Connect with us

China

တရုတ်နိုင်ငံအနေဖြင့် ကုလသမဂ္ဂဗဟိုပြု နိုင်ငံတကာစနစ်အား ဆက်လက်ကာကွယ်သွားမည်ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် ပြောကြား

အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်း၌ တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်နှင့် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်တို့ ၂၀၂၂ ခုနှစ် နိုဝင်ဘာ ၁၆ ရက်က တွေ့ဆုံစဉ် (ဆင်ဟွာ)

ပေကျင်း၊ အောက်တိုဘာ ၂၅ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံက ကုလသမဂ္ဂတည်ထောင်မှု ၇၉ နှစ်‌မြောက် နှစ်ပတ်လည်နေ့အတွက် ဂုဏ်ပြုခဲ့သည်။ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အမြဲတမ်းအဖွဲ့ဝင်နိုင်ငံနှင့် ဝာာဝန်သိသော အင်အားကြီး နိုင်ငံတစ်နိုင်ငံ ဖြစ်သည့်အလျောက် တရုတ်နိုင်ငံအနေဖြင့် စစ်မှန်သော နိုင်ငံစုံပူးပေါင်းဆောင်ရွက်ရေးစနစ်ကို ကျင့်သုံးရန်၊ ကုလသမဂ္ဂဗဟိုပြု နိုင်ငံတကာစနစ်နှင့် နိုင်ငံတကာဥပဒေကို အခြေခံသော နိုင်ငံတကာအစီအစဉ်တို့ကို ကာကွယ်ရန်အတွက် အခြားသော ကမ္ဘာ့နိုင်ငံများနှင့်အတူ ဆက်လက်၍ လက်တွဲလုပ်ဆောင်သွားမည်ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ်က အောက်တိုဘာ ၂၄ ရက်၌ ပြောကြားခဲ့သည်။
အောက်တိုဘာ ၂၄ ရက်သည် ကုလသမဂ္ဂ အဖွဲ့အစည်းအား တည်ထောင်သည့် ၇၉ နှစ်မြောက် နှစ်ပတ်လည်နေ့ဖြစ်သည်။ မျက်မှောက်ကာလတွင် ကမ္ဘာကြီးသည် ဂါဇာပဋိပက္ခကဲ့သို့ အချိန်ကြာမြင့်စွာ တင်းမာမှုဖြစ်ပွားနေသော ကိစ္စရပ်များ၊ နိုင်ငံအချင်းချင်းအကြား ရှုပ်ထွေးခက်ခဲသော သဘောထားကွဲလွဲမှုများနှင့် ကြုံတွေ့ရလျက်ရှိသည်။ ထိုစဉ် ကုလသမဂ္ဂ၏ အခွင့်အာဏာ လျော့ကျလာပြီး နိုင်ငံစုံပူးပေါင်းဆောင်ရွက်ရေးစနစ်မှာ အဟန့်အတားများနှင့် ရင်ဆိုင်နေရကာ ကမ္ဘာကြီး၏ အနာဂတ်မှာလည်း မရေရာမှုများ ပြည့်နှက်နေသည်ဟု အချို့က ယူဆလျက်ရှိသည်။
သတင်းစာရှင်းလင်းပွဲ၌ ထိုအခြေအနေနှင့် ဆက်စပ်သည့် မေးခွန်းတစ်ခုအား ပြန်လည်ဖြေကြားရာတွင် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် လျင်ကျန့်က အကျယ်ပြန့်ဆုံး၊ ကိုယ်စားအပြုနိုင်ဆုံးနှင့် အခွင့်အာဏာအရှိဆုံး အပြည်ပြည်ဆိုင်ရာ အစိုးရအချင်းချင်း ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့အစည်းဖြစ်သည့် ကုလသမဂ္ဂအနေဖြင့် ကမ္ဘာ့ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးတို့ကို ထိန်းသိမ်းရာတွင် အစားမထိုးနိုင်သော အခန်းကဏ္ဍ၌ ပါဝင်လျက်ရှိသည်ဟု ထည့်သွင်းပြောကြားခဲ့သည်။
ကုလသမဂ္ဂ ပဋိညာဉ်စာတမ်း၌ ပထမဆုံး လက်မှတ်ရေးထိုးခဲ့သည့် နိုင်ငံဖြစ်သော တရုတ်နိုင်ငံအနေဖြင့် ကုလသမဂ္ဂ ပဋိညာဉ်စာတမ်းပါ ရည်ရွယ်ချက်များနှင့် မူဝါဒများကို အစဉ်တစိုက် ထိန်းသိမ်းခဲ့ကြောင်း၊ နိုင်ငံတကာရေးရာများတွင် အဓိကအခန်းကဏ္ဍမှ ပါဝင်လျက်ရှိသော ကုလသမဂ္ဂအား ထောက်ခံအားပေးကာ ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး အဆိုပြုချက်၊ ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေးအဆိုပြုချက်၊ ကမ္ဘာလုံးဆိုင်ရာ ယဉ်ကျေးမှုအဆိုပြုချက်တို့ကို တင်သွင်းအဆိုပြုခဲ့ပြီး လူသားမျိုးနွယ် အေးအတူပူအမျှ အသိုက်အဝန်း တည်ဆောက်ရေးကို အားပေးမြှင့်တင်၍ စည်းလုံးညီညွတ်မှု၊ ပူးပေါင်း‌ဆောင်ရွက်မှုတို့ကို တစ်ဆင့်တိုး၍ ဖော်ဆောင်ရာတွင် ကမ္ဘာ့တောင်ဘက်ခြမ်းနိုင်ငံများကို ဦးဆောင်ခဲ့ကြောင်း လျင်က ဆိုသည်။
“တရုတ်နိုင်ငံဟာ ကမ္ဘာ့ငြိမ်းချမ်းရေးကို ထိန်းသိမ်းသူ၊ ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုကို ပံ့ပိုးပေးသူ၊ နိုင်ငံတကာအစီအစဉ်ကို ကာကွယ်စောင့်ရှောက်သူ ဖြစ်ပါတယ်” ဟုလည်း ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။
နိုင်ငံတကာအခင်းအကျင်း ပိုမိုရှုပ်ထွေးနက်နဲလာလေ၊ ကုလသမဂ္ဂ၏ အခွင့်အာဏာကို ပိုမိုခိုင်မာစွာ ကာကွယ်ရန် လိုအပ်လာလေ၊ ကမ္ဘာလုံးဆိုင်ရာ စိန်ခေါ်မှုများကလည်း ပိုမိုပြင်းထန်လာလေဖြစ်ကာ စစ်မှန်သော နိုင်ငံစုံပူးပေါင်းဆောင်ရွက်ရေးစနစ်ကိုလည်း ပိုမိုကျယ်ပြန့်အောင် လုပ်ဆောင်ရန် လိုအပ်လာလေဖြစ်ကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် ကုလသမဂ္ဂ၏ အသွင်ပြောင်းလဲမှုနှင့် ဖွံ့ဖြိုးတိုးတက်မှု၊ ဖွံ့ဖြိုးဆဲနိုင်ငံများ၏ ကိုယ်စားပြုမှုနှင့် ပြောရေးဆိုခွင့်ရှိမှု မြင့်မားလာခြင်းတို့ကို အစဉ်သဖြင့် ထောက်ခံအားပေးကြောင်း လျင်က ပြောကြားခဲ့သည်။
အထူးသဖြင့် အင်အားကြီးနိုင်ငံများက ၎င်းတို့၏ ဝာာဝန်များကို ကျေကျေပွန်ပွန်ဆောင်ရွက်ကာ လုံခြုံရေးကောင်စီ အပါအဝင် ကုလသမဂ္ဂအနေဖြင့် ယင်းတို့အား အပ်နှင်းထားသော လုပ်ပိုင်ခွင့်များကို ပိုမိုကောင်းမွန်စွာ ကျင့်သုံးဆောင်ရွက်နိုင်အောင် အထောက်အကူပေးရန်၊ ကမ္ဘာလုံးဆိုင်ရာ ဘုံသဘောတူညီမှုကို ပိုမိုထိရောက်စွာ တည်ဆောက်ရန်၊ ကမ္ဘာကြီး၏ ငြိမ်းချမ်းမှု၊ တည်ငြိမ်မှုနှင့် ဖွံ့ဖြိုးတိုးတက်မှုတို့ကို ပိုမိုကောင်းမွန်စွာ ထိန်းသိမ်းရန် လိုအပ်သည်ဟုလည်း လျင်က ဆိုသည်။
တစ်ဖက်သတ်ဝါဒ၊ ဗိုလ်ကျအနိုင်ကျင့်မှု၊ နိုင်ထက်စီးနင်းပြုမှု၊ ဒဏ်ခတ်ပိတ်ဆို့မှု၊ ဖိအားပေးမှုတို့က တည်ငြိမ်မှုနှင့် ဖွံ့ဖြိုးတိုးတက်မှုကို ရှာဖွေကာ သဘောထားကွဲလွဲမှုနှင့် ပဋိပက္ခတို့ကို ဆန့်ကျင်သော နိုင်ငံတကာ အသိုက်အဝန်း၏ ဘုံရည်မှန်းချက်နှင့် ဆန့်ကျင်သွေဖည်နေသကဲ့သို့ နိုင်ငံအားလုံး၏ ဘုံအကျိုးစီးပွားကိုလည်း ထိခိုက်စေလိမ့်မည်ဖြစ်ကြောင်း ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။
များမကြာမီကပင် ကုလသမဂ္ဂအနေဖြင့် Summit of the Future ထိပ်သီးအစည်းအဝေးအား ကျင်းပခဲ့ကာ အနာဂတ်အတွက် ကုလသမဂ္ဂ ပဋိညာဉ်အား အတည်ပြုခဲ့သည်။ လာမည့်နှစ်တွင် ကုလသမဂ္ဂတည်ထောင်မှု နှစ် ၈၀ ပြည့်မြောက်မည် ဖြစ်ကြောင်းလည်း လျင်က ပြောကြားခဲ့သည်။
ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အမြဲတမ်းအဖွဲ့ဝင် နိုင်ငံဖြစ်ကာ တာဝန်သိသော အင်အားကြီးနိုင်ငံ တစ်နိုင်ငံလည်းဖြစ်သည့် တရုတ်အနေဖြင့် ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးညှိနှိုင်းရေး၊ ပူးပေါင်းပါဝင် အကြံပြုဆွေးနွေးခြင်းနှင့် ဘုံအကျိုးစီးပွား မူဝါဒတို့ကို ဆက်လက်ထိန်းသိမ်းကာ စစ်မှန်သော နိုင်ငံစုံပူးပေါင်းဆောင်ရွက်ရေးစနစ်အား ကျင့်သုံးရေး၊ ကုလသမဂ္ဂဗဟိုပြု နိုင်ငံတကာစနစ်နှင့် နိုင်ငံတကာဥပဒေအခြေပြု နိုင်ငံတကာအစီအစဉ်တို့ကို ထိန်းသိမ်းကာကွယ်ရေး၊ ကမ္ဘာလုံးဆိုင်ရာ စီမံအုပ်ချုပ်မှုစနစ်အား ပိုမိုတရားမျှတ၍ သာတူညီမျှဖြစ်အောင် ဖန်တီးရေးအတွက် အခြားသော ကမ္ဘာ့နိုင်ငံများနှင့်အတူ လက်တွဲလုပ်ဆောင်မည်ဖြစ်ကြောင်း လျင်က ပြောကြားခဲ့သည်။ (Xinhua)
………………………………
(English Version)
China to continue to defend UN-centered international system: FM spokesperson
BEIJING, Oct. 24 (Xinhua) — China congratulates the United Nations (UN) on the 79th anniversary of its founding. As a permanent member of the UN Security Council and a responsible major country, China will continue to work with the rest of the world to practice true multilateralism, and defend the UN-centered international system and the international order based on international law, a Chinese Foreign Ministry spokesperson said Thursday.
Today marks the 79th anniversary of the establishment of the UN. The world is now facing prolonged hotspot issues, such as the Gaza conflict, and complicated differences among countries. Some believe that the authority of the UN is being undermined, multilateralism faces headwind and the future of the world is full of uncertainty.
In response to a related query, spokesperson Lin Jian told a press briefing that as the most universal, representative and authoritative international inter-governmental organization, the UN has played an irreplaceable role in upholding world peace and development.
As the first country to put its signature on the UN Charter, China has all along upheld the purposes and principles of the UN Charter, supported the UN in playing a central role in international affairs, proposed the Global Development Initiative, the Global Security Initiative and the Global Civilization Initiative, promoted the building of a community with a shared future for mankind, and led the Global South in advancing solidarity and cooperation, Lin said.
“China is an upholder of world peace, contributor to global development and defender of the international order,” he added.
The more complex the international landscape, the greater the need to firmly defend the authority of the UN; the more acute the global challenges, the greater the need for true multilateralism, Lin said, stressing that China always supports reform and development of the UN and increasing the representation and say of developing countries.
Major countries, in particular, need to undertake their responsibilities, promote the UN including the Security Council to better fulfill their mandate, more effectively build up global consensus and better uphold world peace, stability and development, Lin said.
Unilateralism, bullying and coercion, and sanction and pressuring contravene the international community’s common pursuit for stability and development and opposition to division and conflict, and will only undermine the common interests of all countries, he added.
Not long ago, the UN held the Summit of the Future where participating parties adopted the UN Pact for the Future. Next year will mark the 80th anniversary of the establishment of the UN, Lin noted.
As a permanent member of the UN Security Council and a responsible major country, China will continue to uphold the principle of extensive consultation, joint contribution and shared benefit, work with the rest of the world to practice true multilateralism, defend the UN-centered international system and the international order based on international law, and make the global governance system more just and equitable, Lin said. Enditem
English Caption
Chinese President Xi Jinping meets with UN Secretary-General Antonio Guterres in Bali, Indonesia, Nov. 16, 2022. (Xinhua/Yan Yan)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.