Connect with us

Environment, Disasters & Accidents

ငလျင်အလွန် ကပ်ရောဂါကြိုတင်ကာကွယ်ရေးသိကောင်းဖွယ်ရာ

မြန်မာနိုင်ငံ မန္တလေးမြို့ရှိ ငလျင်ဒဏ်သင့်ပြည်သူများ နေရာချထားရေးစခန်းတစ်ခု၌ အနားယူနေသည်ကို ၂၀၂၅ ခုနှစ် ဧပြီ ၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဧပြီ ၇ ရက် (ဆင်ဟွာ)
ဧပြီ ၇ ရက်သည် ကမ္ဘာ့ကျန်းမာရေးနေ့ဖြစ်သည်။ မြန်မာနိုင်ငံ၌ မတ် ၂၈ ရက်က လှုပ်ခတ်သော အင်အားပြင်းငလျင်ကြောင့် လူ ၃,၀၀၀ ကျော် သေဆုံးခဲ့ပြီး လူ ၅,၀၀၀ ကျော် ဒဏ်ရာရရှိခဲ့သည်။ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို အခြေခံအားဖြင့် ပြီးမြောက်ပြီးနောက် ငလျင်ဒဏ်သင့်ဒေသ၌ ကူးစက်ရောဂါများ အထူးသဖြင့် ဝမ်းပျက်ဝမ်းလျှောနှင့် အသက်ရှူစနစ်ဆိုင်ရာရောဂါ ဖြစ်ပွားမှုအတွက် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို အဓိက ကောင်းမွန်စွာ လုပ်ဆောင်ထားရမည်ဖြစ်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ပညာရှင်များက ထောက်ပြထားသည်။

ကူးစက်ရောဂါ အန္တရာယ်မြင့်မားနေ

မြန်မာနိုင်ငံ စစ်ကိုင်းတိုင်းဒေသကြီးရှိ အချို့သော နေရာချထားရေးစခန်းများတွင် အပျော့စားမှ အလယ်အလတ်အဆင့် ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်ပွားမှုများ တင်ပြလာပြီဖြစ်ကြောင်း WHO ကဆိုသည်။

မြန်မာနိုင်ငံ၌ လတ်တလောကာလအတွင်း ငလျင်အလွန်တွင် ငှက်ဖျား၊ သွေးလွန်တုပ်ကွေးနှင့် အသည်းရောင်ရောဂါ စသည့် ရောဂါများ ဖြစ်ပွားလာနိုင်ကြောင်း၊ သောက်သုံးရေဘေးကင်းမှု၊ ပတ်ဝန်းကျင်သန့်ရှင်းမှုနှင့် တစ်ကိုယ်ရေသန့်ရှင်းရေး ဝန်ဆောင်မှုများ ပြတ်
တောက်ခြင်းတို့သည် ရှိနှင့်ပြီးသား ရောဂါခြိမ်းခြောက်မှုများ အထူးသဖြင့် ကာလဝမ်းရောဂါနှင့် ဝမ်းပျက်ဝမ်းလျှောရောဂါအန္တရာယ်ကို ဆိုးရွားလာစေနိုင်ကြောင်း အဆိုပါ အဖွဲ့အစည်းက သတိပေးထားသည်။

ငလျင်ဒဏ်သင့်ဒေသ၌ ဆေးကုသရေးအဆောက်အအုံတစ်ဝက်ခန့် ပျက်စီးခဲ့သဖြင့် အန္တရာယ်ကို ပိုမိုဆိုးရွားလာစေကြောင်း၊ ရေရှည်အကျပ်အတည်းကြောင့် အရေပြားရောဂါ၊ ငှက်ဖျားရောဂါနှင့် သွေးလွန်တုပ်ကွေး စသည့်ရောဂါများ ဖြစ်ပွားစေနိုင်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ၏ မြန်မာနိုင်ငံအခြေစိုက်ရုံး ဒုတိယကိုယ်စားလှယ် Elena Vuolo က ဆိုခဲ့သည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ၏ မြန်မာနိုင်ငံဆိုင်ရာကိုယ်စားလှယ် Dr Thushara Fernando က ၎င်းတို့သည် နေပြည်တော် စသည့် ငလျင်ဒဏ်သက်ရောက်မှုရှိသည့်နေရာများရှိ ဆေးရုံများ၌ လူနာများ အပြည့်ဖြစ်နေပြီး ဆေးကုသရေးပစ္စည်း ပြတ်လပ်နေသည်ကို တွေ့ရှိရကြောင်း၊ လျှပ်စစ်ဓာတ်အားနှင့် လောင်စာပြတ်တောက်မှုတို့သည် အကျပ်အတည်းကို ပိုမိုဆိုးရွားလာစေနေကြောင်း၊ ကိုယ်ဝန်ဆောင်သည်၊ ကလေးသူငယ်နှင့် ဆီးချိုရောဂါ၊ နှလုံးရောဂါ စသည့် နာတာရှည်ရောဂါသည်များကမူ အခြေခံကုသရေး အခြေအနေ မလုံလောက်မှုနှင့် ရင်ဆိုင်ရနိုင်ခြေရှိကြောင်း ပြောကြားခဲ့သည်။

ငလျင်ဒဏ်သင့်ဒေသများတွင် အဖြစ်များသောကူးစက်ရောဂါများကို အမျိုးအစားလေးမျိုး ခွဲခြား၍ရကြောင်း တရုတ်နိုင်ငံ လေကြောင်းပို့ဆောင်ရေး အထွေထွေဆေးရုံ စိတ်ပိုင်းဆိုင်ရာ ဆေးပညာဌာန (psychosomatic medicine) ဌာနမှူး ယွီရှောင်နျန့်က ဆင်ဟွာသတင်းထောက်၏ တွေ့ဆုံမေးမြန်းမှုကို ဖြေကြားရာ၌ ရှင်းလင်းပြောကြားခဲ့သည်။

ပထမအမျိုးအစားမှာ အစာခြေလမ်းကြောင်း ကူးစက်ရောဂါဖြစ်ပြီး ဥပမာအားဖြင့် အသည်းရောင် အေရောဂါ၊ ကာလဝမ်းရောဂါ၊ ရှီဂယ်လားဘတ်တီးရီးယားကြောင့် ဖြစ်ပွားသော အူလမ်းကြောင်းရောဂါ (shigellosis) ၊ အူရောင်ငန်းဖျားရောဂါ စသည်တို့ဖြစ်ကာ အဓိကအားဖြင့် ညစ်ညမ်းသော ရေအရင်းအမြစ်နှင့် အစားအစာမှ ကူးစက်ခြင်းဖြစ်သည်။

ဒုတိယအမျိုးအစားမှာ အသက်ရှူလမ်းကြောင်းကူးစက်ရောဂါဖြစ်ပြီး ဥပမာအားဖြင့် ဝက်သက်၊ တုပ်ကွေး၊ ကိုဗစ်-၁၉ စသည်တို့ဖြစ်ကာ လူဦးရေထူထပ်သိပ်သည်းသော၊ လေဝင်လေထွက် မကောင်းမွန်သောယာယီနေရာချထားရေးစခန်းများ၌ အလွယ်တကူ ကူးစက်ပျံ့နှံ့နိုင်သည်။

တတိယအမျိုးအစားမှာ ခြင်ကိုက်မှုကြောင့်ကူးစက်သောရောဂါဖြစ်ပြီး ဥပမာအားဖြင့် သွေးလွန်တုပ်ကွေး၊ ငှက်ဖျား၊ ဆင်တုပ်ကွေးရောဂါ စသည်တို့ဖြစ်သည်။ စတုတ္ထအမျိုးအစားမှာမူ ကြွက်မှတစ်ဆင့် ကူးစက်သောရောဂါဖြစ်ပြီး ဥပမာအားဖြင့် ပလိပ်ရောဂါ၊ ဟန်တန် (Hantaan) ဗိုင်းရပ်စ်ကြောင့် ဖြစ်ပွားသော သွေးလွန်တုပ်ကွေးရောဂါ စသည်တို့ပါဝင်သည်။ ငလျင်လှုပ်ခတ်ပြီးနောက် ကြွက်အမျိုးအစားများ လှုပ်ရှားသွားလာမှု များပြားလာသဖြင့် လူအုပ်စုနှင့် ကြွက်တို့ထိတွေ့သည့် အန္တရာယ်မြင့်တက်လာသည်။

ရောဂါ မည်ကဲ့သို့ ကြိုတင် ကာကွယ်ရမည်နည်း

ဝမ်းပျက်ဝမ်းလျှော၊ အရေးပေါ် အသက်ရှူလမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါနှင့် အရေပြားကူးစက်ရောဂါများကို ကုသရန်အတွက် မြန်မာနိုင်ငံ ငလျင်ဒဏ်သင့်ဒေသများသို့ ဆေးကုသသုံးပစ္စည်းများ ပံ့ပိုးပြီး ဖြစ်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ဧပြီ ၄ ရက်တွင် ပြောကြားခဲ့သည်။ သက်ဆိုင်ရာဌာနများက ဘေးကင်း၍ ကျန်းမာသည့် စားသောက်ကုန်နှင့် သောက်သုံးရေ ပံ့ပိုးမှုကို အာမခံပေးသင့်သလို ငလျင်ဒဏ်သင့်ဒေသရှိ ပြည်သူလူထုအနေဖြင့်လည်း ကောင်းမွန်သည့် ကျန်းမာရေးအလေ့အထကို ထိန်းသိမ်းဆောင်ရွက်သင့်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ပညာရှင် Arturo Pesigan က ပြောကြားခဲ့သည်။

ငလျင်ဒဏ်သင့် ပြည်သူများအနေဖြင့် ရေသောက်သုံးမှု ဘေးကင်းစေရေး ဂရုပြုရန်၊ ပုပ်သိုးပျက်စီးနေသည့် အစားအစာများကို မစားသောက်ရန်၊ မချက်ပြုတ်ထားသည့် အစားအစာများကို အစိမ်း မစားသုံးရန် ၊ နေထိုင်သည့်ပတ်ဝန်းကျင်တွင် လေဝင်လေထွက်ကောင်းအောင် ထားရှိရန်၊ စားသုံးရာတွင် အသုံးပြုသည့် ပန်းကန်ခွက်ယောက်များအား သန့်စင် ပိုးသတ်ရန်၊ ခြင်အန္တရာယ် ကြိုတင်ကာကွယ်ရေး ဂရုပြုရန်အတွက် ခြင်ထောင်အသုံးပြုရန်၊ အပြင်ထွက်ရာတွင် အရောင်ဖျော့ အင်္ကျီရှည်၊ ဘောင်းဘီရှည် ဝတ်ဆင်ရန်နှင့် ခြင်ပြေးဆေးလိမ်းထားရန် စသည်ဖြင့် တရုတ်နိုင်ငံ ပေကျင်းမြို့ တာ့ရှင်းခရိုင် ရောဂါကာကွယ်ရေးနှင့် ထိန်းချုပ်ရေးစင်တာ ဒုတိယ ညွှန်ကြားရေးမှူး ကန်းရာ့တိက ဆင်ဟွာသတင်းထောက်၏ တွေ့ဆုံမေးမြန်းမှုတွင် အကြုံပြုခဲ့သည်။
အကယ်၍ ကိုယ်ပူခြင်း၊ အရေပြား အရောင်ပြောင်းခြင်း သို့မဟုတ် အဖုထခြင်း၊ ဝမ်းပျက်ဝမ်းလျှောခြင်း၊ အော့အန်ခြင်း၊ အသားဝါခြင်း၊ မျက်လုံး နီရဲရောင်ရမ်းခြင်း စသည့် လက္ခဏာများ တွေ့ရှိရပါက အချိန်မီဆေးကုသရန်၊ ကူးစက်ရောဂါဟု သံသယရှိပါက နှာခေါင်းစည်းတပ်ဆင်ခြင်း၊ မကြာခဏ လက်ဆေးခြင်းနှင့် ကာကွယ်ဆေးထိုးခြင်း စသည့် နည်းလမ်းများဖြင့် ကြိုတင်ကာကွယ်၍ ရကြောင်း ၎င်းက အကြံပြုပြောကြားခဲ့သည်။

ယွိရှောင်နျန့်က ပြည့်ဝလုံလောက်သည့် ပတ်ဝန်းကျင် ပိုးသတ်ဆေးနှင့် ရေသန့်စက်၊ ကပ်ဘေးအလွန် ဖြစ်ပွားသည့် ကူးစက်ရောဂါလက္ခဏာများအလိုက် လိုအပ်သည့် ကုသဆေးဝါးများကို ကြိုတင်ပြင်ဆင်ခြင်းသည် ကပ်ဘေးအလွန် ကပ်ရောဂါ ဖြစ်ပွားမှုကို ကြိုတင်ကာကွယ်တားဆီးရာတွင် အလွန်အရေးကြီးသည်ဟု ယူဆသည်။ အစိုးရဌာနများအနေဖြင့် သက်ဆိုင်ရာ ကပ်ရောဂါကာကွယ်ရေး ပစ္စည်းများအတွက် ညှိနှိုင်းဆွေးနွေးချိတ်ဆက်ထားပြီး လွယ်ကူချောမွေ့စွာ အသုံးပြုနိုင်ရေး အာမခံပေးရရန် လိုအပ်ကြောင်း၊ ထို့နောက် လိုအပ်သည့် လူအုပ်စုထံသို့ အမြန်ဆုံးရောက်ရှိရန် ငလျင်ဒဏ်ခံစားခဲ့ရသည့် အတိုင်းအတာနှင့် ထူးခြားချက်များအရ လိုအပ်သည့် ဆေးဝါး သို့မဟုတ် စက်ပစ္စည်းများကို စီစဉ်ပေးဝေကာ ဆိုးရွားသည့် ကပ်ရောဂါ ဖြစ်ပွားမှုမှ ကာကွယ်တားဆီးရမည် ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

“ကပ်ရောဂါဖြစ်ပွားနိုင်သည့် အလားအလာ” ကို ပေါ့ဆ၍မရ

ငလျင်ဒဏ်သင့်ပြည်သူများ စိတ်ဒဏ်ရာရသည့်အခြေအနေမှာ ကျယ်ကျယ်ပြန့်ပြန့် တည်ရှိနေပြီး သေဆုံးခြင်းနှင့် နောက်ဆက်တွဲ ငလျင်များက လူအများအား စိတ်ဖိစီးမှုနှင့် စိုးရိမ်ပူပန်မှုကို ခံစားရစေကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ဧပြီ ၄ ရက်တွင် ထုတ်ပြန်သည့် အစီရင်ခံစာ၌ ထောက်ပြထားသည်။

ပြည်သူလူထု၏ စိတ်ပိုင်းဆိုင်ရာအပေါ် ကပ်ဘေး၏သက်ရောက်မှုကို လျစ်လျူရှု၍မရပေ။ ပင်မငလျင်ကြီးနှင့် မကြာခဏ လှုပ်ခတ်သည့် နောက်ဆက်တွဲ ငလျင်များက ဘေးဒဏ်သင့်ပြည်သူများကို စိုးရိမ်ကြောင့်ကြစေပြီး အခြေခံလူမှုဘဝအဆောက်အဦများ ဖျက်ဆီးခံရခြင်း သို့မဟုတ် သောက်သုံးရေ မလုံလောက်ခြင်းကြောင့် ခန္ဓာကိုယ်တွင် ရေဓာတ်ကုန်ခမ်းခြင်း စသည်တို့ ထပ်လောင်းပေါင်းစပ်မှုက Economy Class Syndrome (ECS) ဖြစ်လွယ်စေကြောင်း၊ ဆိုလိုသည်မှာ Economy Class တွင် လေယာဉ်အချိန်ကြာမြင့်စွာ ထိုင်စီးခြင်းက အောက်ခြေသွေးပြန်ကြောသွေးခဲသည့်လက္ခဏာ ဖြစ်စေကြောင်း ယခင် ငလျင်ကယ်ဆယ်ရေး ဖြစ်စဉ်တွင် တွေ့ရှိခဲ့ဖူးသည်။ ကပ်ဘေးအလွန် ခိုလှုံရေးတွင် ရေဓာတ် တတ်နိုင်သမျှ ဖြည့်ဆည်းရမည်ဖြစ်ကြောင်း၊ အကယ်၍ ခိုလှုံသည့်နေရာအထိုင်အခင်း ကျဉ်းမြောင်းပါက လေး၊ ငါးနာရီခြားစီ လမ်းလျှောက်ပေးရမည် ဖြစ်ကြောင်း ဂျပန်နိုင်ငံ National Cerebral and Cardiovascular Center ၏ ဂုဏ်ထူးဆောင် အကြီးအကဲ Takenori Yamaguchi က အကြံပြုထားသည်။

ကပ်ဘေးဒဏ်သင့် ပြည်သူများအပေါ် စိတ်ပိုင်းဆိုင်ရာ ထိုးနှက်မှုများ ဖြစ်စေသည်မှာ သေချာကြောင်း၊ ကပ်ဘေးဒဏ် ခံနိုင်ရည်မှာ လူပုဂ္ဂိုလ်အလိုက် တူညီမှု မရှိသလို ခံစားချက်လည်း မတူညီကြကြောင်း ယွီရှောင်နျန့်က ဆိုသည်။ သာမန်အားဖြင့်ဆိုသော် ဆက်တိုက် စိုးရိမ်မွန်းကြပ်မှုနှင့် ပင်ပန်းနွမ်းနယ်မှုများကြောင့် စိတ်ပိုင်းဆိုင်ရာ ပြိုလဲမှုအထိ မဖြစ်ပွားစေရန် ကာလတိုအတွင်း ကပ်ဘေးဒဏ်သင့် ပြည်သူများ၏ စိတ်ပိုင်းဆိုင်ရာ အားပေးမှုနှင့် အဖော်ပြုမှု ပေးသင့်ကြောင်း၊ အကယ်၍ ဆိုးရွားသည့် အရေးပေါ် စိတ်ဒဏ်ရာရမှုရှိပါက ကျွမ်းကျင်သည့် စိတ်ရောဂါအထူးကုဆရာဝန်ကို ပြသကုစား၍ ရကြောင်း ၎င်းက ပြောကြားခဲ့သည်။

Arturo Pesiganက ကပ်ဘေးအလွန်တွင် ကလေးငယ်များနှင့် ငလျင်ကြောင့် ဒဏ်ရာရပြီး မသန်မစွမ်း ဖြစ်ခဲ့ရသည့် ဘေးဒဏ်သင့်ပြည်သူများ၏ စိတ်ကျန်းမာရေး ပြဿနာကို အထူးဂရုစိုက်ရမည် ဖြစ်ကြောင်း၊ ကပ်ဘေး တိုက်ဖျက်ရေးနှင့် ကယ်ဆယ်ရေး လုပ်ဆောင်သူများသည် အချိန်တိုအတွင်း ကြီးမားသည့် အလုပ်ဖိအားနှင့် ရင်ဆိုင်ခဲ့ရခြင်းကြောင့် စိတ်ပိုင်းဆိုင်ရာ ကြီးမားသည့် ရိုက်ခတ်မှုဒဏ်ကို ခံရနိုင်ရာ ၎င်းတို့၏ စိတ်ကျန်းမာရေးမှာလည်း အလားတူ အထူးဂရုပြုသင့််ကြောင်း ထောက်ပြ ပြောကြားခဲ့သည်။ (Xinhua)

မြန်မာနိုင်ငံ မန္တလေးမြို့ရှိ ငလျင်ဒဏ်သင့်ပြည်သူများ နေရာချထားရေးစခန်းတစ်ခု၌ အနားယူနေသည်ကို ၂၀၂၅ ခုနှစ် ဧပြီ ၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ကယ်ဆယ်ရေးအဖွဲ့ဝင်များကို မြန်မာနိုင်ငံ မန္တလေးမြို့၌ ကယ်ဆယ်ရေးလုပ်ငန်း လုပ်ဆောင်နေသည်ကို ၂၀၂၅ ခုနှစ် မတ် ၃၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ကယ်ဆယ်ရေးအဖွဲ့ဝင်များကို မြန်မာနိုင်ငံ မန္တလေးမြို့၌ ကယ်ဆယ်ရေးလုပ်ငန်း လုပ်ဆောင်နေသည်ကို ၂၀၂၅ ခုနှစ် မတ် ၃၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

————————-
(Chinese Version)
科普|地震灾后防疫知多少
新华社北京4月7日电 科普|地震灾后防疫知多少   新华社记者李雯   4月7日是世界卫生日。缅甸3月28日发生的强震已造成3000多人死亡、5000多人受伤。世界卫生组织专家指出,在搜救工作基本完成后,地震灾区应重点做好预防传染病暴发的工作,特别是腹泻和呼吸系统疾病。
传染病风险高
世卫组织说,缅甸实皆省的部分安置点已报告一系列轻度至中度腹泻病例。该组织警告,缅甸近期地震后可能出现疟疾、登革热和肝炎等疾病,饮用水安全、环境卫生和个人卫生服务中断会加剧一些已经存在的疾病威胁,特别是霍乱和腹泻。
世卫组织驻缅甸办事处副主任埃琳娜·沃洛说,地震灾区约一半的医疗设施受损,这使风险进一步恶化,长期危机可能导致皮肤病、疟疾和登革热等疾病。
世卫组织驻缅甸代表图沙拉·费尔南多表示,他们在内比都等受影响地区的医院看到,那里人满为患,医疗物资短缺,电力和燃料短缺正在加剧危机,孕妇、儿童以及糖尿病、心脏病等慢性病患者可能会缺乏基本医疗条件。
中国航空总医院心身医学科主任喻小念在接受新华社记者采访时介绍,地震灾区常见传染病分为四类:第一类是消化道传染病,如甲肝、霍乱、细菌性痢疾、伤寒等,主要通过被污染的水源和食物传播;第二类是呼吸道传染病,如麻疹、流感、新冠等,在人员密集、通风不良的临时安置点容易传播;第三类是通过蚊虫叮咬传播的传染病,如登革热、疟疾、基孔肯雅热等;第四类是鼠传疾病,如鼠疫、流行性出血热等,地震后由于鼠类活动增加,人群接触鼠类的风险上升。
如何预防疾病
世卫组织4日表示,已向缅甸地震灾区提供医疗用品,以治疗腹泻、急性呼吸道感染和皮肤感染。世卫组织专家阿图罗·派希甘表示,相关部门应保证安全卫生的食品和饮用水供应,灾区民众也应保持良好的卫生习惯。
中国北京市大兴区疾病预防控制中心副主任甘亚弟在接受新华社记者采访时建议,灾区民众要注意安全饮水,不吃腐败变质的食物,不吃生的食物;保持居住环境良好通风,对餐饮器具等实施卫生清洁和消毒;注意防蚊,可以使用蚊帐,外出可以穿浅色长袖衣物,涂抹避蚊水等;如发现发热、皮疹、腹泻、呕吐、黄疸、结膜红肿等症状,及时就医,如怀疑是传染病,可以戴口罩、勤洗手并采取接种疫苗等措施来预防。
喻小念认为,足量的环境消杀药品和净水设备,以及针对灾害发生地传染病特点准备必要的治疗药物对防止灾后疫情的发生非常重要。他说,政府部门灾后需要协调保障相关防疫物资,并保证顺畅使用,再根据各个区域受灾严重程度和特点,调配必要的药物或者设备,尽快送达需要的人群,防止发生严重疫情。
“隐性疫情”不容小觑
世卫组织4日发布的报告指出,灾民普遍存在心理创伤,死亡和余震让人们感受到压力和焦虑。
灾难对民众心理的影响不容忽视。以往地震救灾过程中曾发现,主震和之后频繁发生的余震容易使灾民心理紧张,加上基础生活设施遭破坏或饮水不足引发身体脱水等,容易诱发经济舱综合征,即长时间乘坐飞机经济舱发生下肢静脉血栓的情况。日本国立循环器官疾病研究中心名誉总长山口武典建议,灾后避难要尽量补充水分,如果避难场所空间狭小,那么每四五个小时需要走一走路。
喻小念说,灾民心理上肯定会遭受不同程度的打击,个体应对灾害的承受力不同,感受也不同。一般来说,短期内应给予灾民心理支持和陪伴,以避免持续性过度紧张和劳累导致精神崩溃,如果已有严重急性精神心理创伤,可以寻求专业的精神心理科医生介入干预。   派希甘指出,灾后特别要关注儿童以及在地震中受伤并留下残疾的灾民的心理健康问题,而抗震救灾工作者在短期内面临沉重的工作压力,也会遭受巨大的心理冲击,他们的心理健康问题同样应给予高度关注。(完)