Connect with us

China

လန်ချန်း-မဲခေါင် နိုင်ငံများကြား ပေါင်းစပ်ဖွံ့ဖြိုးတိုးတက်မှု၊ လုံခြုံရေးပူးပေါင်းဆောင်ရွက်မှုအတွက် တရုတ်နိုင်ငံ ဝန်ကြီးချုပ် တိုက်တွန်း

တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီချန် စတုတ္ထအကြိမ်မြောက် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု (LMC) ခေါင်းဆောင်များအစည်းအဝေးသို့ မြို့တော် ပေကျင်း၌ ဗီဒီယိုလင့်ခ်မှတစ်ဆင့် ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၂၅ ရက်က တက်ရောက်နေစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဒီဇင်ဘာ ၂၆ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီချန်က လန်ချန်း-မဲခေါင်နိုင်ငံများအနေဖြင့် ပေါင်းစပ်ဖွံ့ဖြိုးတိုးတက်မှုနှင့် လုံခြုံရေးအုပ်ချုပ်မှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရန် တိုက်တွန်းကြောင်းနှင့် လန်ချန်း-မဲခေါင်နိုင်ငံများ၏ ဘုံဖွံ့ဖြိုးတိုးတက်မှုအတွက် အထူးသတ်မှတ်ထားသော ချေးငွေထူထောင်ရန် တရုတ်နိုင်ငံ၏ ဆုံးဖြတ်ချက်ကို ဒီဇင်ဘာ ၂၅ ရက်က ကြေညာခဲ့ကြောင်း သိရသည်။

စတုတ္ထအကြိမ်မြောက် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု (LMC) ခေါင်းဆောင်များ အစည်းအဝေးကို တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီချန်နှင့် မြန်မာနိုင်ငံ အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့က ဗီဒီယိုလင့်ခ်မှတစ်ဆင့် အတူတကွကြီးမှူးကျင်းပခဲ့ကြပြီး ကမ္ဘောဒီးယားနိုင်ငံ ဝန်ကြီးချုပ် ဟွန်မန်နက်၊ လာအိုနိုင်ငံ ဝန်ကြီးချုပ် Sonexay Siphandone ၊ ထိုင်းနိုင်ငံ ဝန်ကြီးချုပ် ဆေထာ ထဝီဆင်နှင့် ဗီယက်နမ်နိုင်ငံ ဝန်ကြီးချုပ် ဖန်းမ်မင်းချင်းတို့ တက်ရောက်ခဲ့ကြသည်။

လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှုသည် မဲခေါင်ဒေသခြောက်နိုင်ငံက စတင်၍ အဆင့်မြှင့်တင်ခဲ့သော အရေးကြီးတာဝန်တစ်ရပ်လည်းဖြစ်ကြောင်း၊ အဆိုပါ ခြောက်နိုင်ငံအနေဖြင့် အရည်အသွေးမြင့် ရပ်ဝန်းနှင့် ပိုးလမ်းမ တည်ဆောက်ရေး၊ ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုအဆိုပြုချက်၊ ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေးအဆိုပြုချက်နှင့် ကမ္ဘာလုံးဆိုင်ရာ ယဉ်ကျေးမှုအဆိုပြုချက် စသည်တို့ကို အကောင်အထည်ဖော်ရေးအတွက် နမူနာချမှတ်ရန် ဝန်ကြီးချုပ် လီက တိုက်တွန်းခဲ့သည်။

ထို့ပြင် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု အားကောင်းစေရန် အဆိုပြုချက် လေးချက်ကိုလည်း လီက တင်ပြခဲ့သည်။
ပထမအချက်မှာ လန်ချန်း-မဲခေါင်ဒေသတွင် ပေါင်းစပ်ဖွံ့ဖြိုးတိုးတက်မှု နက်ရှိုင်းစွာ ဖော်ဆောင်ပြီး အပြန်အလှန်ကွန်ရက်ချိတ်ဆက်မှုနှင့် စပ်လျဉ်းသော စီမံကိန်းများ အကောင်အထည်ဖော်ဆောင်ခြင်း၊ စီးပွားရေး၊ ကုန်သွယ်ရေး၊ ကုန်ထုတ်လုပ်မှုစွမ်းရည်နှင့် စိုက်ပျိုးရေး စသောကဏ္ဍများ၌ ပူးပေါင်းဆောင်ရွက်မှု အဆင့်မြှင့်တင်ခြင်း၊ စက်မှုလုပ်ငန်းနှင့် ထောက်ပံ့ကွင်းဆက်များ လုံခြုံမှုနှင့် တည်ငြိမ်မှု ထိန်းသိမ်းရေး၊ စမတ်တည်ဆောက်မှုနှင့် big data စသည့်ပူးဆောင်ရွက်မှုများ အားကောင်းစေခြင်းအတွက် လီက တိုက်တွန်းခဲ့သည်။
ဒုတိယအချက်မှာ အစိမ်းရောင်ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေး၊ ရေအရင်းအမြစ်များ ပုံမှန်ဖွံ့ဖြိုးတိုးတက်မှုရှိကာ အကျိုးရှိစွာအသုံးပြုရာတွင် နိုင်ငံအသီးသီး၏ တရားဝင်အခွင့်အရေးများနှင့် အကျိုးကျေးဇူးများကို အပြည့်အဝလိုက်နာရေး၊ တစ်နိုင်ငံ၏ စိုးရိမ်ပူပန်မှုများကို တစ်နိုင်ငံက ထည့်သွင်းစဉ်းစားရန်၊ တရုတ်နိုင်ငံအနေဖြင့် အခြားနိုင်ငံများနှင့်အတူ အခြား လန်ချန်း-မဲခေါင်မြစ်ဝှမ်းဒေသ တစ်ခုလုံး စီမံခန့်ခွဲမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုကို ရှာဖွေရန်နှင့် စွမ်းအင်ကူးပြောင်းမှုနှင့် ဂေဟစနစ်ကာကွယ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရန် အသင့်ရှိကြောင်းလည်း လီက ဖြည့်စွက်ပြောကြားခဲ့သည်။

တတိယအချက်အနေဖြင့် လီက အဖွဲ့ဝင်နိုင်ငံများအားလုံးအနေဖြင့် လုံခြုံရေးစီမံခန့်ခွဲမှု အားကောင်းရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ဘုံဖြစ်၍ ဘက်စုံပူးပေါင်းဆောင်ရွက်မှုရှိကာ ရေရှည်တည်တံ့မှုရှိသော လုံခြုံရေးကို အဆင့်မြှင့်တင်သွားမည်ဖြစ်ကြောင်း၊ အွန်လိုင်းလောင်းကစားနှင့် ဆက်သွယ်ရေးလိမ်လည်မှုကဲ့သို့သော ပြစ်မှုများအား အခိုင်အမာတိုက်ဖျက်သွားမည်ဖြစ်ကြောင်း လီက ဆိုသည်။
စတုတ္ထအချက်မှာမူ လီက ပြည်သူအချင်းချင်း ကူးလူးဖလှယ်မှုများ နက်ရှိုင်းရေးအတွက်လည်း တိုက်တွန်းခဲ့ကြောင်း သိရသည်။

အစည်းအဝေးတက်ရောက်လာသော ခေါင်းဆောင်များက ကန်းစုပြည်နယ်တွင် ငလျင်လှုပ်ခတ်မှုကြောင့် လူသေဆုံးမှုများအတွက် ထပ်တူကြေကွဲဝမ်းနည်းကြောင်း ပြောကြားခဲ့ကြသည်။
ထို့ပြင် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု အဆင့်မြှင့်တင်ရေးအတွက် တရုတ်နိုင်ငံ၏ ထူးခြားသော ပံ့ပိုးကူညီမှုအတွက် ကျေးဇူးတင်ကြောင်း ပြောကြားခဲ့ကြကြောင်း၊ စိုက်ပျိုးရေး၊ ဆန်းသစ်တီထွင်မှု၊ ဆင်းရဲနွမ်းပါးမှုလျှော့ချရေး၊ အပြန်အလှန်ကွန်ရက်ချိတ်ဆက်မှု၊ ဒစ်ဂျစ်တယ်စီးပွားရေး၊ အစိမ်းရောင်ဖွံ့ဖြိုးတိုးတက်မှု၊ ရေအရင်းအမြစ်များနှင့် ခရီးသွားလုပ်ငန်း အပါအဝင် နယ်ပယ်များ၌ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရန်လည်း ကတိပြုခဲ့ကြကြောင်း သိရသည်။ (Xinhua)

………………………………
(English Version)
Chinese premier calls for integrated development, security cooperation among Lancang-Mekong countries
BEIJING, Dec. 25 (Xinhua) — Chinese Premier Li Qiang on Monday called on Lancang-Mekong countries to enhance integrated development and security governance cooperation, and announced China’s decision to put in place a loan specially designated for the common development of Lancang-Mekong countries.
Li made the remarks at the fourth Lancang-Mekong Cooperation (LMC) Leaders’ Meeting held via video link, co-hosted by Li and Myanmar leader Min Aung Hlaing and attended by Cambodian Prime Minister Hun Manet, Lao Prime Minister Sonexay Siphandone, Thai Prime Minister Srettha Thavisin and Vietnamese Prime Minister Pham Minh Chinh.
Noting Lancang-Mekong cooperation is an important undertaking initiated and advanced by the six countries of the region, Li called on the six countries to set an example in building high-quality Belt and Road and implementing the Global Development Initiative, the Global Security Initiative and the Global Civilization Initiative.
Li went on to put forward four proposals on strengthening Lancang-Mekong cooperation.
First, he urged deepening integrated development, jointly planning and implementing relevant interconnectivity projects in the Lancang-Mekong region, promoting the upgrading of cooperation projects in cross-border economy, trade, production capacity and agriculture, maintaining the security and stability of industrial and supply chains, and strengthening cooperation in smart manufacturing and big data.
Second, Li called on all sides to promote green cooperation, fully respect the legitimate rights and interests of all countries in rational development and utilization of water resources, and accommodate each other’s concerns, adding that China is ready to explore cooperation with other countries on Lancang-Mekong whole-basin governance and promote cooperation on energy transition and ecological protection.
Third, he said all sides should strengthen security governance, advance common, comprehensive, cooperative and sustainable security, and forcefully crack down on crimes such as online gambling and telecom fraud.
Fourth, Li called for deepening people-to-people exchanges.
Leaders attending the meeting expressed sincere condolences to the Chinese side over the casualties caused by the earthquake in Gansu Province.
All parties thanked China for its outstanding contribution to advancing LMC, vowing to strengthen cooperation in areas including agriculture, innovation, poverty reduction, interconnectivity, digital economy, green development, water resources, and tourism.
Photo: Chinese Premier Li Qiang attends the fourth Lancang-Mekong Cooperation (LMC) Leaders’ Meeting via videolink in Beijing, capital of China, Dec. 25, 2023. (Xinhua/Wang Ye)