Connect with us

Asia

တရုတ်-အာဆီယံ မီဒီယာနှင့် တတ်သိပညာရှင်များ အဆင့်မြင့်ဖိုရမ်တွင် ယဉ်ကျေးမှု အပြန်အလှန် လေ့လာဖလှယ်ရေးကို မြှင့်တင်၍ ကမ္ဘာ့တောင်ဘက်ခြမ်းနိုင်ငံများ ပူးပေါင်းဆောင်ရွက်မှု စံနမူနာပြနိုင်ရန် မျှော်လင့်ကြောင်း ဖိုရမ်တက်ရောက်လာသော ဧည့်သည်တော်များဆို

ကွာလာလမ်ပူ၊ ဧပြီ ၁၁ ရက် (ဆင်ဟွာ)
ဧပြီလအချိန် မလေးရှားနိုင်ငံ ကောင်းကင်ကျယ်ကြီးတွင် တိမ်လိပ်လေးများဖြင့် ရာသီဥတု စိမ်းစိုလျက်ရှိသည်။ တရုတ်နိုင်ငံနှင့် အာဆီယံနိုင်ငံအသီးသီးမှ မီဒီယာများ၊ တတ်သိပညာရှင်များ (Think Tank) ၊ အစိုးရဌာနများ၊ လုပ်ငန်းကုမ္ပဏီများမှ ဧည့်သည်တော်ပေါင်း ၂၀၀ ကျော်သည် မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့၌ စုစည်းကာ ဧပြီ ၁၁ ရက်တွင် ဖွင့်လှစ်ကျင်းပမည့် တရုတ်-အာဆီယံ မီဒီယာနှင့် တတ်သိပညာရှင်များ အဆင့်မြင့်ဖိုရမ်အား တက်ရောက်၍ ချစ်ကြည်ရင်းနှီးမှုနှင့် ဖွံ့ဖြိုးတိုးတက်မှုများအကြောင်း အတူတကွ ဆွေးနွေးရန် ပြင်ဆင်နေကြသည်။ ဖိုရမ်တက်ရောက်လာသော ဧည့်သည်တော်များက ဖိုရမ်မှတစ်ဆင့် အသွင်စုံလင်သော ယဉ်ကျေးမှု အပြန်အလှန် လေ့လာဖလှယ်ရေးအား တိုးမြှင့်ကာ ကမ္ဘာ့တောင်ဘက်ခြမ်းနိုင်ငံများ ပူးပေါင်းဆောင်ရွက်မှု စံနမူနာပြနိုင်ရေးအတွက် ယုံကြည်ချက်နှင့် မျှော်လင့်ချက်များ အပြည့်ရှိနေကြသည်။
မလေးရှားနိုင်ငံ ဒေသတွင်း မဟာဗျူဟာလေ့လာရေးစင်တာ (CROSS) ဒုတိယဥက္ကဋ္ဌ Tan Kar Hing က အာဆီယံနိုင်ငံအများစု၏အမြင်တွင် တရုတ်နိုင်ငံသည် ကမ္ဘာ့နိုင်ငံကြီးဖြစ်ရုံသာမက နက်ရှိုင်းသော သမိုင်းကြောင်း၊ ယဉ်ကျေးမှုချိတ်ဆက်မှုနှင့် စီးပွားရေးဆက်ဆံမှုများရှိသည့် ချစ်ကြည်ရင်းနှီးသော အိမ်နီးချင်းနိုင်ငံလည်းဖြစ်သည်ဟု ပြောကြားခဲ့သည်။ ယခုအကြိမ်ဖိုရမ်သည် တက်ကြွမှုများပြည့်ဝနေသော ပလက်ဖောင်းတစ်ခုဖြစ်လာပြီး တရုတ်နိုင်ငံနှင့် အာဆီယံနိုင်ငံများက မီဒီယာနှင့် တတ်သိပညာရှင်များကဏ္ဍတွင် ပူးပေါင်းဆောင်ရွက်မှုအား ထဲထဲဝင်ဝင် လုပ်ဆောင်နိုင်ရန် မျှော်လင့်ကြောင်း၊ တစ်ကမ္ဘာလုံး သတင်းအချက်အလက်များ အပိုင်းပိုင်း အစစဖြစ်နေသည့် လက်ရှိအခြေအနေတွင် ကမ္ဘာ့တောင်ဘက်ခြမ်းနိုင်ငံများ၏ အမြင်ရှုထောင့်နှင့် ဖြစ်ရပ်မှန်အား ထင်ဟပ်စေရန် မိမိတို့သည် ပိုမိုဓမ္မဓိဋ္ဌာန်ကျ၍ ဟန်ချက်ညီသော တင်ဆက်မှုကို အတူတကွ ကြိုးပမ်းတည်ဆောက်ရမည်ဖြစ်ကြောင်း ၎င်းကပြောကြားခဲ့သည်။
“အနောက်တိုင်းမီဒီယာတွေ လွှမ်းမိုးထားတဲ့ တင်ဆက်မှုဟာ အမြဲတစေ တစ်ဖက်သတ်ဆန်လွန်းပြီး ကမ္ဘာ့တောင်ဘက်ခြမ်းနိုင်ငံတွေရဲ့ လက်တွေ့ဖွံ့ဖြိုးတိုးတက်မှုနဲ့ အောင်မြင်မှုတွေကို လျစ်လျူရှုထားပါတယ်။ ဒီလိုမျိုး သတင်းအချက်အလက် ဗိုလ်ကျမှုဟာ အထင်အမြင်လွဲမှုဖြစ်လာစေပြီး အပြန်အလှန်ယုံကြည်မှုများကို တိုက်စားကာ နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုအတွက် မမြင်ရသော အတားအဆီးတွေ ဖြစ်လာစေနိုင်ပါတယ်” ဟု Tan Kar Hing က ဆိုသည်။ ဖိုရမ်တွင် သတင်းတုသတင်းမှားများအား မည်ကဲ့သို့တိုက်ဖျက်ရန်၊ အပြန်အလှန် ယုံကြည်မှုမြှင့်တင်ရန်၊ လေးစားကာ အားလုံးပါဝင်မှုနှင့် အတူတကွဖွံ့ဖြိုးတိုးတက်မှုအပေါ် အခြေခံသော ဒေသတွင်းအနာဂတ် တည်ဆောက်ရန် စသည့်ကဏ္ဍများနှင့် စပ်လျဉ်း၍ ထိရောက်မှုရှိသော မည်ကဲ့သို့တွေ့ဆုံဆွေးနွေးမှုများ လုပ်ဆောင်နိုင်မည်ကို မျှော်လင့်ကြောင်းလည်း ၎င်းက ပြောကြားခဲ့သည်။
တရုတ်နိုင်ငံသို့ အကြိမ်များစွာ ခရီးစဉ်သွားရောက်ဖူးသော ကမ္ဘောဒီးယားနိုင်ငံ ၂၁ ရာစုနှစ် ပင်လယ်ရေကြောင်းပိုးလမ်းမ သုတေသနစင်တာ (CMSRRC) ဌာနမှူး Neak Chandarith က “ကျွန်တော့်ရင်ထဲမှာတော့ တရုတ်နိုင်ငံဟာ ရှေးဟောင်းယဉ်ကျေးမှုနဲ့ ယနေ့ခေတ်တက်ကြွမှုတွေကို ပေါင်းစပ်ထားတဲ့ စံနမူနာပါပဲ။ ဖိုရမ်ဟာ ယဉ်ကျေးမှုဆွေးနွေးမှုအတွက် ပေါင်းကူးတံတားဖြစ်လာဖို့ မျှော်လင့်ပါတယ်။ ကျွန်တော်တို့က အနောက်တိုင်းတင်ဆက်မှုရဲ့ လက်ဝါးကြီးအုပ်မှုကို ချိုးဖျက်ရမယ့်အပြင် အာဆီယံ-တရုတ် ပူးပေါင်းဆောင်ရွက်မှုရလဒ်ကိုလည်း တင်ဆက်ရမှာဖြစ်ပါတယ်။ ဖိုရမ်က မီဒီယာ ပူးပေါင်းဆောင်ရွက်မှု စီမံကိန်း၊ လူငယ်အကြောင်းအရာ ဖန်တီးတင်ဆက်မှု၊ သတင်းတု သတင်းမှားများ တိုက်ဖျက်မှု မဟာဗျူဟာ စတဲ့ကဏ္ဍတွေမှာ များပြားတဲ့ရလဒ်တွေ ရရှိပြီး ကမ္ဘော့ဒီးယား-တရုတ် နှစ်နိုင်ငံပြည်သူတွေကို အပြန်အလှန်အကျိုးဖြစ်ထွန်းစေတဲ့ ပူးပေါင်းဆောင်ရွက်မှုရလဒ်များ တင်ဆက်ပေးကာ ကမ္ဘာ့တောင်ဘက်ခြမ်းနိုင်ငံတွေအတွက် စံနမူနာပြနိုင်ဖို့ မျှော်လင့်ပါတယ်” ဟု ပြောကြားခဲ့သည်။
“ယဉ်ကျေးမှု အပြန်အလှန် လေ့လာဖလှယ်ရေးရဲ့ လိုအပ်ချက်ကတော့ ယဉ်ကျေးမှု တန်းတူညီမျှ ကူးလူးဖလှယ်မှုပဲဖြစ်ပါတယ်။ ရေရှည်ထဲထဲဝင်ဝင် ကူးလူးဖလှယ်မှုကနေ အပြန်အလှန်အကြောင်း နားလည်သိရှိပြီး နှစ်သက်သဘောကျလာမှာဖြစ်ပါတယ်” ဟု တရုတ်နိုင်ငံ ဆက်သွယ်ရေးတက္ကသိုလ် (Communication University of China) ဒေသတွင်းနိုင်ငံများ ဆက်သွယ်ရေး သုတေသနဌာန အမှုဆောင် ဥက္ကဋ္ဌ ကျိုးထိန်က ပြောကြားခဲ့သည်။
ဖိုရမ်သည် ကူးလူးဖလှယ်သည့် ပလက်ဖောင်းဖြစ်ကြောင်း၊ မတူညီသော နိုင်ငံအစိုးရ၊ မီဒီယာ၊ တတ်သိပညာရှင်အဖွဲ့အသီးသီးမှ ကိုယ်စားလှယ်များက ထုတ်ဖော်ပြောကြားနိုင်ကြောင်း၊ ထင်မြင်ယူဆချက်များ ထိပ်တိုက်တွေ့ဆုံမှုရှိနိုင်သော်လည်း တူညီသောနားလည်သိရှိမှုများ ပိုမိုဖြစ်ပေါ်လာခြင်းဖြစ်ကြောင်း၊ ယခုဖိုရမ်သည် နိုင်ငံများ၊ အုပ်စုများ၊ ကိုယ်စားလှယ်များစွာ၏ ဆွေးနွေးမှုမှတစ်ဆင့် တူညီသော နားလည်သိရှိမှုဖြစ်ပေါ်လာရန်မျှော်လင့်ကြောင်း၊ ယဉ်ကျေးမှုအရ တစ်ဖက်သတ်အမြင်များကို ချိုးဖျက်၍ တင်ဆက်မှုပုံံစံ ပြောင်းလဲမှုအား တွန်းအားပေးကာ သိပ္ပံနည်းကျ ဆုံးဖြတ်မှုအား မြှင့်တင်နိုင်ရန် မျှော်လင့်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
တရုတ်-အာဆီယံ မီဒီယာနှင့် တတ်သိပညာရှင်များ အဆင့်မြင့်ဖိုရမ်ကို ဆင်ဟွာသတင်းဌာန၊ မလေးရှား အမျိုးသားသတင်းအေဂျင်စီ (Bernama) တို့မှ “တရုတ်-အာဆီယံ ပူးပေါင်းဆောင်ရွက်မှု စွမ်းအားသစ်များ စုစည်းခြင်း” ခေါင်းစဉ်ဖြင့် အတူတကွ ကြီးမှူးကျင်းပခြင်းဖြစ်သည်။ ဖိုရမ်တက်ရောက်လာသော ဧည့်သည်တော်များက ယဉ်ကျေးမှု အပြန်အလှန် လေ့လာဖလှယ်မှု တိုးမြှင့်ခြင်း၊ ကမ္ဘာ့တောင်ဘက်ခြမ်းနိုင်ငံများ ပူးပေါင်းဆောင်ရွက်မှု စံနမူနာပြခြင်း၊ ပင်လယ်ရေကြောင်းပိုးလမ်းမဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုကို နက်ရှိုင်းစေခြင်း၊ ငြိမ်းချမ်းစွာ ဖွံ့ဖြိုးတိုးတက်မှု စာမျက်နှာသစ်ရေးသားခြင်း၊ စမတ်ခေတ်ရေစီးကြောင်းတွင် ပါဝင်ကာ ခေတ်၏ ပြုပြင်ပြောင်းလဲမှုတာဝန်များအား အတူထမ်းဆောင်ခြင်း စသည့် အရေးပါအကြောင်းအရာများနှင့် စပ်လျဉ်း၍ ထဲထဲဝင်ဝင် ဆွေးနွေးဖလှယ်သွားမည်ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံ မဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာရေးအဖွဲ့ (MISIS) ဥက္ကဋ္ဌ ဦးသန့်ကျော်က အာဆီယံနိုင်ငံများအမြင်တွင် စီးပွားရေး၊ နိုင်ငံရေး၊ လုံခြုံရေးကဏ္ဍများ၌ ရှေ့ပြေးနေသော နိုင်ငံတစ်နိုင်ငံဖြစ်ကြောင်း၊ ရုပ်ဝတ္ထုဆိုင်ရာ တိုးတက်မှုကို အလေးထားသကဲ့သို့ ယဉ်ကျေးမှုဆိုင်ရာ အမွေအနှစ်များကိုလည်း တန်ဖိုးထားကြောင်း၊ ယခုအကြိမ်ဖိုရမ်မှတစ်ဆင့် တရုတ်နိုင်ငံနှင့် အာဆီယံနိုင်ငံများမှ မီဒီယာများ၊ နိုင်ငံတော် တတ်သိပညာရှင် ကိုယ်စားလှယ်များ အချင်းချင်း တွေ့ဆုံဆွေးနွေးပြီး ရှုထောင့်မျိုးစုံမှ ကဏ္ဍစုံအသိပညာများကို ဖလှယ်ခြင်း၊ ပူးပေါင်းဆောင်ရွက်ခြင်းတို့ လုပ်ဆောင်နိုင်ကြောင်း ပြောကြားခဲ့သည်။
ယခုအကြိမ်ဖိုရမ်သည် အချင်းချင်း အပြန်အလှန်နားလည်မှုများ မြှင့်တင်နိုင်ရန်၊ ဆက်သွယ်ရေးကဏ္ဍဆိုင်ရာ သုတေသနလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရန်၊ မီဒီယာများ၏ အကြောင်းအရာဖန်တီးရေးသားမှုနှင့် တိကျ၍ ဓမ္မဓိဋ္ဌာန်ကျစွာ တင်ဆက်မှု အဆင့်အတန်းမြှင့်တင်ခြင်း စသည့်ကဏ္ဍများတွင် တက်ကြွသည့် အခန်းကဏ္ဍမှပါဝင်ရန် မျှော်လင့်ကြောင်းလည်း ၎င်းက ပြောကြားခဲ့သည်။
တရုတ်နိုင်ငံတွင် ပညာတော်သင် သွားရောက်ခဲ့ဖူးသည့် လာအိုနိုင်ငံ အမျိုးသားတက္ကသိုလ် တရုတ်ရေးရာ သုတေသနစင်တာ ဌာနမှူး Xitisay Sayavong က “ယခုအကြိမ်ဖိုရမ်ဟာ အနက်အဓိပ္ပာယ် ကြီးမားလှပါတယ်။ ၎င်းဟာ မီဒီယာလူရည်လူချွန်တွေ၊ တတ်သိပညာရှင်တွေနဲ့ ကျွမ်းကျင်ပညာရှင်တွေကို စုစည်းထားပြီး သတင်းအချက်အလက်တွေ အတူမျှဝေဖို့၊ အတွေ့အကြုံတွေ ဖလှယ်ဖို့၊ ယဉ်ကျေးမှုတွေ အပြန်အလှန် လေ့လာဖလှယ်ဖို့နဲ့ သုတေသနရလဒ်တွေ တင်ဆက်ဖို့အတွက် ပလက်ဖောင်း ထောက်ပံ့ပေးလိုက်ပါတယ်။ ဖိုရမ်က အပြန်အလှန်နားလည်မှု နက်ရှိုင်းစေရေး၊ ညှိနှိုင်းပူးပေါင်းဆောင်ရွက်မှု ယန္တရားတည်ဆောက်ရေး၊ ပိုမိုနီးကပ်သော ကဏ္ဍဖြတ်ကျော် ညှိနှိုင်းပူးပေါင်းဆောင်ရွက်မှုများ ဖြစ်တည်လာရေး ဆိုတဲ့ ကဏ္ဍသုံးရပ်မှာ ရလဒ်တွေ ရရှိနိုင်ဖို့ မျှော်လင့်ပါတယ်” ဟု ပြောကြားခဲ့သည်။
အင်ဒိုနီးရှား-တရုတ် မိတ်ဖက်ဆက်ဆံရေး သုတေသနစင်တာ ဥက္ကဋ္ဌ Veronika S. Saraswati က တရုတ်နိုင်ငံသည် နက်ရှိုင်းသော သမိုင်းယဉ်ကျေးမှုကို ပိုင်ဆိုင်ထားပြီး နည်းပညာများ လျင်မြန်စွာ တိုးတက်ကာ အရေးပါသော စီးပွားရေးအရ သက်ရောက်မှုအင်အားရှိသည့် နိုင်ငံတစ်နိုင်ငံဖြစ်ကြောင်း ပြောကြားခဲ့သည်။ တရုတ်နိုင်ငံသည် သမားရိုးကျနှင့် ယနေ့ခေတ်အား ပြီးပြည့်စုံစွာ ဟန်ချက်ညီအောင် လုပ်ဆောင်လိုက်ပြီး တစ်ကမ္ဘာလုံးဆိုင်ရာ အရေးကိစ္စများတွင် အရေးပါသည့်အခန်းကဏ္ဍမှ ပါဝင်လျက်ရှိကြောင်း၊ တရုတ်-အာဆီယံ မီဒီယာနှင့် တတ်သိပညာရှင်များ အဆင့်မြင့်ဖိုရမ်သည် ဆွေးနွေးနိုင်သည့် ပေါင်းကူးတံတားအနေဖြင့် အသိပညာများအတူမျှဝေမှု၊ ယဉ်ကျေးမှုဖလှယ်မှုနှင့် မူဝါဒများအား ဆွေးနွေးမှုတို့ကိုမြှင့်တင်ခြင်းဖြင့် အပြန်အလှန် နားလည်မှုကို မြှင့်တင်နိုင်မည်ဟု ပြောကြားခဲ့သည်။
ဖိလစ်ပိုင်နိုင်ငံ Sun Star ပုံနှိပ်ထုတ်ဝေရေးလုပ်ငန်း ထုတ်ဝေသူ Nestor Ramirez က တရုတ်-အာဆီယံ မီဒီယာနှင့် တတ်သိပညာရှင်များ အဆင့်မြင့်ဖိုရမ်သည် ဒေသတွင်းနိုင်ငံများအကြား အပြန်အလှန် နားလည်မှုနှင့် ယဉ်ကျေးမှု ကူးလူးဖလှယ်မှုကို မြှင့်တင်ရေးအတွက် တန်ဖိုးရှိသော ပလက်ဖောင်းတစ်ခု ထောက်ပံ့ပေးလိုက်ကြောင်း၊ တွေ့ဆုံဆွေးနွေး ဖလှယ်မှုမှတစ်ဆင့် အတွေးအမြင်များနှင့် နိုင်ငံများ၏ ပြည့်ဝကာ အသွင်စုံလင်သော ယဉ်ကျေးမှုကို မျှဝေနိုင်သဖြင့် အပြန်အလှန်နားလည်မှုကို ထိရောက်စွာ မြှင့်တင်နိုင်ကြောင်း၊ ကမ္ဘာ့တောင်ဘက်ခြမ်းနိုင်ငံများက အနာဂတ်တွင် မီဒီယာနှင့် တတ်သိပညာရှင်ကဏ္ဍ၏ ပူးပေါင်းဆောင်ရွက်မှုကို အဓိကထား မြှင့်တင်၍ နိုင်ငံအသီးသီးက ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ စိန်ခေါ်မှုများ ရင်ဆိုင်ရာတွင် ရရှိထားသော တစ်မူထူးခြားသည့် အသိပညာ၊ အတွေ့အကြုံနှင့် အယူအဆများကို မျှဝေသင့်ကြောင်း ပြောကြားခဲ့သည်။ (Xinhua)

————————–
(Chinese Version)
与会嘉宾:期待中国-东盟媒体智库高端论坛加强文明交流互鉴 树立全球南方合作典范
新华社吉隆坡4月10日电(记者李萌 马淮钊)四月的马来西亚,天高云舒、郁郁葱葱,中国与东盟各国媒体、智库、政府部门、企业的200多名嘉宾齐聚吉隆坡,准备出席4月11日开幕的中国-东盟媒体智库高端论坛,共话友谊、共商发展。与会嘉宾们对通过论坛加强多元文明交流互鉴、为全球南方合作树立典范充满信心与期待。
马来西亚区域策略研究所署理主席陈家兴表示,在许多东盟国家眼中,中国不仅是全球大国,更是拥有深厚历史渊源、文化纽带和经济往来的亲密邻邦。希望本次论坛能成为一个充满活力的平台,深化中国与东盟国家在媒体和智库领域的合作。在全球信息碎片化的当下,我们必须共同努力构建更客观平衡的叙事,反映全球南方国家的视角与现实。
“西方媒体主导的叙事往往片面化,忽视全球南方国家的真实发展与成就。这种信息霸权往往会滋生误解、侵蚀互信,给国际合作造成了无形的障碍。”陈家兴说,期待论坛能围绕如何打击虚假信息、增进互信、建设基于尊重包容与共同发展的区域未来等方面,展开富有成效的对话。
曾多次到中国访问的柬埔寨21世纪海上丝绸之路研究中心主任涅占达里说:“在我心中,中国是古老文明与现代活力交融的典范。希望论坛成为文明对话的桥梁,我们既要破解西方叙事垄断,更要传播东盟-中国合作成果,期待论坛在媒体合作项目、青年内容创作、打击虚假信息策略等方面产生丰富成果,展现柬中两国人民互利互惠合作模式成果,为全球南方国家合作树立典范。”
“文明互鉴前提是文明平等交流,通过长期深入交流去理解彼此、欣赏彼此。”中国传媒大学区域国别传播研究院执行院长周亭表示,论坛是交流的平台,来自不同国家政府、媒体、智库的代表都可以发声,可以有观点的交锋,但更多是形成共同的认知。希望论坛可以在多个国家、多个主体、多种角色的对话中,形成共同的认知,破除文化的偏见,推动叙事的转变,促进科学的决策。
中国-东盟媒体智库高端论坛由新华通讯社、马来西亚国家新闻社共同主办,论坛以“汇聚中国-东盟合作新动能”为主题,与会各界嘉宾将围绕增进文明互鉴、树立全球南方典范,深化海丝合作、谱写和平发展新篇,拥抱智能浪潮、共担时代变革使命等重要议题开展深入交流。
缅甸战略与国际问题研究所主席丹觉表示,在东盟国家的眼中,中国是一个在经济、政治、安全领域前沿的国家,不仅重视物质发展,也珍惜文化遗产。通过本届论坛,中国与东盟各国媒体、国家智库代表可以面对面交流讨论,从不同角度分享各领域知识、开展合作,期待论坛在增进互信、促进传播领域研究合作,以及提升媒体内容创作和准确客观传播水平等方面发挥积极作用。
曾经在中国留学的老挝国立大学中国研究中心主任西提赛·赛亚冯说:“此次论坛意义重大,它汇聚了媒体精英、知识分子和专家学者,为信息共享、经验交流、文化互鉴和研究成果展示提供了平台。期待论坛能在三方面取得成果:深化相互理解、建立合作协调机制、形成更紧密的跨领域协作。”
印尼-中国伙伴关系研究中心主任韦珍玉表示,中国是一个拥有深厚历史文明、技术快速进步且具有重要经济影响力的国家。中国完美平衡了传统与现代,在全球事务中扮演着关键角色。中国-东盟媒体智库高端论坛作为对话桥梁,可以通过促进知识共享、文化交流和政策讨论来增进相互理解。
菲律宾太阳星报集团出版人内斯特·拉米雷斯表示,中国-东盟媒体智库高端论坛为促进区域各国之间的相互理解和文化交流提供了一个有价值的平台,通过对话交流、分享观念以及各国丰富多元的文化,可以有效促进相互理解。全球南方国家未来应重点增强媒体和智库领域的合作,分享各自在应对发展挑战时积累的独特知识、经验和理念。(完)