Connect with us

Media

ပါကစ္စတန်နိုင်ငံ အနောက်မြောက်ပိုင်း၌ နေအိမ်မီးလောင်မှုအတွင်း လူ ၉ ဦး သေဆုံး

အစ္စလာမ်မာဘတ်၊ ဒီဇင်ဘာ ၂၆ ရက် (ဆင်ဟွာ)

ပါကစ္စတန်နိုင်ငံ အနောက်မြောက်ပိုင်း Khyber Pakhtunkhwa ပြည်နယ်၌ ဒီဇင်ဘာ ၂၅ ရက်က လူနေအိမ် မီးလောင်မှုတစ်ခုအတွင်း လူ ၉ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။
ယင်းမီးလောင်မှုသည် Abbottabad ခရိုင်၌ ဖြစ်ပွားခဲ့ကာ နေအိမ်မှာ ပြိုကျသွားခဲ့ကြောင်း ၊ မီးလောင်မှု ဖြစ်ပွားပြီးနောက် အပျက်အစီးများအောက်တွင် မိသားစု ၉ ဦးလုံး သေဆုံးသွားခဲ့ကြောင်းနှင့် အပျက်အစီးများအောက်မှ ရုပ်အလောင်း ၉ လောင်း ပြန်လည်တွေ့ရှိခဲ့ကြောင်း ရဲတပ်ဖွဲ့က မီဒီယာများကို ပြောကြားခဲ့သည်။

မီးလောင်မှုမှာ ဝါယာရှော့ကြောင့် ဖြစ်ပြီး အနီးတစ်ဝိုက်ရှိ ပြည်သူများ ဝိုင်းဝန်းမငြိမ်းသတ်မီ နေအိမ်တစ်ခုလုံး အလျင်အမြန် မီးလောင်သွားခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။ (Xinhua)

……………………………..
(English Version)
9 killed in housefire in NW Pakistan
At least nine people were killed in a housefire in Pakistan’s northwest Khyber Pakhtunkhwa province on Sunday, police said.
The incident happened in Abbottabad district, where the house caved in, following the fire, burying all nine family members under the rubbles, the police told media, adding that nine bodies have been retrieved from the debris.
The fire erupted due to a short circuit, swiftly engulfing the whole house before the residents could manage to contain it, the police said.
Xinhua News Agency correspondents reporting from Islamabad.(XHTV)