Connect with us

Social, Education & Health

တရုတ်နိုင်ငံက အသက် ၁၂ နှစ်နှင့် ၁၇ နှစ်ကြား အရွယ်မရောက်သေးသူများအား အစုပြုံလိုက် ကာကွယ်ဆေးထိုးနှံရေး အစီအစဉ် တိုးချဲ့မည်

တရုတ်နိုင်ငံ အလယ်ပိုင်း ဟူပေပြည်နယ် ဝူဟန့်မြို့ Jiangxia ရပ်ကွက်ရှိ ကာကွယ်ဆေးထိုးနှံသည့် နေရာ၌ ဇွန် ၉ ရက်က ပြည်သူများ ကာကွယ်ဆေး ထိုးနှံပြီးနောက် စောင့်ကြည့်လေ့လာမှုခံယူနေစဉ်(ဆင်ဟွာ)

ပေကျင်း ၊ ဇူလိုင် ၁၈ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံတစ်ဝှမ်း ပြည်နယ်များ ၊ ဒေသများ နှင့် မြူနီစပယ် နေရာအများအပြား၌ အသက် ၁၂ နှစ်နှင့် ၁၇ နှစ်ကြား အရွယ်မရောက်သေးသူများအတွက် COVID-19 ကာကွယ်ဆေး ထိုးနှံမှု အဆင့်ဆင့် ပြုလုပ်သွားမည် ဖြစ်ကြောင်း ကြေညာခဲ့သည်။တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်း ဟေးလုံကျန်းပြည်နယ်၌ ဇူလိုင်လမှစ၍ အသက် ၁၂ နှစ်နှင့် ၁၇ နှစ်ကြားရှိ အလယ်တန်း နှင့် အထက်တန်းကျောင်းသားများအား ကာကွယ်ဆေး ထိုးနှံရန် စီစဉ်နေကြောင်း ပြည်နယ် ရောဂါထိန်းချုပ်ရေး နှင့် ကာကွယ်ရေးစင်တာထံမှ သိရသည်။

ကာကွယ်ဆေး မထိုးနှံမီ အရွယ်မရောက်သေးသူ၏ တရားဝင်အုပ်ထိန်းသူက ၎င်း တို့၏ ကလေးများအား အကြောင်းကြားခြင်း ၊ သဘောတူခြင်း နှင့် ဆန္ဒအလျောက် ကာကွယ်ဆေးထိုးနှံခြင်းတို့ကို သေချာစေရန် သက်ဆိုင်ရာ သတင်းအချက်အလက်အားလုံးနှင့်အတူ ထောက်ပံ့ပေးသွားမည် ဖြစ်သည်။ကာကွယ်ဆေးထိုးနှံချိန်တွင် အုပ်ထိန်းသူသည် ကလေးနှင့်အတူ ရှိနေသင့်ကြောင်း စင်တာထံမှ သိရသည်။

ဟေးလုံကျန်းပြည်နယ်သည် အတန်းကြီးများမှ အတန်းငယ်များအထိ အသက်အရွယ်အလိုက်နှင့် အဆင့်ဆင့်အတွက် အရွယ်မရောက်သေးသူများအား အစုပြုံလိုက် ကာကွယ်ဆေးထိုးနှံရေး လုပ်ဆောင်သွားမည် ဖြစ်သည်။ပြည်နယ်၏ ကနဦးအစီအစဉ်အရ ကာကွယ်ဆေး နှစ်ကြိမ်စလုံး ထိုးနှံမှုကို စက်တင်ဘာလတွင် အပြီးသတ် ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။

တရုတ်နိုင်ငံ တောင်ပိုင်း ကွမ်ရှီးကျွမ့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသက ဇူလိုင်လတွင် အသက် ၁၅ နှစ်နှင့် ၁၇ နှစ်ကြားရှိ ဆယ်ကျော်သက်များအား ပထမအကြိမ် ကာကွယ်ဆေး ထိုးနှံသွားမည် ဖြစ်ပြီး ဩဂုတ်လတွင် အသက် ၁၂ နှစ်မှ ၁၄ နှစ် အရွယ်ရှိသူများအား ကာကွယ်ဆေး စတင်ထိုးနှံသွားမည် ဖြစ်သည်။ယင်းဒေသ၏ အသက် ၁၂ နှစ်မှ ၁၇ နှစ် အရွယ်ရှိအုပ်စုများအား ယခုနှစ် အောက်တိုဘာလကုန်တွင် ကာကွယ်ဆေးထိုးနှံမှု ပြီးဆုံးရန် မျှော်လင့်ထားကြောင်း ဒေသ၏ ကျန်းမာရေးတာဝန်ရှိသူများက ဇူလိုင် ၁၃ ရက်တွင် ပြောကြားခဲ့သည်။

မူလတန်း ၊ အငယ်တန်းအထက်တန်း နှင့် အထက်တန်းကျောင်း ၊ အလယ်တန်း သက်မွေးပညာကျောင်းများ နှင့် နည်းပညာကျောင်းမှ ကျောင်းသားအများစုသည် ရည်ရွယ်ထားသည့် အသက်အုပ်စုတွင် ပါဝင်သည်။ မိဘ သို့မဟုတ် အုပ်ထိန်းသူများသည် ကာကွယ်ဆေး မထိုးနှံမီ ခွင့်ပြုချက်ပုံစံများအား သေသေချာချာဖတ်ရှုပြီး ခွင့်ပြုကြောင်း လက်မှတ်ထိုးရန် လိုအပ်ကြောင်း နှင့် ကာကွယ်ဆေး ထိုးနှံစဉ်အတွင်း ယင်းနေရာသို့ ၎င်းတို့၏ ကလေးများနှင့်အတူ လိုက်ပါရမည် ဖြစ်ကြောင်း သိရသည်။

ကာကွယ်ဆေးနှင့် ဆက်စပ်သည့် မေးခွန်းများအား ဖြေကြားရန် တိုင်ပင်ဆွေးနွေးသည့် hotline များအား ဖွင့်လှစ်သွားမည် ဖြစ်သည်။ယခုနှစ် ဒုတိယနှစ်ဝက်တွင် အသက် ၁၂ နှစ်နှင့် ၁၇ နှစ်ကြား အရွယ်မရောက်သေးသူများ နှင့် အသက် ၆၀ ကျော် လူကြီးများအား ကာကွယ်ဆေး ထိုးနှံသည့် အစီအစဉ်တွင် ဒေသဆိုင်ရာကျန်းမာရေးကော်မရှင်က အဓိကလုပ်ဆောင်သွားမည် ဖြစ်ကြောင်း သိရသည်။
တရုတ်နိုင်ငံအလယ်ပိုင်း ဟူပေပြည်နယ် Jingzhou မြို့သည် ဩဂုတ်လမှစတင်၍ အသက် ၁၂ နှစ်နှင့် ၁၇ နှစ်ကြား အရွယ်မရောက်သေးသူများ နှင့် အသက် ၆၀ ကျော်လူကြီးများအား ကာကွယ်ဆေးထိုးနှံရေးကို အဓိက လုပ်ဆောင်သွားမည် ဖြစ်ကြောင်း မြို့၏ ကျန်းမာရေးတာဝန်ရှိသူများထံမှ သိရသည်။

တရုတ်နိုင်ငံတောင်ပိုင်း ကွမ်တုန်းပြည်နယ်၏ မြို့တော် ကွမ်ကျိုးမြို့သည် အသက် ၁၂ နှစ်မှ ၁၇ နှစ်ထိ မြို့နေပြည်သူများအတွက် ကာကွယ်ဆေးထိုးနှံရေး အစီအစဉ်များအား ရေးဆွဲခြင်း နှင့် သုတေသန ပြုလုပ်သွားမည် ဖြစ်ကြောင်း မြို့၏ ကျန်းမာရေးကော်မရှင်က ဇူလိုင် ၁၆ ရက်တွင် ပြောကြားခဲ့သည်။

ကွမ်တုန်းပြည်နယ် ကြိုတင်ကာကွယ်ရေးဆေးပညာဆိုင်ရာအသင်း၌ ရောဂါထိန်းချုပ်မှု အကြီးအကဲကျွမ်းကျင်သူ Zheng Huizhen က တရုတ်နိုင်ငံက ကိုယ်ခံစွမ်းအား အကာအကွယ်ကို တည်ဆောက်နေသည်နှင့်အမျှ အရွယ်ရောက်ပြီးသော အလုပ်လုပ်နေသည့် အသက်အရွယ်နှင့်အတူ ကာကွယ်ရေး ထိုးနှံသည့် အစီအစဉ်က စတင်ခဲ့ပြီးနောက် အသက်အရွယ်ကြီးရင့်သူများအား ကာကွယ်ဆေး ဆက်လက် ထိုးနှံခဲ့ပြီး နောက်ဆုံးတွင် အရွယ်မရောက်သေးသူများအား ကာကွယ်ဆေး ထိုးနှံပေးသွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

နိုဗယ်လ်ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုး၏ မပြင်းထန်သော သို့မဟုတ် ရောဂါလက္ခဏာမပြသော လက်တွေ့သရုပ်သကန် နှင့်အတူ ကလေးများ နှင့် ဆယ်ကျော်သက်များ ရှိနေသော်လည်း အရွယ်ရောက်ပြီးသူများနှင့် နှိုင်းယှဉ်ပါက အရွယ်မရောက်သေးသူများအကြား ၎င်းတို့သည် ပြင်းထန်သော ဖွံ့ဖြိုးမှုအန္တရာယ် ရှိနေဆဲဖြစ်သည်။ ကလေးများ နှင့် ဆယ်ကျော်သက်များသည် လူအသိုင်းအဝိုင်းအတွင်း ဗိုင်းရပ်စ်ပိုးပြန့်နှံ့မှုတွင် အရေးကြီးသော အခန်းကဏ္ဍတွင် ပါဝင်နိုင်ကြောင်း ၊ ထိုကြောင့် ငယ်ရွယ်သည့် လူဦးရေများအကြား ကာကွယ်ဆေး၏ ဘေးကင်းမှု နှင့်အစွမ်းထိရောက်မှုကို သုတေသနပြုရန် အရေးကြီးကြောင်း Sinovac Life Sciences ကုမ္ပဏီ၏ အထွေထွေမန်နေဂျာ Gao Qiang က ပြောကြားခဲ့သည်။

တရုတ်နိုင်ငံ၏ အစုပြုံလိုက် ကာကွယ်ဆေးထိုးနှံရေး လှုပ်ရှားမှုသည် ဇူလိုင် ၁၆ ရက်အထိ နိုင်ငံအနှံ့ COVID-19 ကာကွယ်ဆေး အကြိမ်ရေ ၁ ဒသမ ၄၄ ဘီလီယံနီးပါး ထိုးနှံထားခြင်းနှင့်အတူ လက်ရှိတွင် အသက် ၁၈ နှစ်ကျော် အရွယ်ရောက်ပြီးသူများအား အဓိကရည်ရွယ်ကြောင်း သိရသည်။

ဇွန်လတွင် တရုတ်နိုင်ငံသည် အသက် ၃ နှစ်မှ ၁၇ နှစ်ထိ အရွယ်မရောက်သေးသူများအတွက် ပြည်တွင်းထုတ် inactivated COVID-19 ကာကွယ်ဆေးများ အရေးပေါ် အသုံးပြုခြင်းအား အတည်ပြုခဲ့ကြောင်း သိရသည်။ (Xinhua)

——————————————–
(English Version)

Across China: China to extend mass vaccination program to minors aged 12-17

BEIJING, July 17 (Xinhua) — A number of provinces, regions and municipalities across China have announced they will phase in COVID-19 vaccination for minors aged between 12 and 17.
Northeast China’s Heilongjiang Province plans to administer vaccines to middle and high school students between the ages of 12 and 17 from July, according to the provincial center for disease control and prevention.

Before vaccination, a minor’s legal guardian will be provided with all relevant information to ensure his or her child is informed, consenting and voluntarily vaccinated. The guardian should remain with their child during vaccination, said the center.

Heilongjiang is expected to carry out mass vaccination for minors in stages and by age, from senior students to those in junior grades. The province’s initial plan is to complete the two-dose process in September.

South China’s Guangxi Zhuang Autonomous Region will first vaccinate teens aged between 15 and 17 in July, and start vaccinating those aged 12 to 14 in August. The region’s 12-17 age group is expected to complete vaccinations by the end of October this year, said the region’s health authorities on Tuesday.

Most students from primary, junior high and senior high schools, secondary vocational schools and technical schools are included in the targeted age groups. Parents or guardians are required to read consent forms thoroughly and sign their informed consent before vaccination, and accompany their children on-site while they are being vaccinated.

Consultation hotlines will be opened to answer questions related to vaccination. Minors aged between 12 and 17 and senior citizens over 60 will be the region’s focus in its vaccination strategy in the second half of this year, said the region’s health commission.

The city of Jingzhou in central China’s Hubei Province will focus on vaccinating minors aged between 12 and 17 and people over 60 from August, according to the city’s health authorities.
Guangzhou, the capital of south China’s Guangdong Province, will research and draw up vaccination plans for the city’s residents aged 12 to 17, said the city’s health commission on Friday.
Zheng Huizhen, the chief expert of disease control at the Guangdong Preventive Medicine Association, said that as China builds its immunity barrier, its order of inoculation starts with adults of working age, then moves to senior citizens, and finally to minors.

“Though children and adolescents present with mild or asymptomatic clinical manifestations of the novel coronavirus, there still remains a risk of severe development among minors compared with adults. Children and adolescents could play an important role in the spread of the virus in communities, so it is important to conduct research into the safety and efficacy of vaccines among the young population,” said Gao Qiang, general manager of Sinovac Life Sciences Co., Ltd.

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.