Connect with us

North America

အမေရိကန်နိုင်ငံ လူဝီစီးယားနား၌ အထက်တန်းပြီးမြောက်ကြောင်း ဘွဲ့နှင်းသဘင်အခမ်းအနားအပြီး ကောလိပ်ကျောင်းဝင်းအတွင်း လူသုံးဦး သေနတ်ပစ်ခံရ

အမေရိကန်နိုင်ငံ လူဝီစီးယားနားရှိ Xavier တက္ကသိုလ်ကျောင်းပရဝဏ်၌ ပစ်ခတ်မှုဖြစ်ပွားပြီးနောက် လုံခြုံရေးအတားအဆီးများအားတွေ့ရစဉ်(ဆင်ဟွာ)

ဟူစတန် ၊ ဇွန် ၁ ရက်(ဆင်ဟွာ)

အမေရိကန်နိုင်ငံ လူဝီစီးယားနား Xavier တက္ကသိုလ်ကျောင်းပရဝဏ်တွင် မေ ၃၁ ရက်က အထက်တန်းသင်ယူပြီးမြောက်ကြောင်း ဘွဲ့နှင်းသဘင်အခမ်းအနားတစ်ခု ကျင်းပပြုလုပ်ပြီးနောက်တွင် လူ သုံးဦး သေနတ်ပစ်ခံရကြောင်း အာဏာပိုင်များက ဆိုသည်။Morris Jeff ကွန်မြူနတီကျောင်းအတွက် သင်ယူပြီးမြောက်ကြောင်း ဘွဲ့နှင်းသဘင်အခမ်းအနားပြီးနောက်တွင် ပစ်ခတ်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း WDSU ရုပ်သံက သတင်းဖော်ပြခဲ့သည်။

ပစ်ခတ်မှုသံသယတရားခံကို ဖမ်းဆီး၍ အချုပ်ထဲတွင် ထိန်းသိမ်းထားကြောင်း New Orleans ရဲတပ်ဖွဲ့က ဆိုသည်။ နောက်ထပ်သတင်းအချက်အလက်များကို ထပ်မံ ထုတ်ပြန်ထားခြင်းမရှိပေ။

လူဝီစီးယားနား Xavier တက္ကသိုလ်သည် သမိုင်းအစဉ်အလာအရ လူမည်းများတက်ရောက်ပညာသင်ကြားကြသည့် အမေရိကန်နိုင်ငံ နယူးအော်လန်းရှိ ကက်သလစ်တက္ကသိုလ် တစ်ခုဖြစ်ကြောင်း ကျောင်းဝက်ဆိုက်ဘ်၏ ဖော်ပြချက်အရ သည်။

ယခုနှစ်အတွင်း အမေရိကန်နိုင်ငံ၌ သေနတ်ပစ်ခတ်မှု အနည်းဆုံး ၂၁၄ ကြိမ်ဖြစ်ပွားခဲ့ကြောင်း အွန်လိုင်းအချက်အလက်များအရ သိရပြီး ယင်းမှာ နိုင်ငံအတွင်း သေနတ်ပစ်ခတ်မှုစံချိန်တင်ပမာဏတစ်ခုဖြစ်ကြောင်း သိရသည်။

အမေရိကန်နိုင်ငံတစ်ဝှမ်းတွင် ပြီးခဲ့သော ငါးနှစ်အတွင်း သေနတ်နှင့်စပ်ဆက်၍ ကလေးသူငယ်နှင့် ဆယ်ကျော်သက်လူငယ် ၆၅၃ ဦးအပါအဝင် သေဆုံးသူပေါင်း ၁၇,၀၀၀ ကျော်ရှိကြောင်း သိရသည်။(Xinhua)

———————–

(English Version)

3 shot on college campus after high school graduation ceremony in U.S. Louisiana
HOUSTON, May 31 (Xinhua) — Three people were shot on the campus of Xavier University of Louisiana after a high school graduation ceremony on Tuesday, authorities said.
The shooting took place following the graduation ceremony for Morris Jeff Community School, WDSU television station reported.
A suspect has been taken into custody, according to the New Orleans police.
No more information is immediately available.
Xavier University of Louisiana is a private, historically Black, Catholic university in New Orleans, U.S. southern state of Louisiana, according to its website.
The United States has seen at least 214 mass shootings so far this year, according to an online database that keeps a record of the country’s gun violence incidents.
More than 17,000 people have died in gun-related episodes across the United States over the past five months, including at least 653 children and teenagers.

The screenshot taken from the live streaming of WDSU, a television station in New Orleans, Louisiana, shows the crime scene was sealed off by police after three people were shot on the campus of Xavier University of Louisiana on May 31, 2022. (Xinhua)