也会反噬美国经济。她警告,若欧盟遭受“不合理的关税”,欧方将不得不采取必要措施,维护欧洲经济安全和产业竞争力。这一立场凸显了欧盟在当前国际局势下寻求战略自主的努力,同时也表明,面对美欧关系的复杂化,欧盟不会一味接受美国的胁迫,而是将更加注重自身利益,寻求更具独立的全球角色。
当美欧围绕跨大西洋关系争论不休之际,全球治理的重心正“向南”转移。慕安会报告指出,已经过时的全球治理体系未能充分反映发展中国家的利益和诉求,多极化世界秩序将给予全球南方国家更大话语权,使其在国际事务中的声音更加有力。近年来,中国、巴西等新兴市场国家在经济增长、科技发展和国际事务中的影响力持续上升。国际货币基金组织发布的报告显示,2025年新兴市场和发展中国家的经济增速预计为4.2%,而发达经济体则显著落后。与此同时,金砖国家扩员、非盟加入二十国集团等事件,标志着全球治理体系正从西方主导转向更加多元化和包容性发展的模式。全球南方国家通过南南合作、区域一体化等机制,积极参与国际规则制定,推动全球治理体系改革。这一趋势不仅体现了经济实力的重新调整,也反映了发展中国家在全球事务中话语权的提升,为构建更加公正合理的全球治理体系注入了新动力。
在此次慕安会上,中共中央政治局委员、外交部长王毅指出:“多极化的世界既是历史的必然,也正在成为现实。”中国主张大小国家一律平等,呼吁提升发展中国家在国际体系中的代表性和发言权。多极化并不意味着无序竞争,更不应演变为大国对抗。   中方提出的倡导平等相待、尊重国际法治、践行多边主义、坚持开放共赢四点主张,既回应了当下国际社会的现实挑战,也为多极化世界迈向成熟稳定发展提供了指引和方向。多年来中国知行合一,为推动世界和平发展作出了不懈努力。在乌克兰危机上,中方始终为和平奔走、为促谈努力;在中东问题上,中国促成沙特和伊朗复交以及巴勒斯坦内部和解;在共同发展问题上,中国向160多个国家提供发展援助,同150多个国家携手共建“一带一路”,建立中国-东盟合作机制、中非合作论坛、中拉论坛、中阿论坛等“1+N”南南多边合作平台……这些实践不仅展现了中国是多极体系中的确定性因素,在全球事务中发挥建设性作用,也为国际社会提供了多极化时代的“稳定锚点”。
多极化发展的全球趋势正以磅礴之势重塑世界,这是时代的选择,也是人类追求公平与共荣的必然。过去由少数国家主导的国际秩序正在被打破,新兴市场经济体和发展中国家以蓬勃的活力登上世界舞台。全球南方的崛起,不仅带来了经济发展的奇迹,更赋予了全球治理新的力量与希望。
多极化不是分裂,而是包容;不是对抗,而是合作。包容发展、合作共进将是多极化时代的稳定之锚,它为世界提供了更多元的声音、更平等的机遇,也为解决气候变化、贫富差距等全球性挑战注入了新动能。多极化的未来,是属于所有国家的未来,是人类携手共建命运共同体的光明之路。(完)
1. 2月14日,中共中央政治局委员、外交部长王毅出席慕尼黑安全会议,在“中国专场”发表题为《坚定做变革世界中的建设性力量》的致辞。 新华社记者 张帆 摄