China
နိုင်ငံကြီး သံတမန်ဆက်ဆံရေး၏ ချစ်ကြည်မှု၊ ယုံကြည်မှုနှင့် အကျင့်သီလ

ပေကျင်း၊ ဧပြီ ၂၃ ရက် (ဆင်ဟွာ)
ယနေ့ခေတ်တွင် ကမောက်ကမဖြစ်မှုများ ပိုမိုဆိုးရွာလာကာ မငြိမ်မသက်မှုများ ရှုပ်ထွေးရောယှက်နေပြီး မသေချာမရေရာမှု၊ စိုးရိမ်ပူပန်မှု စိတ်ခံစားချက်များမှာလည်း အရှိန်အဟုန်မြင့်တက်လျက်ရှိရာ ကမ္ဘာကြီးသည် တည်ငြိမ်မှု၊ ယုံကြည်စိတ်ချမှု၊ ဦးတည်ချက်ရှိမှုများကို လိုလားလျက်ရှိပေသည်။ သမ္မတ ရှီကျင့်ဖိန်၏ အရှေ့တောင်အာရှ ခရီးစဉ်ကို ကြည့်ရှုရာတွင်လည်းကောင်း၊ တရုတ်နှင့် ကမ္ဘာကြီး၏ အပြန်အလှန် ဆက်ဆံရေးကို ဂရုပြုရာတွင်လည်းကောင်း ကမ္ဘာကြီးသည် “တည်ငြိမ်မှုနှင့် သေချာမှု၏ အရင်းအမြစ်” ကို ရှာဖွေတွေ့ခဲ့ပြီး အခင်းအကျင်း အပြောင်းအလဲများ မတည်မငြိမ်ဖြစ်ရာတွင် နိုင်ငံကြီးအနေဖြင့် ရှိသင့်သော ပုံစံကိုလည်း မြင်တွေ့ခဲ့ရသည်။
စစ်မှန်သော နိုင်ငံကြီးသည် ချစ်ကြည်မှုဟူသော မိတ်ဆွေစိတ်ဓာတ်ကို အလေးထားသည်။ စိတ်နှလုံးအစစ်အမှန်နှင့် ပေါင်းသင်းဆက်ဆံမှသာ ကြာရှည်တည်မြဲမည်ဖြစ်သည်။
ယင်းသည် အထူးအစီအစဉ် နှစ်ရပ်၊ တစ်မူထူးခြားသော ဂုဏ်ထူးဆောင် ဆုတံဆိပ် နှစ်ခု၏ ဇာတ်ကြောင်းဖြစ်သည်။
ဆယ်နှစ်တာကာလအတွင်း ဗီယက်နမ်သို့ လေးကြိမ်သွားရောက်လည်ပတ်ခဲ့ပြီး သမ္မတ ရှီကျင့်ဖိန်၏ ခရီးစဉ်ဇယားတွင် အထူးအစီအစဉ်နှစ်ရပ်သည် အစဉ်အမြဲ တသမတ်တည်းရှိခဲ့သည်။ အစီအစဉ်တစ်ရပ်မှာ ဘာဒင်းရင်ပြင်သို့ သွားရောက်၍ ဟိုချီမင်း ဂူဗိမာန်၌ လွမ်းသူပန်းခွေချခြင်း၊ အခြားတစ်ရပ်မှာ တရုတ်-ဗီယက်နမ် ချစ်ကြည်ရေး ပုဂ္ဂိုလ်များ အထူးသဖြင့် လူငယ်ကိုယ်စားလှယ်အဖွဲ့နှင့် တွေ့ဆုံဖလှယ်ခြင်း ဖြစ်သည်။ ရာဇဝင်သမိုင်းကို အလေးပြုခြင်း၊ ပြည်သူများအကြား သွားရောက်၍ အကြိမ်ကြိမ်အဖန်ဖန် မမောမပန်း ကိုယ်တိုင်အားထုတ်လှုပ်ရှားခဲ့ခြင်းမှာ “ရဲဘော်ရဲဘက် ညီအစ်ကို” အစဉ်အလာ ချစ်ကြည်ရေး ဆက်လက် အမွေဆက်ခံရေး၊ ထွန်းကားရေးအတွက်ပင် ဖြစ်ပေသည်။ ဗီယက်နမ်ရဲဘော်အနေဖြင့် ဝမ်းမြောက်ပီတိဖြစ်ကာ အထွေထွေအတွင်းရေးမှူးချုပ် ရှီကျင့်ဖိန်အား “ခင်မင်ရင်းနှီးသော ရဲဘော်နှင့် ကြီးမြတ်သော မိတ်ဆွေ” ဟု တရင်းတနှီးခေါ်ဝေါ်ကြသည်။
ကမ္ဘောဒီးယားတွင် တရုတ်နိုင်ငံအား “အားကိုးရဆုံး၊ ယုံကြည်စိတ်ချရဆုံး မိတ်ဆွေ” အဖြစ် ရှုမြင်ကြသည်။ တစ်မူထူးခြားသော ဂုဏ်ထူးဆောင် ဆုတံဆိပ် နှစ်ခုသည် တရုတ်-ကမ္ဘောဒီးယား၏ သံမဏိသဖွယ် ခိုင်မာသည့် ချစ်ကြည်ရေး၏ အရောင်အသွေး ထွန်းလင်းတောက်ပလျက်ရှိသည်။ အဆိုပါ ဆုတံဆိပ် တစ်ခုမှာ ၂၀၂၀ ပြည့်နှစ်တွင် သမ္မတ ရှီကျင့်ဖိန်က ကမ္ဘောဒီးယားဘုရင်၏ မယ်တော် နိုရိုဒမ် မိုနီနိထံ ချီးမြှင့်ပေးအပ်သော “ချစ်ကြည်ရေး ဂုဏ်ထူးဆောင် ဆုတံဆိပ်” ဖြစ်ပြီး အခြားတစ်ခုမှာ ယခုအကြိမ် အရှေ့တောင်အာရှ သုံးနိုင်ငံ ခရီးစဉ်ကာလအတွင်း ကမ္ဘောဒီးယားဘုရင် နိုရိုဒမ် သီဟာမိုနီ က သမ္မတ ရှီကျင့်ဖိန်ထံ “ကမ္ဘောဒီးယားဘုရင့်နိုင်ငံ အမျိုးသားလွတ်လပ်ရေး ဂုဏ်ထူးဆောင် မဟာလည်ဆွဲ ဆုတံဆိပ်” ချီးမြှင့်ပေးအပ်ခဲ့သည်။
ကမ္ဘောဒီးယား ဘုရင် နိုရိုဒမ် သီဟာမိုနီနှင့် တွေ့ဆုံစဉ် သမ္မတ ရှီကျင့်ဖိန်က “တရုတ်နိုင်ငံက ကမ္ဘောဒီးယား တော်ဝင်မိသားစုနဲ့ ဆက်ဆံရေးကို အထူးတန်ဖိုးထားတယ်” ဟု ပြောကြားခဲ့သည်။
“တရုတ်နိုင်ငံက အဆွေတော်ရဲ့ ဒုတိယမိသားစုပါပဲ။ အချိန်မရွေး တရုတ်နိုင်ငံကို လာရောက်ဖို့လည်း လှိုက်လှိုက်လှဲလှဲ ဖိတ်ခေါ်ပါတယ်”… ဟု သမ္မတ ရှီကျင့်ဖိန်က ကမ္ဘောဒီးယားဘုရင်၏မယ်တော် နိုရိုဒမ် မိုနီနိနှင့် တွေ့ဆုံစဉ်တွင် ပြောကြားခဲ့သည်။
တစ်နိုင်ငံနှင့် တစ်နိုင်ငံအကြားတွင် “ထာဝရ အကျိုးစီးပွား” သာမကပဲ နွေးထွေးသော မေတ္တာတရား၊ ခံစားချက်၏ပဲ့တင်သံ၊ အတွေးအခေါ် ၏ သဟဇာတဖြစ်မှုများလည်း ရှိကြသည်။
စိတ်တူကိုယ်တူလမ်းကြောင်းတူသူများသည် မိတ်ဖက်ဖြစ်သလို မတူကွဲပြားမှုများကို အသာထား၍ တူညီမှုများကို ရှာဖွေသူများသည်လည်း မိတ်ဖက်ဖြစ်သည်ဟု သမ္မတ ရှီကျင့်ဖိန်က ပြောကြားခဲ့ဖူးသည်။ စိတ်ရင်းစေတနာမှန်ကန်မှု၊ ရိုသေလေးစားမှု၊ သဘောထားကြီးမှုသည် တရုတ်လူမျိုးတို့၏ မိတ်ဖွဲ့ဆက်ဆံရေး နည်းလမ်းဖြစ်သည်။ အရှေ့တောင်အာရှခရီးစဉ်မတိုင်မီ သမ္မတ ရှီကျင့်ဖိန်သည် ပေကျင်း၌ မိတ်ဆွေဟောင်းတစ်ဦးဖြစ်သော စပိန်နိုင်ငံ ဝန်ကြီးချုပ် ပက်ဒရို ဆန်းချက်ဇ်အား ဧည့်ခံတွေ့ဆုံခဲ့သည်။
လေပြေလေညင်းလေးများဖြင့် နွေဦးပန်းများ ဝေဝေဆာဆာပွင့်လန်းနေချိန်တွင် နိုင်ငံ့ခေါင်းဆောင်နှစ်ဦး တျောက်ယွီထိုင် နိုင်ငံတော်ဧည့်ဂေဟာ၌ အတူလမ်းလျှောက်နေသော ပုံရိပ်များသည် တစ်ကမ္ဘာလုံးသို့ ပျံ့နှံ့သွားခဲ့သည်။ “တရုတ်နိုင်ငံရဲ့ စပိန်နိုင်ငံအပေါ် ထားရှိတဲ့ လေးစားမှုနဲ့ ချစ်ကြည်ရင်းနှီးမှုကို နောက်တစ်ဖန် အမှန်တကယ် ခံစားရတယ်” ဟု သုံးနှစ်အတွင်း တတိယအကြိမ်မြောက် တရုတ်နိုင်ငံသို့ လာရောက်လည်ပတ်စဉ် ဝန်ကြီးချုပ် ဆန်းချက်ဇ်က ပြောကြားခဲ့သည်။
တရုတ်နိုင်ငံသည် ကမ္ဘာတစ်ဝန်းရှိ မိတ်ဆွေများနှင့် မိတ်ဖွဲ့လျက် မေတ္တာနှင့် သစ္စာတရားအား အထူးအလေးထားသည့် အကြောင်းအရာကောင်းများ ရေးသားခဲ့သည်။ ဤသည်တို့မှာ ဘရာဇီးနိုင်ငံ သမ္မတ လူလာ ဦးဆောင်သော တရုတ်နိုင်ငံ အလည်အပတ်ကိုယ်စားလှယ်အဖွဲ့အတွက် နာမည်ကျော် ဘရာဇီးသီချင်း “New Era” ကို တီးမှုတ်ခြင်း၊ တရုတ်နိုင်ငံသို့ အလည်အပတ်ရောက်ရှိနေသော ကာဇက်စတန်နိုင်ငံ သမ္မတ တိုကာယက်ဗ်အတွက် ပူပူနွေးနွေး မွေးနေ့ခေါက်ဆွဲပြုတ် ပြင်ဆင်ပေးခြင်း၊ အလည်အပတ်ရောက်ရှိစဉ်ကာလအတွင်း ငယ်ရွယ်စဉ်ကာလ အတူတကွ နေထိုင်ခဲ့ကြသော လာအို Pholsena မိသားစုမှ မိတ်ဆွေသူငယ်ချင်းများနှင့် အချိန်ပေး ပြန်လည်တွေ့ဆုံခဲ့ခြင်း၊ သမုဒ္ဒရာအတားအဆီးကို ဖြတ်ကျော်၍ အမေရိကန်နိုင်ငံ အိုင်အိုဝါပြည်နယ်မှ မိတ်ဆွေဟောင်းများနှင့် အစဉ်အမြဲ အပြန်အလှန် အသွားအလာရှိခြင်း…တို့ဖြစ်ပေသည်။
နှစ်ပေါင်းများစွာ ကာလတစ်လျှောက်တွင် လူအများက ငြိမ်းချမ်းရေးကို မည်သို့ အကောင်အထည်ဖော်မည်နည်း၊ ငြိမ်းချမ်းရေးကို မည်သို့ကာကွယ်ကြမည်နည်း ဟူသော မေးခွန်းများကို မရေမတွက်နိုင် မေးမြန်းခဲ့ကြသည်။ တရုတ်နိုင်ငံကမူ “ချစ်ကြည်ရင်းနှီးသော ကမ္ဘာကြီးမှသာလျှင် ငြိမ်းချမ်းသောကမ္ဘာကြီးဖြစ်နိုင်” သောကြောင့် စိတ်နှလုံးအစစ်အမှန်ဖြင့် ပေါင်းသင်းဆက်ဆံခြင်း၊ စေတနာအရင်းခံ ဆက်ဆံခြင်း၊ မေတ္တာတရားဖြင့် ထိန်းသိမ်းကာကွယ်ခြင်း ဟူသော မိမိ၏နည်းလမ်းကို ပံ့ပိုးပေးခဲ့သည်။
စစ်မှန်သောနိုင်ငံကြီးသည် ယုံကြည်မှုကို အလေးထားသည်။ ယုံကြည်မှုကို အလေးထားကာ အပြောနှင့်အလုပ်ထပ်တူညီအောင် လုပ်ဆောင်ကြသည်။
တရုတ်နိုင်ငံအနေဖြင့် ဗီယက်နမ်၊ မလေးရှား၊ ကမ္ဘောဒီးယားနိုင်ငံတို့နှင့် ပူးပေါင်းဆောင်ရွက်မှုသည် နေရာတိုင်းတွင် “ယုံကြည်မှု” ဟူသော အခြေခံမူတစ်ခုကို လက်တွေ့ဖော်ဆောင်လျက်ရှိသည်။ “တရုတ်နိုင်ငံ၏ ပမာဏအထူးကြီးမားသော ဈေးကွက်သည် ဗီယက်နမ်အပေါ် အစဉ်အမြဲ တံခါးဖွင့်လျက်ရှိကြောင်း” ကတိပြုထားပြီး ဗီယက်နမ်ခရီးစဉ် ရလဒ်များစာရင်းတွင် ငရုတ်သီး၊ ပင်မှည့်သီး၊ ငှက်သိုက်ကုန်ကြမ်းနှင့် စားသုံးနိုင်သော ငှက်သိုက်၊ တရုတ်နိုင်ငံသို့ ဖွဲနုတင်ပို့ခြင်းဆိုင်ရာ သဘောတူညီချက်တို့ ပါဝင်သည်။
“တရုတ်လုပ်ငန်းကုမ္ပဏီများ မလေးရှားသို့ လာရောက် ရင်းနှီးမြှုပ်နှံ၍ လုပ်ငန်းဖော်ဆောင်ရန် အားပေးသည်” ဟု ကတိပြုထားရာ အထင်ကရစီမံကိန်းဖြစ်သည့် မလေးရှား-တရုတ် ကွမ်တန်စက်မှုဥယျာဉ် (MCKIP) ၌ စုစုပေါင်း ရင်းနှီးမြှုပ်နှံမှု ယွမ် ၁၁ ဘီလီယံ လုပ်ဆောင်ထားပြီးဖြစ်ကာ “နှစ်နိုင်ငံ ဥယျာဉ်နှစ်ခု” သည် အဆင့်မြှင့်တင် ဖွံ့ဖြိုးတိုးတက်မှု အဆင့်သစ်ကို လျှောက်လှမ်းနေပြီဖြစ်သည်။
“ကမ္ဘောဒီးယားနိုင်ငံ၏ တည်ငြိမ်မှုကို ထိန်းသိမ်းခြင်း၊ ဖွံ့ဖြိုးတိုးတက်မှုကို အရှိန်မြှင့်ဖော်ဆောင်ခြင်း၊ ပြည်သူလူနေမှုဘဝ တိုးတက်ကောင်းမွန်အောင် လုပ်ဆောင်ခြင်းတို့ကို ခိုင်မာစွာ ထောက်ခံအားပေးသည်” ဟု ကတိပြုထားရာ ကမ္ဘောဒီးယားနိုင်ငံတွင် အကြီးဆုံးလျှပ်စစ်ဓာတ်အားပေးစက်ရုံ၊ ပထမဆုံးအမြန်လမ်း၊ ပထမဆုံး တောင်တန်းဖြတ်ကျော် ခုံးကျော်တံတားတို့ကို တည်ဆောက်ရန် ထောက်ခံအားပေးခဲ့သည့်အပြင် ကမ္ဘောဒီးယားနိုင်ငံ၏ လိုအပ်ချက်အရ “စက်မှုလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး စင်္ကြံ” ၊ “ရေလုပ်ငန်းနှင့် ဆန်စပါးလုပ်ငန်းစင်္ကြံ” ဟူသည့် ပူးပေါင်းဆောင်ရွက်မှု စီမံချက်နှစ်ခုကို ရေးဆွဲပေးခဲ့ကာ ခေတ်မီအသွင်ပြောင်းမှုအိပ်မက်အား အတူလက်တွဲဖော်ဆောင်ခဲ့သည်။
ယခုနှစ်ပိုင်းများတွင် နိုင်ငံကြီး သံတမန်ဆက်ဆံရေး၏ ခန့်ညားသော လက်တွေ့ဖော်ဆောင်မှုများအား ပြန်လည်ကြည့်ရှုမည်ဆိုပါက ပြည်ပသို့ တံခါးဖွင့်မှုအား တိုးချဲ့ခြင်း၊ “ကာဗွန်လျော့နည်းရေးနှင့် ကင်းစင်ရေး” ရည်မှန်းချက်နှစ်ခုကို အဆိုပြုခြင်း၊ ကုလသမဂ္ဂလုပ်ငန်းအား ထောက်ခံအားပေးခြင်း၊ ကမ္ဘာ့ငြိမ်းချမ်းရေးအား တည်ဆောက်သူ၊ တစ်ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုအတွက် အကျိုးထမ်းဆောင်သူ၊ နိုင်ငံတကာစည်းစနစ်အား ကာကွယ်စောင့်ရှောက်သူအဖြစ် အစဉ်အမြဲလုပ်ဆောင်မည်ဟု ကြေညာခြင်း စသည်တို့ကို တွေ့မြင်နိုင်သည်။ တစ်ခုပြီး တစ်ခုသော ခိုင်မြဲသည့်ကတိများသည် တစ်ခုပြီး တစ်ခုသော လက်တွေ့ကျသည့် လှုပ်ရှားမှုများအဖြစ် ပြောင်းလဲလာကာ အမြစ်တွယ် အပင်ပေါက်၍ နောက်ဆုံး ရလဒ်အသီးအပွင့်များ ပေါ်ထွက်လာခဲ့သည်။ မကြာသေးမီကမှ ကျင်းပပြီးစီးခဲ့သည့် တရုတ်နိုင်ငံ နိုင်ငံတကာ လူသုံးကုန်ပစ္စည်းများ ကုန်စည်ပြပွဲ (CICPE) သည် တရုတ်နိုင်ငံက ဆက်တိုက်ကျင်းပသည့် ၅ ကြိမ်မြောက်ပြပွဲပင်ဖြစ်သည်။ နှစ်စဉ်နွေဦးရာသီတိုင်းတွင် တရုတ်နိုင်ငံက အချိန်မှန် ကမ္ဘာသို့ ဖိတ်ကြား၍ ဖွံ့ဖြိုးတိုးတက်မှုနှင့် ပူးပေါင်းဆောင်ရွက်မှု အခွင့်အလမ်းများ အတူမျှဝေလေ့ရှိသည်။
နိုင်ငံရေးနှင့် လုံခြုံရေးကဏ္ဍဆိုင်ရာ တွေ့ဆုံဆွေးနွေးမှုသည် နိုင်ငံနှင့် နိုင်ငံ၏ မဟာဗျူဟာမြောက် အပြန်အလှန်ယုံကြည်မှု အတိုင်းအတာကို အထင်ဟပ်နိုင်ဆုံးပင်ဖြစ်သည်။ ယခုအကြိမ် အရှေ့တောင်အာရှခရီးစဉ်တွင် တရုတ်-ဗီယက်နမ်က နှစ်နိုင်ငံ နိုင်ငံခြားရေး၊ ကာကွယ်ရေး၊ ပြည်သူ့လုံခြုံရေးဟူသည့် “၃+၃” မဟာဗျူဟာမြောက် တွေ့ဆုံဆွေးနွေးမှု ယန္တရားကို ဝန်ကြီးအဆင့်အဖြစ် အတည်ပြုရန် ဆုံးဖြတ်ခဲ့ပြီး တရုတ်-မလေးရှားက နိုင်ငံခြားရေး၊ ကာကွယ်ရေး “၂+၂” တွေ့ဆုံဆွေးနွေးမှု ယန္တရား ထူထောင်ရန် သဘောတူညီခဲ့ကာ တရုတ်-ကမ္ဘောဒီးယားက နိုင်ငံခြားရေးဝန်ကြီး၊ ကာကွယ်ရေးဝန်ကြီး “၂+၂” မဟာဗျူဟာမြောက် တွေ့ဆုံဆွေးနွေးမှုယန္တရားကို ထူထောင်ရန် ဆုံးဖြတ်ခဲ့သည်။
တစ်ချိန်တည်းနီးပါးတွင်ပင် တရုတ်-အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးများနှင့် ကာကွယ်ရေးဝန်ကြီးများအကြား “၂+၂” တွေ့ဆုံဆွေးနွေးမှုယန္တရား ပထမအကြိမ် ဝန်ကြီးအဆင့်အစည်းအဝေးကို ပေကျင်း၌ အောင်မြင်စွာ ကျင်းပပြီးစီးခဲ့သည်။ ပူးပေါင်းဆောင်ရွက်မှု သတင်းအသစ်များ တစ်ခုပြီးတစ်ခု ပေါင်းစည်းလာမှုသည် မထင်မှတ်မှုနှင့် တိုက်ဆိုင်မှုများ မဟုတ်ဘဲ တရုတ်နိုင်ငံက အနီးတစ်ဝိုက်နိုင်ငံများနှင့် နိုင်ငံခြားရေးမူဝါဒ၏ စဉ်ဆက်မပြတ်ရှိမှုနှင့် တည်ငြိမ်မှုအား အမြဲတစေ ထိန်းသိမ်းထားမှု၏ မဖြစ်မနေ ဖြစ်ပေါ်လာသည့် ရလဒ်ပင်ဖြစ်သည်။
စစ်မှန်သည့် နိုင်ငံကြီးသည် အကျင့်သီလစောင့်ထိန်းကြသည်။ တရားမျှတမှုကို လက်ကိုင်ထားသလို ကြီးမြတ်သည့် သာယာအေးချမ်းသော စည်းလုံးညီညွတ်မှုကို လိုလားပေသည်။
နိုင်ငံကြီး ဟူသော “ကြီး”တွင် အင်အားကြီးခြင်းကို ဆိုလိုသကဲ့သို့ တာဝန်ကြီးခြင်းကို ပို၍ ရည်ညွှန်းခြင်း ဖြစ်ပေသည်။ ၎င်း၏ လက်တွေ့အင်အားကို အသုံးချရာတွင် “မိမိကိုယ်ကို ဦးစားပေး” အခြေခံမူကို ဝန်ဆောင်မှုပေးရမည် မဟုတ်ဘဲ လူသားမျိုးနွယ် အေးအတူ ပူအမျှ အသိုက်အဝန်း ဟူသော အတွေးအခေါ်ကို လက်ကိုင်ထားကာ ကမ္ဘာတွင် တရားမျှတစွာ ပြုပြင်ပြောင်းလဲမှု၏ တောင်းဆိုချက်ကို တည့်မတ်စွာ ရှုမြင်ကာ နိုင်ငံတကာအသိုက်အဝန်းအတွက် အများသူငှာပိုင်ထုတ်ကုန်ကို ပံ့ပိုးရမည်ဖြစ်သည်။
တရုတ်-မလေးရှား ပူးတွဲကြေညာချက်တွင် 《ကာကွယ်ဆေး ထုတ်လုပ်ခြင်းနှင့် လက်လှမ်းမီနိုင်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက်》ဖော်ပြထားရာ ကိုဗစ်ကပ်ရောဂါ အကျပ်အတည်းအခက်အခဲများကို တရုတ်-မလေးရှား လက်တွဲအတူ တိုက်ဖျက်ခဲ့သည့် အချိန်ကာလအား ပြန်လည်အမှတ်ရစေပေသည်။ တစ်ကမ္ဘာလုံး အကျပ်အတည်းဖြစ်ချိန်တွင် တရုတ်နိုင်ငံသည် ကာကွယ်ဆေးကို အများသူငှာထုတ်ကုန်ဖြစ်စေရမည်ဟူသော နိုင်ငံကြီး၏ ကတိကဝတ်ကို ခိုင်မာစွာ အကောင်အထည်ဖော်ခဲ့ရာ “မှန်ကန်သည့်လမ်းစဉ်ကို လျှောက်လှမ်းသည့် တရုတ်နိုင်ငံ” ၏ ပုံရိပ်သည် စိတ်နှလုံးတွင် ပို၍ စွဲမြဲစေခဲ့သည်။
လက်ရှိ ကမ္ဘာကြီးသည် အခက်အခဲအခြေအနေသစ်များနှင့် ရင်ဆိုင်ရလျက်ရှိသည်။ စည်းကြပ်ခွန်စစ်ပွဲ၊ ကုန်သွယ်ရေးစစ်ပွဲများက နိုင်ငံစုံ ကုန်သွယ်ရေးစနစ်ကို ရိုက်ခတ်နေသလို တစ်ဖက်သတ်ဝါဒ၊ ကိုယ်ကျိုးစီးပွား ကာကွယ်ရေးဝါဒက ကမ္ဘာ့နိုင်ငံအသီးသီး အထူးသဖြင့် ကျယ်ပြန့်ဖွံ့ဖြိုးဆဲနိုင်ငံများ၏အကျိုးစီးပွားကို ထိခိုက်နစ်နာစေသည်။ နိုင်ငံတကာအသိုက်အဝန်းက မည်သို့ရင်ဆိုင်ဖြေရှင်းသင့်ပြီး ကမ္ဘာ့တောင်ဘက်ခြမ်းက မည်သို့ ဟန်ချက်ညီညီ ညှိနှိုင်းဆောင်ရွက်သင့်ပါသနည်း။
“အထီးကျန်လှေငယ်လေးတစ်စင်းတည်းက ကြောက်မက်ဖွယ် လှိုင်းဒဏ်ကို မခံနိုင်သော်လည်း တစ်လှေတည်းစီးပြီး အပြန်အလှန်ဖေးမကူညီခြင်းက ဝေးလံသည့်ခရီးကိုပင် လျှောက်လှမ်းနိုင်သည်” ဟူသော သရုပ်ဖော်ရှင်းလင်းမှုရှိသလို “ငြိမ်းချမ်းမှု၊ ပူးပေါင်းဆောင်ရွက်မှု၊ တံခါးဖွင့်လှစ်မှု၊ အားလုံးပါဝင်မှုရှိသည့် အာရှတန်ဖိုးအမြင်ဖြင့် ကြီးနိုင်ငယ်ညှဉ်းသည့် သဘာဝစည်းမျဉ်း (Law of Jungle) အား ပြန်လည်တုံ့ပြန်” သည့် ဦးတည်ချက် လမ်းညွှန်မှုရှိရာ အရှေ့တောင်အာရှ ခရီးစဉ်တွင် သမ္မတ ရှီကျင့်ဖိန်နှင့် ဘက်ပေါင်းစုံ နက်ရှိုင်းစွာ ဆွေးနွေးခြင်း၊ နီးကပ်စွာညှိနှိုင်းခြင်းသည် ဗိုလ်ကျစိုးမိုးမှု၊ အင်အားသုံးမှုကို ဆန့်ကျင်သည့်၊ နိုင်ငံအသိုက်အဝန်း ဘုံအကျိုးစီးပွားကို ကာကွယ် ထိန်းသိမ်းသည့်၊ နိုင်ငံတကာ တရားမျှတ ဓမ္မဓိဋ္ဌာန်ကျမှုကို ကာကွယ်စောင့်ရှောက်သည့် အင်အားကို စုစည်းပေးလျက်ရှိသည်။ မလေးရှား ဝန်ကြီးချုပ် အန်ဝါ အီဘရာဟင်က တရုတ်နိုင်ငံသည် တည်ငြိမ်မှုများကိုသာ ဆောင်ကြဉ်းပေးလာခြင်းမဟုတ်ဘဲ ရေရှည်အနာဂတ်၏ မျှော်လင့်ချက်ကို ဆောင်ကြဉ်းပေးခြင်းဖြစ်သည်ဟု ခံစားချက်အပြည့်ဖြင့် ပြောကြားခဲ့သည်။
အကျင့်သီလရှိသောအကျိုးစီးပွားအမြင်မှသည် “ချစ်ကြည်ရင်းနှီးခြင်း၊ စိတ်ရင်းစေတနာမှန်ကန်ခြင်း၊ အပြန်အလှန် အကျိုးဖြစ်ထွန်းစေလိုခြင်း၊ အားလုံးလက်ခံပါဝင်မှုရှိခြင်း” အိမ်နီးချင်း သံတမန်ဆက်ဆံရေး အတွေးအခေါ်၊ စစ်မှန်သော ချစ်ကြည်ရင်းနှီးမှု၊ စိတ်ရင်းစေတနာမှန်ကန်မှုရှိသည့် အာဖရိက လုပ်ငန်းများအထိ လည်းကောင်း၊ ကမ္ဘာလုံးဆိုင်ရာ အဆိုပြုချက်ကြီး ၃ ရပ် အဆိုပြုမှုမှသည် တရားမျှတစနစ်ကျသည့် ကမ္ဘာဗဟုဝင်ရိုးအသွင်ပြောင်းရေးနှင့် အများအကျိုးဖြစ်ထွန်း၍ အားလုံးပါဝင်သည့် စီးပွားရေး ကမ္ဘာလုံးဆိုင်ရာ အသွင်ပြောင်းရေးအထိ… ခေတ်သစ်ကာလတွင် တရုတ်နိုင်ငံသည် နိုင်ငံတကာဇာတ်ခုံတွင် အကျင့်သီလကို ခိုင်မာစွာ စောင့်ထိန်းသည့် နိုင်ငံကြီး၏ ဦးဆောင်နိုင်စွမ်းကို ပြသခဲ့ရာ ယုံကြည်မှုဂုဏ်သတင်းများ ရရှိခဲ့သလို ပိုမိုများပြားသော နိုင်ငံတကာ၏ ထောက်ခံအားပေးမှုကို ရရှိခဲ့သည်။
လူသားမျိုးနွယ် နိုင်ငံရေး ယဉ်ကျေးမှု ဖြစ်စဉ်တွင် နိုင်ငံကြီးသည် အရေးကြီးသည့် အခန်းကဏ္ဍမှပါဝင်လျက်ရှိရာ ၎င်းတို့၏ အပြုအမူများသည် ကမ္ဘာ့တိုးတက်ရေး၏ တွန်းအားဖြစ်နိုင်သလို ပဋိပက္ခနှင့်ကပ်ဘေး၏ အရင်းအမြစ်လည်း ဖြစ်စေနိုင်ပေသည်။ အပြောင်းအလဲကြီးများကြားရှိ ကမ္ဘာသည် မည်သို့သော နိုင်ငံကြီးမျိုး လိုအပ်သနည်း။ ချစ်ကြည်မှု၊ ယုံကြည်မှု၊ အကျင့်သီလရှိမှုကို အလေးထားသော တရုတ်နိုင်ငံ၊ သမိုင်း၏မှန်ကန်သည့်ဘက်၊ ခေတ်ကာလ၏တိုးတက်မှုဘက်တွင် အခိုင်အမာရပ်တည်သော တရုတ်နိုင်ငံသည် နိုင်ငံကြီး၏ပုံစံကို ပို၍ ရှင်းလင်းအသက်ဝင်စေရာ ပို၍ခင်မင်ရင်းနှီးဖွယ် လေးစားဖွယ် ကောင်းလှပေသည်။
ယင်းမှာလည်း အဘယ်ကြောင့် ကမ္ဘာက တရုတ်နိုင်ငံအား မျှော်လင့်ခြင်း၊ တရုတ်နိုင်ငံအား အလေးထားယုံကြည်ခြင်း၊ တရုတ်နိုင်ငံအား ချဉ်းကပ်ခြင်း၊ တရုတ်နိုင်ငံနှင့် လက်တွဲခြင်း အကြောင်းအရင်း ဖြစ်ပေသည်။ (Xinhua)

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်နှင့် မလေးရှားနိုင်ငံ ထိပ်တန်းခေါင်းဆောင် Sultan Ibrahim Ismail တို့သည် မလေးရှားနိုင်ငံ နန်းတော်တွင် ဒေသစံတော်ချိန် ဧပြီ ၁၆ ရက် နံနက်ပိုင်းတွင် တွေ့ဆုံခဲ့ရာ တွေ့ဆုံဆွေးနွေးမှုအပြီး Sultan Ibrahim Ismail ကျင်းပသော ကြိုဆိုဧည်ခံပွဲသို့ ရှီကျင့်ဖိန် တက်ရောက်ခဲ့ရာ လူထုအား လက်ပြနှုတ်ဆက်နေသည်ကို တွေ့ရစဉ် (ဆင်ဟွာ)

သမ္မတ ရှီကျင့်ဖိန်၏ အထူးလေယာဉ်သည် ဒေသစံတော်ချိန် ဧပြီ ၁၇ ရက် နံနက်ပိုင်းတွင် ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြို့သို့ ရောက်ရှိခဲ့ပြီး ကမ္ဘောဒီးယားဘုရင် နိုရိုဒမ် သီဟာမိုနီက လေဆိပ်တွင် ခမ်းနားကြီးကျယ်သော ကြိုဆိုပွဲကျင်းခဲ့ရာ ရှီကျင့်ဖိန်က လူထုအား လက်ပြနှုတ်ဆက်နေသည်ကို တွေ့ရစဉ် (ဆင်ဟွာ)
——————-
(Chinese Version)
记者手记|感受大国外交的情义、信义、道义
新华社北京4月21日电 题:感受大国外交的情义、信义、道义
新华社记者郝薇薇
当今时代,动荡加剧,变乱交织,迷茫和焦虑情绪也在上升,世界渴望稳定性、可靠性、方向感。瞩目习近平主席的东南亚之行,关注中国与世界的交往互动,世界找到了“稳定性和确定性的源泉”,也看到了变局激荡中大国应有的样子。
真正的大国是讲情义的。以心相交,成其久远。
这是关于两项特别安排、两枚特殊勋章的故事。
十年四访越南,习近平总书记的行程表里,有两项特殊安排始终如一:一项是前往巴亭广场向胡志明陵敬献花圈,一项是同中越友好人士特别是青年代表见面、交流。向历史致敬、到人民中去,一次次不辞辛劳、亲力亲为,为的是传承好、发扬好“同志加兄弟”的传统情谊。越南同志深受感动,亲切地称习近平总书记为“亲密的同志和伟大的朋友”。
在柬埔寨,中国被视为“最可靠、最信赖的朋友”,有两枚特殊勋章闪耀着中柬铁杆友谊的光彩。一枚是2020年习近平主席向莫尼列太后颁授的中华人民共和国“友谊勋章”,一枚是此次东南亚三国之行期间,西哈莫尼国王向习近平主席颁授的“柬埔寨王国民族独立大项链级勋章”。会见西哈莫尼国王时,习近平主席表示,“中方珍视同柬埔寨王室的友谊”;会见莫尼列太后时,习近平主席说,“中国就是你的第二个家,欢迎随时到中国来”……国与国之间不只有“永恒的利益”,更有温情和暖意,有情感的共鸣、理念的和鸣。
习近平主席曾说,志同道合是伙伴,求同存异也是伙伴。真诚、尊重、包容,是中国人的交友之道。东南亚之行前,习近平主席在北京接待了一位老朋友——西班牙首相桑切斯。清风拂面,春花烂漫,两位领导人在钓鱼台国宾馆一起散步的画面传遍了全世界。三年内第三次访华,桑切斯首相说,再度真切感受到中国对西班牙“尊重和友好”。
中国广交天下朋友,写下许多重情重义的佳话。这佳话,是为巴西总统卢拉率领的访华团奏响巴西名曲《新时代》,是为来华访问的哈萨克斯坦总统托卡耶夫准备热气腾腾的生日面,是出访期间挤出时间同共度少年时光的老挝奔舍那家族友人叙旧,是超越大洋阻隔与美国艾奥瓦州老朋友常来常往……
多少年来,人们无数次追问:如何实现和平,如何保障和平?中国,提供了自己的方案,那就是以心相交、以诚相待、以情相守,因为“一个友谊的世界才可能是和平的世界”。
真正的大国是讲信义的。重信守诺,言出必行。
中国同越南、马来西亚、柬埔寨的合作,处处践行着一条原则——“信”:承诺“中国超大规模市场始终对越南敞开”,访越成果单里就有辣椒、百香果、毛燕和食用燕窝、米糠输华议定书;承诺“鼓励中国企业赴马投资兴业”,旗舰项目马中关丹产业园区已累计完成投资超过110亿元人民币,“两国双园”步入升级发展的新阶段;承诺“坚定支持柬埔寨保持稳定、加快发展、改善民生”,不但支持柬方建设了第一大电站、第一条高速公路、第一座跨山脊高架桥,还根据柬方需要制定了“工业发展走廊”“鱼米走廊”两份合作规划,携手逐梦现代化。
再看这些年大国外交的壮阔实践:扩大对外开放,提出“双碳”目标,支持联合国事业,宣示始终做世界和平的建设者、全球发展的贡献者、国际秩序的维护者……一个个坚定承诺变成一项项扎实行动,扎根发芽、开花结果。刚刚落幕的消博会,是中国连续举办的第五届。每年春天,中国都会如期向世界发出邀约,共享发展与合作的机遇。
政治安全领域的对话最能体现国与国战略互信的程度。此次东南亚之行,中越决定将两国外交、国防、公安“3+3”战略对话机制确定为部长级,中马同意建立外交、国防“2+2”对话机制,中柬决定建立外长、防长“2+2”战略对话机制。几乎同一时间,中印尼外长、防长“2+2”对话机制首次部长级会议在北京成功举行。一个个合作新消息汇聚在一起,不是偶然和巧合,而是中国始终保持周边外交政策延续性、稳定性的必然结果。
真正的大国是讲道义的。主持公道,追求大同。
大国之“大”,既在力量之大,更在责任之大。其对实力的运用,不是服务“自我优先”的原则,而是秉持人类命运共同体的理念,正视世界上公正变革的要求,为国际社会积极贡献公共产品。
中马联合声明提到《关于疫苗开发和可及性的合作协定》,让人想起中马携手抗击新冠疫情的患难岁月。在全球危机时刻,中国坚定践行将疫苗作为公共产品的大国承诺,“行大道的中国”形象愈发深入人心。
当下的世界,面临新的困难局面。关税战、贸易战冲击多边贸易体制,单边主义、保护主义损害世界各国特别是广大发展中国家利益。国际社会应当如何应对,全球南方又应当如何协作?
有“小船孤篷经不起惊涛骇浪,同舟共济方能行稳致远”的形象阐释,有“以和平、合作、开放、包容的亚洲价值观回应弱肉强食的丛林法则”的方向指引,东南亚之行,习近平主席同各方深入沟通、密切协调,凝聚着反对霸权强权、维护国际社会共同利益、捍卫国际公平正义的力量。马来西亚总理安瓦尔有感而发:中国带来的不仅是稳定性,更是持久未来的希望。
从正确义利观到亲诚惠容周边外交理念、真实亲诚对非工作方针,从提出三大全球倡议到倡导平等有序的世界多极化和普惠包容的经济全球化……新时代以来,中国在国际舞台上展现出坚守道义的大国领导力,赢得了更多的信誉,也得到了更多的国际支持。
在人类政治文明进程中,大国扮演着重要角色,它们的行为既可以是推动世界进步的动力,也可能是造成冲突和灾难的根源。大变局中的世界,需要什么样的大国?一个讲情义、讲信义、讲道义的中国,一个坚持站在历史正确一边、时代进步一边的中国,让大国的样子更清晰生动,更可亲可敬。
这也是为何,世界瞩望中国、倚重中国,走向中国、携手中国。
1. 当地时间4月14日中午,中共中央总书记、国家主席习近平乘专机抵达河内,开始对越南进行国事访问。 新华社记者 燕雁 摄
2. 4月16日上午,马来西亚最高元首易卜拉欣在马来西亚国家王宫同中国国家主席习近平举行会见。会见后,习近平出席易卜拉欣举行的欢迎宴会。这是习近平向欢迎人群挥手致意。 新华社记者 黄敬文 摄
3. 当地时间4月17日上午,国家主席习近平乘专机抵达金边,应柬埔寨国王西哈莫尼邀请,对柬埔寨进行国事访问。西哈莫尼在机场为习近平举行隆重欢迎仪式。这是习近平向欢迎人群挥手致意。 新华社记者 李学仁 摄