Connect with us

Europe

နှစ်ပေါင်း ၇၀ ကျော်ကြာ နန်းစံခဲ့သော ဗြိတိန်ဘုရင်မကြီး အဲလိဇဘက် ၂ သက်တော် ၉၆ နှစ်အရွယ်တွင် နတ်ရွာစံ

ဗြိတိန်နိုင်ငံ လန်ဒန်မြို့ရှိ ဘက်ကင်ဟမ်နန်းတော် ဂိတ်ပေါက်တွင် ဘုရင်မကြီး အဲလိဇဘက် ၂ နတ်ရွာစံကြောင်း ကြေညာချက်ကို ၂၀၂၂ ခုနှစ် စက်တင်ဘာ ၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

လန်ဒန်၊ စက်တင်ဘာ ၉ ရက် (ဆင်ဟွာ)

ဗြိတိန်နိုင်ငံ၏ သမိုင်းကြောင်းတွင် နန်းသက်အရှည်ကြာဆုံး ဘုရင်မကြီး အဲလိဇဘက် ၂ သည် သက်တော် ၉၆ နှစ်အရွယ်၌ နတ်ရွာစံသွားပြီဖြစ်ကြောင်း ဘက်ကင်ဟမ်နန်းတော်က စက်တင်ဘာ ၈ ရက်၌ ကြေညာခဲ့သည်။“ဘုရင်မကြီးက ဘယ်လ်မော်ရယ်စံအိမ်မှာ ဒီနေ့ (စက်တင်ဘာ ၈ ရက်) မွန်းလွဲပိုင်းမှာပဲ ငြိမ်းချမ်းစွာ နတ်ရွာစံသွားပါပြီ” ဟု ဘက်ကင်ဟမ်နန်းတော်က ကြေညာချက်၌ ပြောကြားခဲ့သည်။

ဗြိတိန်နိုင်ငံ လန်ဒန်မြို့တွင် ဘုရင်မကြီး အဲလိဇဘက် ၂ အား ၂၀၁၆ ခုနှစ် ဇွန် ၁၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

 “ဘုရင်နဲ့ ကြင်ယာတော်တို့ဟာ ဒီညနေပိုင်းအထိ ဘယ်လ်မော်ရယ်စံအိမ်မှာ ဆက်လက်ရှိနေမှာဖြစ်ပြီး မနက်ဖြန် (စက်တင်ဘာ ၉ ရက်) လန်ဒန်ကို ပြန်မှာဖြစ်ပါတယ်” ဟု ယခုအခါ ဗြိတိန်နိုင်ငံ၏ ဘုရင်အသစ်ဖြစ်လာသော ဘုရင်မကြီး၏ သားတော် ချားလ်စ်မင်းသားအား ရည်ညွှန်းလျက် ကြေညာချက်၌ ဖြည့်စွက်ဖော်ပြထားသည်။

ဘုရင်မကြီး နတ်ရွာစံကြောင်း ကြေညာပြီးနောက် ထောင်ပေါင်းများစွာသော ပြည်သူများသည် ဘုရင်မကြီးအား ဂါရဝပြုရန် မိုးရွာသွန်းနေသည့်ကြားမှ လန်ဒန်မြို့ရှိ ဘက်ကင်ဟမ်နန်းတော်အပြင်ဘက်တွင် စုဝေးရောက်ရှိလာခဲ့သည်။ ဗြိတိန်နိုင်ငံအနေဖြင့် စက်တင်ဘာ ၉ ရက်မှစ၍ ကြေကွဲဝမ်းနည်းဖွယ်ကာလ ၁၀ ရက်အဖြစ် တရားဝင်သတ်မှတ်သွားမည်ဖြစ်ကြောင်း ဒေသတွင်းမီဒီယာက ဖော်ပြခဲ့သည်။ (Xinhua) xhtxs.cn/zv3

…………………………………………
Queen Elizabeth II dies at 96 after 70 years on the throne
LONDON, Sept. 8 (Xinhua) — Queen Elizabeth II, Britain’s longest-reigning monarch in history, has died aged 96, Buckingham Palace announced on Thursday.
“The Queen died peacefully at Balmoral this afternoon,” Buckingham Palace said in a statement.
“The King and The Queen Consort will remain at Balmoral this evening and will return to London tomorrow,” it added, indicating her son, Prince Charles, has now become Britain’s new King.
After the announcement of the Queen’s death, thousands of people gathered outside Buckingham Palace in London despite the rain to pay tribute. Local media said Britain will enter an official 10-day period of mourning beginning Friday. xhtxs.cn/zv3
Photo 1: A notice announcing the death of Queen Elizabeth II is placed on the gate of Buckingham Palace in London, Britain, on Sept. 8, 2022. (Xinhua/Li Ying)
Photo 2: File photo taken on June 10, 2016 shows Britain’s Queen Elizabeth II in London, Britain. (Xinhua/Han Yan)