NPC
စားသုံးမှု မြှင့်တင်ရေးတွင် ကဏ္ဍ ၃ ရပ်ကို ရှင်းလင်းပြတ်သားစွာ အားစိုက်ရမည် ဖြစ်ကြောင်း အစိုးရ လုပ်ငန်းအစီရင်ခံစာ မူကြမ်းရေးဆွဲရေးအဖွဲ့ဝင် ပြောကြား

ပေကျင်း၊ မတ် ၇ ရက် (ဆင်ဟွာ)
ယခုနှစ် အစိုးရ လုပ်ငန်းအစီရင်ခံစာတွင် ပြည်တွင်းဝယ်လိုအား တိုးချဲ့မှုကို ပထမ လုပ်ငန်းတာဝန် တစ်ရပ်အဖြစ် ထည့်သွင်းထားရာ “ပြည်တွင်းဝယ်လိုအားကို ဘက်စုံထောင့်စေ့အောင် တိုးချဲ့” ရမည်ဖြစ်ကြောင်း အလေးထားဖော်ပြခဲ့သည်။
စားသုံးမှု မြှင့်တင်ရေး အထူးလှုပ်ရှားမှုကို အကောင်အထည်ဖော်ရမည် ဖြစ်သလို ပြည်တွင်းဝယ်လိုအား အလားအလာကို နှိုးဆွရမည် ဖြစ်ကြောင်း၊ စားသုံးမှုစွမ်းရည်မြှင့်တင်ခြင်း၊ အရည်အသွေးကောင်းမွန်သည့် ပံ့ပိုးမှုများ တိုးမြှင့်ပေးခြင်း၊ စားသုံးမှုပတ်ဝန်းကျင် ကောင်းမွန်အောင် ပြုပြင်ခြင်း စသည့် ကဏ္ဍသုံးရပ်ကို ရှင်းလင်းပြတ်သားစွာ အားစိုက်ရမည် ဖြစ်ကြောင်း အစိုးရလုပ်ငန်းအစီရင်ခံစာ မူကြမ်းရေးဆွဲရေးအဖွဲ့ အဖွဲ့ဝင်၊ နိုင်ငံတော်ကောင်စီ သုတေသနရုံး အထွေထွေရေးရာဌာန (၁) ၏ ဒုတိအကြီးအကဲ ဟွမ်လျန်ဟောက်က ဆင်ဟွာသတင်းဌာန၏ မတ် ၆ ရက်တွင် စီစဉ်ကျင်းပသော “တရုတ်စီးပွားရေး စကားဝိုင်းဆွေးနွေးပွဲ” All Media တွေ့ဆုံဆွေးနွေးပွဲ အစီအစဉ်ကြီး၌ ပြောကြားခဲ့သည်။
“ပထမကတော့ စားသုံးမှု စွမ်းရည်ကို မြှင့်တင်ခြင်း ဖြစ်ပါတယ်။ ဆိုလိုတာက စားသုံးနိုင်ဖို့ ငွေရှိရမယ်ဆိုတဲ့ ကိစ္စကို ဖြေရှင်းရမယ်၊ ဒါက အခြေခံအကျဆုံးပါ” ဟု ဟွမ်လျန်ဟောက်က ပြောကြားခဲ့သည်။
နေထိုင်သည့်ပြည်သူများ ဝင်ငွေတိုးပွားရေးကို နည်းလမ်းများစွာဖြင့် မြှင့်တင်ပေးရန်၊ ဝင်ငွေ အလယ်အလတ်နှင့် ဝင်ငွေနည်းပါးသော လူအုပ်စုများ ဝင်ငွေတိုးပွားလာပြီး ဝန်ဖိအားလျော့နည်းစေရန်၊ လူမှုအသိုက်အဝန်း အာမခံချက်နှင့် ဝန်ဆောင်မှုမူဝါဒ ပြည့်စုံကောင်းမွန်အောင် တွန်းအားပေးရန် စသည်တို့နှင့် စပ်လျဉ်း၍ အစိုးရလုပ်ငန်းအစီရင်ခံစာတွင် ရှင်းလင်းပြတ်သားသည့် တောင်းဆိုချက်များကို အဆိုပြုထားကြောင်း ၎င်းက ပြောကြားခဲ့သည်။
ဒုတိယအနေဖြင့် အရည်အသွေးကောင်းမွန်သည့် ပံ့ပိုးမှုများ တိုးမြှင့်ပေးခြင်း ဖြစ်သည်။ ဝယ်လိုအားရှိပြီး ထိရောက်သည့် ပံ့ပိုးမှုမလုံလောက်ခြင်းကလည်း စားသုံးမှုအပေါ် သက်ရောက်သည့် အရေးကြီးကိစ္စရပ် တစ်ခုဖြစ်ကြောင်း ဟွမ်လျန်ဟောက်က ပြောကြားခဲ့သည်။ စီးပွားရေးလည်ပတ်မှုစက်ဝန်း ရှုထောင့်မှဆိုလျှင် လူတစ်ဦး၏စားသုံးမှုက အခြားလူတစ်ဦး၏ ဝင်ငွေဖြစ်သောကြောင့် စားသုံးမှု၊ ပံ့ပိုးမှု ဖွဲ့စည်းပုံ၏ ဒွိဟဖြစ်မှုကို တက်ကြွစွာ ဖြေရှင်းကာ အလွှာအသီးသီး၏ စားသုံးမှုလိုအပ်ချက်ကို ပို၍ ကောင်းမွန်စွာ ဖြည့်ဆည်းပေးရမည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။
တတိယအနေဖြင့် စားသုံးမှု ပတ်ဝန်းကျင်ကို ကောင်းမွန်အောင် ပြုပြင်ရမည် ဖြစ်သည်။ ဟွမ်လျန်ဟောက်က ယင်းမှာ အားလုံးတုံ့ပြန်ချက်ပေးသော ပေါ်လွင်ထင်ရှားသည့် စားသုံးမှုကိစ္စရပ်ကို အဓိကဖြေရှင်းပြီး စားသုံးမှု ကိုယ်တွေ့ခံစားချက်ကို ကောင်းမွန်အောင် ပြုပြင်ကာ စားသုံးမှုဆန္ဒကို မြှင့်တင်ရမည့် အဓိပ္ပာယ် ဖြစ်ကြောင်း ဟွမ်လျန်ဟောက်က ပြောကြားခဲ့သည်။
ရင်းနှီးမြှုပ်နှံမှုကဏ္ဍတွင် အစိုးရလုပ်ငန်းအစီရင်ခံစာက ထိရောက်သော ရင်းနှီးမြှုပ်နှံမှုများကို တက်ကြွစွာ တိုးချဲ့ရန်၊ ရင်းနှီးမြှုပ်နှံမှု အကျိုးစီးပွားကို မြှင့်တင်ရန် အလေးအနက် ဖော်ပြခဲ့ပြီး အစိုးရ ရင်းနှီးမြှုပ်နှံရေးကိရိယာများ၏ အခန်းကဏ္ဍကို ကောင်းမွန်စွာ အသုံးပြုမှု၊ ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံမှု ဖွံ့ဖြိုးတိုးတက်ရေးကို ထောက်ခံအားပေးမှု စသည်တို့အား ဖြန့်ကြက်စီမံခဲ့သည်။ ကုမ္ပဏီလုပ်ငန်းနှင့် စားသုံးသူအတွက်ဆိုလျှင် ပြည်တွင်း ဝယ်လိုအားမှာ မိမိနေရပ်၌ရှိသော ရွှေ့ပြောင်းမရသည့် ဈေးကွက်ဖြစ်သလို ယူ၍မဆုံးနိုင်သော “ရတနာသိုက်” လည်း ဖြစ်သည်။ ပြည်တွင်းလိုအပ်ချက်ကို တိုးချဲ့ခြင်းက ဈေးကွက်ဝင်ဆံ့နိုင်မှုပမာဏကို ပို၍ ကြီးမားစေသလို စီးပွားရေးစက်ဝန်း လည်ပတ်စီးဆင်းမှုကို ပို၍ အားကောင်းစေကာ ဖွံ့ဖြိုးတိုးတက်မှု အခွင့်အလမ်းများ ပို၍ များပြားစေသည့် အနက်အဓိပ္ပာယ် ဖြစ်သည်။
တစ်ချိန်တည်းတွင်ပင် စီးပွားရေးလည်ပတ်မှု ဝန်ဖိအားခံနေရသည့် နောက်ခံအခြေအနေတွင် ပြည်သူ့ဘဝ စားဝတ်နေရေးအား မည်သို့ ပိုမိုအာမခံနိုင်မည်နည်းနှင့်စပ်လျဉ်း၍ ဟွမ်လျန်ဟောက်က ယခုနှစ် အစိုးရ လုပ်ငန်းအစီရင်ခံစာတွင် အဓိကအရေးကြီးသည့် အတွေးအခေါ်နှင့် တောင်းဆိုချက်တစ်ခုကို အဆိုပြုခဲ့ကြောင်း၊ ယင်းမှာ စီးပွားရေးမူဝါဒ၏ အားစိုက်မှုသည် ပြည်သူ့နေထိုင်မှုဘဝ အကျိုးဖြစ်ထွန်းရေး၊ စားသုံးမှု မြှင့်တင်ရေးသို့ ရွေ့လျားရန်၊ မက်ခရိုမူဝါဒ၏ ပြည်သူ့နေထိုင်မှုဘဝ ဦးတည်ချက်ကို အားဖြည့်ရန် အလေးထားဖော်ပြခဲ့သည်ဟု ပြောကြားခဲ့သည်။
“ဒါက မက်ခရိုမူဝါဒ ရေးဆွဲသတ်မှတ်ခြင်း၊ မက်ခရိုညှိနှိုင်းထိန်းချုပ်မှုကို အားဖြည့်ခြင်းရဲ့ အဓိကအရေးကြီးတဲ့ ဆန်းသစ်တီထွင်မှုဖြစ်ပါတယ်” ဟု ဟွမ်လျန်ဟောက်က ပြောကြားခဲ့သည်။ စီးပွားရေးတိုးတက်မှုနှင့် ပြည်သူ့နေထိုင်မှုဘဝ ကောင်းမွန်အောင် ပြုပြင်ရေးက အပြန်အလှန် တွန်းအားပေးသည့်ဆက်နွှယ်မှုရှိကြောင်း၊ စီးပွားရေးလည်ပတ်မှု ဝန်ဖိအားခံရခြင်း၊ ထိရောက်သော ဝယ်လိုအား မလုံလောက်ခြင်းတို့ ဖြစ်ပွားချိန်တွင် ပြည်သူ့နေထိုင်မှုဘဝ လုပ်ငန်းများကို ကောင်းမွန်အောင် ဆောင်ရွက်ရန်မှာ ပို၍ အရေးကြီးကြောင်း၊ “ပြည်သူ့နေထိုင်မှုဘဝ ကောင်းမွန်အောင် ပြုပြင်ရေး၊ ဝယ်လိုအား တိုးချဲ့ရေး၊ စီးပွားရေးတိုးတက်ရေး” ၏ မှန်ကန်သော လည်ပတ်မှုစက်ဝန်းဖြစ်ပေါ်အောင် ကြိုးပမ်းရမည် ဖြစ်ကြောင်း ၎င်းကပြောကြားခဲ့သည်။ (Xinhua)
——————-
(Chinese Version)
中国经济圆桌会|政府工作报告起草组成员:提振消费要明确三方面发力点
新华社北京3月6日电(记者樊曦、王优玲)今年政府工作报告把扩大内需作为工作任务的第一条,强调要“全方位扩大国内需求”。政府工作报告起草组成员、国务院研究室综合一司副司长黄良浩在新华社6日推出的“中国经济圆桌会”大型全媒体访谈节目上表示,实施提振消费专项行动,激发内需潜力,需要从提升消费能力、增加优质供给、改善消费环境三方面明确发力点。
“一是提升消费能力,也就是解决有钱消费的问题,这是最基础的。”黄良浩表示,政府工作报告就多渠道促进居民增收、推动中低收入群体增收减负、完善社会保障和服务政策等提出了明确要求。
二是增加优质供给。黄良浩表示,有需求但有效供给不足,也是影响消费的一个重要问题。从经济循环的角度讲,一个人的消费就是另一个人的收入,所以要积极破解消费供给的结构性矛盾,更好满足多层次消费需求。
三是改善消费环境。黄良浩表示,这意味着要重点解决大家反映突出的消费问题,改善消费体验,提升消费意愿。
投资方面,政府工作报告强调要积极扩大有效投资、提高投资效益,就发挥好各类政府投资工具作用、支持和鼓励民间投资发展等作出部署。对企业和消费者来说,内需是自己家里搬不走的市场,是取之不尽的“聚宝盆”。扩大内需意味着市场容量越来越大,经济循环越来越强,发展机会越来越多。
与此同时,在经济运行承压的背景下,如何进一步保障民生?黄良浩表示,今年政府工作报告提出了一个重要理念和要求,就是强调经济政策的着力点更多转向惠民生、促消费,强化宏观政策民生导向。
“这是制定宏观政策、加强宏观调控上的重要创新。”黄良浩表示,经济发展和民生改善是相互促进的关系。经济运行承压、有效需求不足的时候,更要重视做好民生工作,努力形成“民生改善、需求扩张、经济增长”的正向循环。(完)