Connect with us

Africa & Middle East

တရုတ်ကုမ္ပဏီမှ တာဝန်ယူတည်ဆောက်သည့် နိုင်ဂျီးရီးယား ရေပေးဝေမှုစီမံကိန်း တည်ဆောက်ပြီးစီး၊ ဒေသခံပြည်သူပေါင်း ၃ သန်း၏ ရေအသုံးပြုမှုအခက်အခဲကိုဖြေရှင်းပေးမည်ဖြစ်

နိုင်ဂျီးရီးယားနိုင်ငံ အဘူဂျာမြို့ ရေပေးဝေမှုစီမံကိန်းကြီးတွင် အလုပ်သမားများက ရေပို့လွှတ်ရေးပိုက်လိုင်း ဆက်သွယ်နေသည်ကို ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၉ ရက်က တွေ့ရစဉ် (ဓာတ်ပုံ - CGC Nigeria)

အဘူဂျာ၊ ဇွန် ၁၈ ရက် (ဆင်ဟွာ)
တရုတ်ကုမ္ပဏီ တာဝန်ယူတည်ဆောက်သည့် နိုင်ဂျီးရီးယားနိုင်ငံ အဘူဂျာမြို့ ရေပေးဝေမှုစီမံကိန်းကြီး တည်ဆောက်ပြီးစီးခြင်း အခမ်းအနားကို ဇွန် ၁၆ ရက်တွင် ကျင်းပခဲ့သည်။ နိုင်ဂျီးရီးယားနိုင်ငံ သမ္မတ Bola Tinubu က ဇွန် ၁၆ ရက်တွင် မြို့တော်အဘူဂျာ၌ အခမ်းအနားတက်ရောက်စဉ် ပိုမိုများပြားသည့် နိုင်ဂျီးရီးယားမိသားစုများ ဘေးကင်းလုံခြုံမှုပြည့်ဝသည့် ရေအရင်းအမြစ်ရရှိနိုင်ရန်အတွက် တရုတ်လုပ်ငန်းကုမ္ပဏီနှင့် တရုတ်မိတ်ဆွေများကကူညီပေးမှုကို ကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့သည်။

Bola Tinubu က အဆိုပါစီမံကိန်း တည်ဆောက်ပြီးစီးမှုသည် နိုင်ဂျီးရီးယားပြည်သူများ၏ ဘေးကင်းလုံခြုံမှုမရှိသည့် ရေအရင်းအမြစ် အသုံးပြုမှုအခြေအနေကို လျှော့ချပေးနိုင်မည်ဖြစ်ကြောင်း၊ “အပြန်အလှန် လေးစားမှုနဲ့ အတူတကွ စည်ပင်ဝပြောမှု အခြေခံပေါ်မှာ တည်ဆောက်ထားတဲ့ မိတ်ဖက်ဆက်ဆံရေးက စစ်မှန်တဲ့ သက်ရောက်မှု ရှိလာနိုင်တယ်ဆိုတာကို ကျွန်တော်တို့က ကမ္ဘာကြီးထံ ဖော်ပြနေပါတယ်” ဟု ပြောကြားခဲ့သည်။

CGC Nigeria ကုမ္ပဏီ အထွေထွေမန်နေဂျာ ကျုံးရှန်က နိုင်ဂျီးရီးယားနိုင်ငံ မြို့တော်၏ “မြို့ပြအသက်လမ်းကြောင်းစီမံကိန်း” အနေဖြင့် အဘူဂျာမြို့ရေပေးဝေမှုစီမံကိန်းကြီးသည် ဒေသခံပြည်သူပေါင်း ၃ သန်းခန့်၏ ရေအသုံးပြုမှုအခက်အခဲကို ဖြေရှင်းပေးမည်ဖြစ်ကာ ဒေသခံနည်းပညာလူရည်ချွန် ထောင်နှင့်ချီကို ကူညီပျိုးထောင်ပေးမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

နိုင်ဂျီးရီးယာနိုင်ငံ မြို့တော်ရေပေးဝေမှုကွန်ရက်၏ “ပင်မအသက်သွေးကြော” အနေဖြင့် အဘူဂျာမြို့ ရေပေးဝေမှုစီမံကိန်းကြီးတွင် အသစ်တည်ဆောက်ထားသည့် ရေပိုက်လိုင်းကွန်ရက် ၄၂၂ ကီလိုမီတာ ပါဝင်ပြီး စုစုပေါင်း ရေပေးဝေနိုင်မှုစွမ်းရည်သည် နေ့စဉ် ၄၈၀,၀၀၀ ကုဗမီတာရှိသည်။ ယင်းသည် နိုင်ဂျီးရီးယားနိုင်ငံ မြို့တော်ဒေသ၏ ရေပေးဝေရန် စက်ရုံရှိသော်လည်း ပို့ဆောင်ရန်ပိုက်လိုင်းမရှိသည့် အခြေအနေကို ထိရောက်စွာ ဖြေရှင်းပေးနိုင်ပြီးရေပေးဝေမှုစနစ်၏ “နောက်ဆုံး တစ်ကီလိုမီတာ ခရီးလမ်း”ကို ဖောက်လုပ်နိုင်ခဲ့သည်။ အဆိုပါစီမံကိန်းကို CGCOCအုပ်စုမှ လုပ်ငန်းစဉ်တစ်ခုလုံး ဒီဇိုင်းရေးဆွဲမှုနှင့် တည်ဆောက်မှုတွင် ပါဝင်ခဲ့ပြီး တရုတ်စက်ပစ္စည်း၊ တရုတ်စံနှုန်းနှင့် တရုတ်နည်းပညာများကို အသုံးပြုခဲ့ကြောင်း သိရသည်။ (Xinhua)

နိုင်ဂျီးရီးယားနိုင်ငံ အဘူဂျာမြို့ ရေပေးဝေမှုစီမံကိန်းကြီးတွင် အလုပ်သမားများက ရေပို့လွှတ်ရေးပိုက်လိုင်း ဆက်သွယ်နေသည်ကို ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၉ ရက်က တွေ့ရစဉ် (ဓာတ်ပုံ – CGC Nigeria)

နိုင်ဂျီးရီးယားနိုင်ငံ အဘူဂျာမြို့ရေပေးဝေမှုစီမံကိန်းကြီး ရေပေးဝေမှု စမ်းသပ်စဉ်တွင် လာရောက်ရေခံကြသော အဘူဂျာမြို့ပြည်သူများကို ၂၀၂၄ ခုနှစ် အောက်တိုဘာ ၉ ရက်က တွေ့ရစဉ် (ဓာတ်ပုံ – CGC Nigeria)

နိုင်ဂျီးရီးယားနိုင်ငံ အဘူဂျာမြို့ရေပေးဝေမှုစီမံကိန်းကြီး ရေပေးဝေမှု စမ်းသပ်စဉ်တွင် လာရောက်ရေခံကြသော အဘူဂျာမြို့ပြည်သူများကို ၂၀၂၄ ခုနှစ် အောက်တိုဘာ ၉ ရက်က တွေ့ရစဉ် (ဓာတ်ပုံ – CGC Nigeria)

နိုင်ဂျီးရီးယားနိုင်ငံ အဘူဂျာမြို့ရေပေးဝေမှုစီမံကိန်းကြီး ရေပေးဝေမှု စမ်းသပ်စဉ်တွင် လာရောက်ရေခံကြသော အဘူဂျာမြို့ပြည်သူများကို ၂၀၂၄ ခုနှစ် အောက်တိုဘာ ၉ ရက်က တွေ့ရစဉ် (ဓာတ်ပုံ – CGC Nigeria)

———————-
(Chinese Version)
中企承建尼日利亚供水项目竣工 将解决300万居民用水难题
新华社阿布贾6月17日电(记者杨喆)由中国企业承建的尼日利亚阿布贾大供水项目16日举行竣工仪式。尼日利亚总统提努布16日在首都阿布贾出席仪式时表示,感谢中国企业和中国朋友帮助更多尼日利亚家庭获得安全充足的水源。
提努布表示,这一项目的竣工将减少尼民众使用不安全水源的情况。“我们正在向世界展示,建立在相互尊重和共同繁荣基础上的伙伴关系能够产生真正影响。”
中地海外尼日利亚有限公司总经理钟翔表示,作为尼首都“城市生命线工程”,阿布贾大供水项目将解决约300万居民的用水难题,帮助培养数千名本土技术人才。
据悉,作为尼首都供水网络的“主动脉”,阿布贾大供水项目包括422公里新建供水管网,总供水能力达每天48万立方米,将有效解决尼首都地区有水厂供水但无管网输送的情况,打通供水系统“最后一公里”。该项目由中地海外集团有限公司负责全流程设计与建设,采用了中国设备、中国标准和中国技术。(完)
图说1、2:2023年11月9日,工人在尼日利亚阿布贾大供水项目中铺设输水管道。新华社发(中地海外尼日利亚有限公司供图)
图说3-5:2024年10月9日,尼日利亚阿布贾居民在阿布贾大供水项目试取水时前来接水。新华社发(中地海外尼日利亚有限公司供图)