International Organizations
OPEC အနေဖြင့် တရုတ်နိုင်ငံ စီးပွားရေး အနာဂတ်အလားအလာအပေါ် အကောင်းမြင်ဟု OPEC အတွင်းရေးမှူးချုပ် ဆို

ဗီယင်နာ၊ ဇူလိုင် ၁၁ ရက် (ဆင်ဟွာ)
ရေနံတင်ပို့သော နိုင်ငံများအသင်း (OPEC) အနေဖြင့် တရုတ်နိုင်ငံအား အရေးကြီး မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုမိတ်ဖက်အဖြစ် ရှုမြင်ပြီး တရုတ်နိုင်ငံစီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု အနာဂတ်အလားအလာအပေါ် ယုံကြည်ချက် အပြည့်အဝရှိကြောင်း OPEC အတွင်းရေးမှူးချုပ် Haitham Al Ghais က ဇူလိုင် ၁၀ ရက်တွင် ဆင်ဟွာသတင်းထောက် သီးသန့်တွေ့ဆုံမေးမြန်းမှု၌ ပြောကြားခဲ့သည်။
“ကျွန်တော်တို့ရဲ့ အဖွဲ့ဝင်နိုင်ငံတွေအားလုံးက တရုတ်နိုင်ငံနဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေးတွေရှိသလို တရုတ်နိုင်ငံ စွမ်းအင်လုပ်ငန်းကုမ္ပဏီတွေနဲ့လည်း ရင်းနှီးတဲ့ပူးပေါင်းဆောင်ရွက်မှုကို ထိန်းသိမ်းထားပါတယ်” ဟု Haitham Al Ghais က ၉ ကြိမ်မြောက် OPEC နိုင်ငံတကာဆွေးနွေးပွဲအတွင်း သတင်းထောက်အား ပြောကြားခဲ့သည်။ တရုတ်နိုင်ငံ လုပ်ငန်းကုမ္ပဏီများနှင့် OPEC အဖွဲ့ဝင်နိုင်ငံများက ရင်းနှီးမြှုပ်နှံ ပူးပေါင်းဆောင်ရွက်မှုများ လုပ်ဆောင်လျက်ရှိပြီး နှစ်ဖက် အပြန်အလှန် အကျိုးဖြစ်ထွန်းသော ပူးပေါင်းဆောင်ရွက်မှုမှာ တစ်နေ့တခြား နက်ရှိုင်းလာကြောင်း ၎င်းက ဆိုသည်။
Haitham Al Ghais သည် ကူဝိတ်ရေနံကုမ္ပဏီ (KOC) ၏ တရုတ်နိုင်ငံကိုယ်စားလှယ်ရုံး တာဝန်ခံအဖြစ် ထမ်းဆောင်ခဲ့ပြီး တရုတ်နိုင်ငံ၌ ၄ နှစ်နီးပါး အလုပ်လုပ်ကိုင်ခဲ့ဖူးကာ တရုတ်နိုင်ငံစီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို သက်သေထူခဲ့သည်။ OPEC အနေဖြင့် တရုတ်နိုင်ငံ၏ အနာဂတ်စွမ်းအင်လိုအပ်ချက် တိုးတက်မှုအား ပံ့ပိုးပေးသည့် အရေးကြီး မဟာာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုမိတ်ဖက်အဖြစ် ထမ်းဆောင်ရခြင်းအတွက် အလွန်ဂုဏ်ယူမိကြောင်း ၎င်းက ပြောကြားခဲ့သည်။
အမေရိကန်၏ စည်းကြပ်ခွန်က သယ်ဆောင်လာသော အပြင်ပိုင်းဖိအားများကို ရင်ဆိုင်နေရသော်လည်း ယခုနှစ် ပထမနှစ်ဝက်တွင် တရုတ်နိုင်ငံစီးပွားရေးသည် တည်ငြိမ်ကောင်းမွန်သည့် တိုးတက်မှုအလားအလာကို ဖော်ပြနေဆဲဖြစ်ကြောင်း၊ တင်ပို့မှုတွင် အားကောင်းသောတိုးတက်မှု အလားအလာကို ထိန်းသိမ်းထားပြီး ပြည်တွင်းသုံးစွဲမှုသည်လည်း အားကောင်းသောပံ့ပိုးမှုများ အဆက်မပြတ် ထောက်ပံ့ပေးနေကြောင်း OPEC ၏ နောက်ဆုံးထုတ်ပြန်သော အစီရင်ခံစာတွင် ထောက်ပြပြောကြားထားသည်။
တရုတ်နိုင်ငံစီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု အနာဂတ်အလားအလာနှင့်စပ်လျဉ်း၍ Haitham Al Ghais က OPEC အနေဖြင့် တရုတ်နိုင်ငံစီးပွားရေး စဉ်ဆက်မပြတ် တိုးတက်မှုနှင့် တရုတ်နိုင်ငံအစိုးရက ချမှတ်ထားသော စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအစီအစဉ်များအပေါ် ယုံကြည်ချက် အပြည့်အဝရှိကြောင်း၊ ယင်းကိုလည်း OPEC ၏ လပတ်အစီရင်ခံစာနှင့် ရေရှည်ဈေးကွက်အစီရင်ခံစာများတွင် ဖော်ပြထားကြောင်း ပြောကြားခဲ့သည်။
၂ ရက်ကြာကျင်းပသည့် ၉ ကြိမ်မြောက် OPEC နိုင်ငံတကာဆွေးနွေးပွဲသည် ဇူလိုင် ၁၀ ရက်တွင် ဩစတြီးယားနိုင်ငံ မြို့တော်ဗီယင်နာ၌ ကျင်းပပြီးစီးခဲ့ပြီး တစ်ကမ္ဘာလုံးမှ အဓိက စွမ်းအင်ထုတ်လုပ်မှုနှင့် သုံးစွဲမှုနိုင်ငံများမှ ကိုယ်စားလှယ်များနှင့် နိုင်ငံတကာအဖွဲ့အစည်း တာဝန်ရှိပုဂ္ဂိုလ်များ ၁,၀၀၀ ကျော် တက်ရောက်ခဲ့ကြောင်း သိရသည်။ (Xinhua)
——————–
(Chinese Version)
专访|欧佩克看好中国经济前景——访欧佩克秘书长海赛姆·盖斯
新华社维也纳7月10日电 新华社记者康逸 孟凡宇
石油输出国组织(欧佩克)秘书长海赛姆·盖斯10日在接受新华社记者专访时表示,欧佩克将中国视为重要战略合作伙伴,对中国经济发展前景充满信心。
盖斯在第九届欧佩克国际研讨会期间告诉记者,“我们的成员国都与中国有着良好关系,也与中国能源企业保持着密切合作。”他说,中国企业与欧佩克成员国开展投资合作,双方互利合作日益深化。
盖斯曾担任科威特石油公司驻中国代表处负责人,在华工作近4年时间,见证了中国经济发展。他表示,欧佩克很荣幸能够成为支持中国未来能源需求增长的重要战略合作伙伴。
欧佩克在最新发布的报告中指出,尽管面临美国关税措施所带来的外部压力,今年上半年中国经济依然展现出稳健的增长势头,出口保持强劲增长态势,国内消费也持续提供有力支撑。
谈到中国经济的发展前景,盖斯说,欧佩克对中国经济持续增长以及中国政府制定的经济发展规划充满信心,这也在欧佩克的月度报告及长期市场报告中得到体现。
为期两天的第九届欧佩克国际研讨会10日在奥地利首都维也纳闭幕,来自全球主要能源生产和消费国的1000多名代表和国际组织负责人参会。(完)
图说:7月10日,在奥地利首都维也纳,石油输出国组织(欧佩克)秘书长海赛姆·盖斯接受新华社记者专访。新华社记者 贺灿铃 摄