Connect with us

China

တရုတ်နိုင်ငံ “ကျန်းဆူးပြည်နယ် မြို့ပြဘောလုံးလိဂ်” ပြိုင်ပွဲ၏ အညတရအားကစားဆရာ လူကျစ်ယုံ၏ ဘောလုံးအိပ်မက်

တရုတ်နိုင်ငံ ချန်ကျိုးမြို့အသင်း ဘောလုံးကစားသမား လူကျစ်ယုံ (ဝဲဘက် ပထမ) က ၂၀၂၅ ခုနှစ် ဇွန် ၂၁ ရက်တွင် “ကျန်းဆူးပြည်နယ် မြို့ပြုဘောလုံးလိဂ်” ပြိုင်ပွဲ ၅ ကြိမ်မြောက်ပွဲစဉ်၌ နန်ကျင်းမြို့အသင်းနှင့် ယှဉ်ပြိုင်နေစဉ် (အပေါ်ပုံ) လူကျစ်ယုံက ကျောင်းအသင်း ဘောလုံးကစားသမားများအား လေ့ကျင့်ပေးနေသည်ကို ၂၀၂၅ ခုနှစ် ဇွန် ၂၂ ရက်က တွေ့ရစဉ် (အောက်ပုံ) (ဆင်ဟွာ)

ချန်ကျိုး (ကျန်းဆူး)၊ ဇွန် ၂၄ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ “ကျန်းဆူးပြည်နယ် မြို့ပြဘောလုံးလိဂ်” ပြိုင်ပွဲကို အကြိတ်အနယ် ယှဉ်ပြိုင်ကျင်းပလျက်ရှိရာ ကျန်းဆူးပြည်နယ် မြို့အသီးသီး ကိုယ်စားပြု ဘောလုံးကစားသမားများက စိမ်းစိုစိုမြက်ခင်းပြင် ဘောလုံးကွင်းတွင် ဘောလုံးဝါသနာရှင်များအတွက် စိတ်လှုပ်ရှားဖွယ်ရာပြိုင်ပွဲများ ဆက်တိုက်တင်ဆက် ကစားပြလျက်ရှိသည်။
ဘောလုံးပေးပို့ခြင်း၊ ဂိုးသွင်းခြင်း၊ ကာကွယ်ခြင်း … ဘောလုံးကွင်းတွင် အကြိတ်အနယ် ပြေးလွှားနေကြသည့် ဘောလုံးကစားသမားများမှာ နာမည်ကျော် ဘောလုံးသမားများမဟုတ်ဘဲ ၎င်းတို့အများစုမှာ ဘောလံးအိပ်မက်ရှိကြသည့် သာမန်ပြည်သူများပင် ဖြစ်ကြသည်။ “ကျန်းဆူးပြည်နယ် မြို့ပြဘောလုံးလိဂ်” ပြိုင်ပွဲဝင် ၅၀၀ ကျော်တွင် ကျွမ်းကျင်ဘောလုံးကစားသမားမှာ ၂၉ ဦးသာ ပါဝင်ပြီး ကျန်သူများမှာ အပျော်တမ်း ဘောလုံးကစားသမားများဖြစ်သည်။
“ကျန်းဆူးပြည်နယ် မြို့ပြဘောလုံးလိဂ်” ပြိုင်ပွဲကြောင့် ချန်ကျိုးမြို့ ကျုံးလိုခရိုင် ရှင်းဟုန်စမ်းသပ်ကျောင်းမှ အားကစားဆရာ လူကျစ်ယုံသည် လတ်တလောတွင် ကျောင်းဝန်းအတွင်း “စူပါစတား” ဖြစ်လာခဲ့သည်။ အဆိုပါ ချန်ကျိုးမြို့အသင်းမှ အလယ်တန်းကစားသမားသည် ကျောင်းဝန်းအားကစားသင်ခန်းစာ သင်ကြားမှုတွင် မိမိ၏ဘောလုံးအိပ်မက်နှင့် အားကစားစိတ်ဓာတ်ကို ကလေးငယ်များ စိတ်နှလုံးအတွင်းသို့ တဖြည်းဖြည်း သင်ကြားပေးလျက်ရှိသည်။
ယခုနှစ်တွင် အသက် ၃၂ နှစ်ရှိပြီဖြစ်သည့် လူကျစ်ယုံသည် ငယ်ရွယ်စဉ်က ဘောလုံးအားကစားကို စနစ်တကျ လေ့ကျင့်ခဲ့ဖူးပြီး ချန်ကျိုးမြို့၏ အပျော်တမ်း ဘောလုံးအသင်းတစ်သင်းတွင် ပါဝင် ကစားခဲ့ဖူးသည်။ တက္ကသိုလ်မှဘွဲ့ရပြီးနောက် ချန်ကျိုးမြို့ ကျုံးလိုခရိုင် ရှင်းဟုန်စမ်းသပ်ကျောင်းသို့ လာရောက်၍ အားကစားဆရာနှင့် ကျောင်းဘောလုံးအသင်း နည်းပြအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။
ပြိုင်ပွဲကျင်းပနေသည်နှင့်အမျှ ကျောင်းတွင် “ကျန်းဆူးပြည်နယ် မြို့ပြဘောလုံးလိဂ်” ပြိုင်ပွဲအကြောင်း ဂရုပြုမိသည့် ကလေးငယ်များလည်း ပိုမိုများပြားလာပြီး ကျောင်းသား၊ ကျောင်းသူများက ၎င်းကိုတွေ့တိုင်း အားပေးစကားပြောကြသည်ဟု လူကျစ်ယုံက သတင်းထောက်ကို ပြောပြခဲ့သည်။
ပုံမှန်အားကစားသင်ခန်းစာ သင်ကြားမှုအပြင် နေ့စဉ် ကျောင်းဆင်းပြီးနောက် လူကျစ်ယုံက ကျောင်းဘောလုံးအသင်းမှ အဖွဲ့ဝင်လေးများကို လေ့ကျင့်ပေးရသည်။ ဘောလုံးကွင်းတွင် ၎င်း၏ဝီစီမှုတ်သံသည် ကျယ်လောင်ပြတ်သားပြီး အဖွဲ့ဝင်လေးများ၏ ဘောလုံးသယ်ဆောင်ကစားပုံကို အချိန်မရွေး ပြုပြင်ပေးရာတွင် ကျွမ်းကျင်သလို စိတ်လည်းရှည်လှသည်။ ၎င်းသည် ရိုးရှင်း၍ သက်ဝင်လှုပ်ရှားသော ပြောဆိုပုံဖြင့် အဖွဲ့လိုက်တွဲဖက်ကစားပုံအကြောင်း ရှင်းလင်းသင်ကြားပေးသည်။ ကလေးငယ်များက လေ့ကျင့်စဉ် အခက်အခဲများနှင့်ကြုံတွေ့ရချိန်တွင်လည်း ၎င်းက ချက်ချင်းပြုပြင်ပေးလေ့ရှိသည်။
“ဘောလုံးက တစ်ဦးချင်းနည်းပညာနဲ့ အဖွဲ့လိုက်တွဲဖက်မှုပဲ မဟုတ်ပါဘူး” ဟု လူကျစ်ယုံက ကျောင်းသားများကို ပြောကြားခဲ့သည်။ “အားလုံးလည်း ဘောလုံးကစားတာကနေ ချော်လဲကျသွားရင်တောင် ပြန်ထလာဖို့၊ နောက်ကျကျန်ခဲ့ရင်တောင် မစွန့်လွှတ်ဖို့ သင်ယူတတ်စေချင်ပါတယ်။ အစွမ်းကုန်ကြိုးပမ်းမှုကိုက အနိုင်ရတာဖြစ်နေပါပြီ။ ဒါက ပြိုင်ပွဲမှာရော၊ ဘဝမှာရော လိုအပ်တဲ့အရာတွေပါ” ဟု ၎င်းက ပြောကြားခဲ့သည်။
“ကျန်းဆူးပြည်နယ် မြို့ပြဘောလုံးလိဂ်” ပြိုင်ပွဲတွင် အညတရကစားသများက ကိုယ်ပိုင်စင်မြင့်များ ရှိလာပြီဖြစ်သည်။ ချစ်မြတ်နိုးမှုဖြင့် အစွမ်းကုန်ကြိုးပမ်းမည်ဆိုပါက ပြိုင်ပွဲတွင် ပါဝင်ခွင့်ရပြီး မိမိကိုယ်ပိုင်အရောင်အသွေးများကို တင်ဆက်ဖော်ပြခွင့်ရမည်သာ ဖြစ်ပေသည်။ (Xinhua)

လူကျစ်ယုံ (ဝဲဘက် ဒုတိယ) က ကျောင်းဘောလုံးကွင်းတွင် ကျောင်းဘောလုံးအသင်း ကစားသမားများအား ဦးဆောင်လေ့ကျင့်ပေးနေသည်ကို ၂၀၂၅ ခုနှစ် ဇွန် ၂၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

———————
(Chinese Version)
新华全媒+ | “苏超”凡人哥——体育老师卢志勇的足球梦
新华社照片,常州(江苏),2025年6月24日
“苏超”(2025江苏省城市足球联赛)激战正酣,江苏各地市代表队的球员们在绿茵场上为球迷们送上一场场精彩对决。传球、射门、防守…….这些在球场上激情奔跑的球员们并非足球明星,他们大多是怀揣足球梦想的普通人。据统计,“苏超”500余名参赛者中,职业球员仅占29席,其余均为业余球员。
因为“苏超”,常州市钟楼区昕弘实验学校的体育老师卢志勇最近成为了校园里的“明星”。这位常州队的中场球员,通过校园体育课将自己的足球梦想与体育精神,一点一滴浇灌进孩子们的心田。
今年32岁的卢志勇少年时接受足球系统训练,曾效力于常州一支业余足球队,大学毕业后来到常州市钟楼区昕弘实验学校担任体育老师兼校足球队教练。
卢志勇告诉记者,随着比赛的进行,学校里关注“苏超”的小朋友们越来越多,学生们见到他都会给他打气加油。
除了日常的体育课教学工作,每天放学后,卢志勇还要组织校队的小球员们进行训练。球场上,他的哨声清脆响亮,随时调整小队员的带球姿势,专业而耐心。他用简洁生动的语言讲解团队配合,当孩子们在训练中出现问题时,他会第一时间纠正。
“足球不仅是个人技术和团队配合,”卢志勇对学生们说,“希望你们通过足球学会跌倒后爬起来,落后时不放弃。拼尽全力本身就是赢,这是赛场上和生活中都需要的。”
在“苏超”赛场,平凡人拥有了自己的舞台。只要心怀热爱,全力以赴,就有机会登场,闪耀属于自己的光芒!
图说1:拼版照片:上图为2025年6月21日,常州队球员卢志勇(左一)在“苏超”第五轮对阵南京队的比赛中;下图为2025年6月22日,卢志勇指导校队球员进行训练。 新华社记者 李博 摄
图说2:6月22日,卢志勇(左二)在学校足球场上带领校队球员进行训练。新华社记者 李博 摄