Europe
အီတလီ ရေခဲမြစ် အရည်ပျော်ပျော်ကျမှုကြောင့် သေဆုံးသူ အရေအတွက် ၇ ဦးထိ မြင့်တက်
ရောမ ၊ ဇူလိုင် ၅ ရက်(ဆင်ဟွာ)
အီတလီနိုင်ငံ မြောက်ပိုင်း၌ ရေခဲမြစ် အရည်ပျော်ကျမှုဖြစ်ပွားပြီး နောက်တစ်နေ့တွင် ရေခဲမြစ်အရည်ပျော်ခြင်းကြောင့် သိသိသာသာ မြေပြိုကျမှုဖြစ်ပွားခဲ့ရာ ဇူလိုင် ၄ ရက်တွင် ကယ်ဆယ်ရေးသမားများက အသက်ရှင်ကျန်ရစ်သူများကို ဆက်လက်ရှာဖွေမှုများ ပြုလုပ်ခဲ့သဖြင့် သေဆုံးသူအရေအတွက်မှာ၇ ဦးအထိ မြင့်တက်လာခဲ့ကြောင်း သိရသည်။အီတလီနိုင်ငံ ဝန်ကြီးချုပ် Mario Draghi သည် Dolomite တောင်တန်းရှိ Marmolada တောင်ထိပ်၌ ရှိသော Punta Rocca ရေခဲမြစ်၏ တစ်စိတ်တစ်ပိုင်း ဇူလိုင် ၃ ရက်တွင် အရည်ပျော်ကျမှု ဖြစ်ပွားခဲ့ပြီးနောက် ခြေလျင်တောင်တက်သမား ၇ ဦးထက်မနည်း သေဆုံးခဲ့သည့် နေရာသို့ ဇူလိုင် ၄ ရက်တွင် သွားရောက်ခဲ့သည်။ ယင်းရေခဲမြစ် အရည်ပျော်ကျမှုကြောင့် ရေခဲ ၊ ဆီးနှင်း နှင့် ကျောက်တုံးများ ပြိုကျမှုကြီး ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။
တာဝန်ရှိသူများက ဇူလိုင် ၃ ရက်တွင် သေဆုံးသူအရေအတွက် ၆ ဦးရှိကြောင်း ကြေညာခဲ့ပြီးနောက် ဇူလိုင် ၄ ရက်တွင် ရုပ်အလောင်းတစ်လောင်း ထပ်မံတွေ့ရှိခဲ့ခြင်းဖြစ်သည်။ အဆိုပါ ဖြစ်ရပ်ကြောင့် လူ ၁၀ ဦး ထိခိုက်ဒဏ်ရာများ ရရှိခဲ့ပြီး နှစ်ဦးမှာ စိုးရိမ်ရကြောင်း သိရသည်။
Trentino ဒေသရှိ တာဝန်ရှိသူများက ဩစတြီးယားနိုင်ငံသား ခြေလျင်တောင်တက်ခရီးသည်တစ်ဦးအား တွေ့ရှိခဲ့ကြောင်း သတင်းပေးပို့ချိန်တွင် ပျောက်ဆုံးသွားသူများ၏ အရေအတွက်မှာ လျော့နည်းသွားခဲ့သော်လည်း ၁၃ ဦးမှာ ပျောက်ဆုံးနေဆဲ ဖြစ်ကြောင်း သိရသည်။
ယခုလိုကာလအတွက် ပုံမှန်အပူချိန်မှာ သုညအောက်တွင် ရှိနေချိန်တွင် တောင်ထိပ်ရှိ အပူချိန်မှာ ၁၀ ဒီဂရီစင်တီဂရိတ်ခန့်ရှိခဲ့ပြီး ရေခဲမြစ်အရည်ပျော်ချိန်က အပူချိန်များ မြင့်မားလာခြင်းကြောင့် ဖြစ်ကြောင်း တာဝန်ရှိသူများက ယူဆထားခဲ့သည်။
ဇူလိုင် ၄ ရက် နှောင်းပိုင်းအထိ တာဝန်ရှိသူများက အသက်ရှင်ကျန်ရစ်သူများ ထပ်မံတွေ့ရှိလိမ့်မည်ဟု မျှော်လင့်လျက် ရှိကြောင်း ပြောကြားခဲ့သည်။ ယခုအခါတွင် ရှာဖွေရေးကြိုးပမ်းမှုများကို အပူအာရုံခံကိရိယာများဖြင့် မောင်းသူမဲ့ ဒရုန်းများ အသုံးပြုခြင်းအပေါ်တွင် အဓိကထားဆောင်ရွက်နေကြောင်း သိရသည်။ (Xinhua)
————————-
(English Version)
Death toll rises to 7 in Italian glacier landslide
Source: Xinhua Editor: huaxia 2022-07-05 04:28:16
Italian Prime Minister Mario Draghi on Monday traveled to the area where at least seven hikers lost their lives after part of the Punta Rocca glacier, at the summit of the Marmolada in the Dolomite Mountains, collapsed on Sunday. This led to a massive landslide of ice, snow, and rock.
ROME, July 4 (Xinhua) — The death toll from a dramatic landslide caused by a melting glacier has climbed to seven a day after the tragedy in northern Italy, as rescuers on Monday continued to search for survivors.
Italian Prime Minister Mario Draghi on Monday traveled to the area where at least seven hikers lost their lives after part of the Punta Rocca glacier, at the summit of the Marmolada in the Dolomite Mountains, collapsed on Sunday. This led to a massive landslide of ice, snow, and rock.
Authorities have now discovered one more body, after the original death toll was announced Sunday. Ten people were injured, two seriously.
The number of missing persons was reduced when officials from the region of Trentino reported that an Austrian hiker had been found. Nevertheless, 13 others are still missing.
Officials have attributed the tragedy to scorching temperatures; when the glacier collapsed, the temperature at the mountain peak was reportedly around 10 degrees Celsius, when a normal temperature for this time of year is below zero.
As of late Monday, officials said they continued to hope that more survivors would be found. Search efforts are now focused on the use of autonomous drones with heat sensors. ■
Photo 1 – Photo provided by Italy’s Alpine Rescue on July 3, 2022 shows a general view of Marmolada Glacier in northern Italy. (Italy’s Alpine Rescue/Handout via Xinhua)
Photo 2 – Italian Prime Minister Mario Draghi attends a joint press conference in Rome, Italy, on Jan. 10, 2022. (Str/Xinhua)