Connect with us

Asia

တရုတ်နိုင်ငံအနေဖြင့် ကမ္ဘာ့အင်အားကြီးနိုင်ငံ ဖြစ်လာရန် သမိုင်းဝင် စိန်ခေါ်မှုများကို ကျော်လွှားအနိုင်ယူခဲ့ကြောင်း ဥဇဘက်ကစ္စတန်နိုင်ငံမှ ကျွမ်းကျင်ပညာရှင် ပြောကြား

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း၊ ကွေ့ကျိုးပြည်နယ် ချိန်ရှီးမြို့ ရှင်းရန် မြောင်လူမျိုး မြို့နယ် ဟွားဝူကျေးရွာရှိ ဆင်းရဲနွမ်းပါးမှုလျှော့ချရေးဆိုင်ရာ ပြောင်းရွှေ့အခြေချရေး နေရာတစ်ခုကို ၂၀၂၁ ခုနှစ် ဇူလိုင် ၂၄ ရက်က ဝေဟင်မှ ဒရုန်းဖြင့်ရိုက်ကူးထားသော ဓာတ်ပုံအား တွေ့ရစဉ် (ဆင်ဟွာ)

တက်ရှ်ကန့်၊ အောက်တိုဘာ ၅ ရက် (ဆင်ဟွာ)
လွန်ခဲ့သည့် ၇၅ နှစ်အတွင်း တရုတ်နိုင်ငံအနေဖြင့် မျက်မှောက်ခေတ် ကမ္ဘာ့အင်အားကြီး နိုင်ငံတစ်နိုင်ငံဖြစ်လာခဲ့သည့် ဖွံ့ဖြိုးတိုးတက်မှု လမ်းကြောင်းတစ်လျှောက်တွင် သမိုင်းဝင် စိန်ခေါ်မှုများကို ကျော်လွှားအနိုင်ယူခဲ့ကြောင်း ဥဇဘက်ကစ္စတန်နိုင်ငံမှ ပညာရှင်တစ်ဦးက ပြောကြားခဲ့သည်။
တရုတ်နိုင်ငံ၏ တိုးတက်မှုပုံစံမှာ ဆိုရှယ်လစ်စနစ်နှင့် ဈေးကွက်သဘောတရားများကို တစ်မူထူးခြားစွာ ပေါင်းစပ်ထားခြင်းကြောင့် တရုတ်နိုင်ငံသည် စီးပွားရေးအင်အားကြီး နိုင်ငံတစ်နိုင်ငံအဖြစ် ဆက်လက်ရပ်တည်နိုင်ခြင်းဖြစ်ကြောင်း ဥဇဘက်ကစ္စတန်နိုင်ငံမှ ကမ္ဘာ့စီးပွားရေးနှင့် သံတမန်ရေးဆိုင်ရာ တက္ကသိုလ်၏ ပညာရှင်တစ်ဦးဖြစ်သူ အဇာမက် ဆီးတော့ဗ်က ဆင်ဟွာသတင်းဌာနနှင့် အင်တာဗျူးတစ်ခု၌ ပြောကြားခဲ့သည်။
“တရုတ်နိုင်ငံရဲ့ ကြီးကျယ်ခမ်းနားတဲ့ အောင်မြင်မှုတွေက စီးပွားရေးဖွံ့ဖြိုးမှုအရတင်မကဘဲ လူမှုရေးဆိုင်ရာ မူဝါဒ၊ အခြေခံအဆောက်အအုံနဲ့ နည်းပညာနယ်ပယ်တွေမှာလည်း တိုးတက်ဖြစ်ထွန်းနေပါတယ်” ဟု ၎င်းက ဆိုသည်။ တရုတ်နိုင်ငံအနေဖြင့် ဖွံ့ဖြိုးတိုးတက်မှုကိုသာမက တည်ငြိမ်မှုကိုလည်း ခိုင်မာသေချာစေသည့် စံနမူနာတစ်ခုကို ရှာတွေ့ခဲ့ခြင်းဖြစ်သည်ဟု ၎င်းက ပြောကြားခဲ့သည်။
“အဓိက အံ့ဖွယ်ဖြစ်စဉ် နှစ်ခုကတော့ လျင်မြန်တဲ့စီးပွားရေးတိုးတက်မှုနဲ့ ရေရှည်တည်တံ့တဲ့ တည်ငြိမ်မှုပဲဖြစ်ပြီး အဲဒါဟာ လူဦးရေအလွန်များပြီး ကမ္ဘာလုံးဆိုင်ရာ စိန်ခေါ်မှုတွေနဲ့ ကြုံတွေ့နေရတဲ့ နိုင်ငံတစ်နိုင်ငံအတွက် မယုံနိုင်စရာပါပဲ” ဟု ဆီးတော့ဗ်က ဆိုသည်။
“အဲဒီအတွေ့အကြုံက တစ်ကမ္ဘာလုံးအပေါ် အကျိုးသက်ရောက်မှုရှိခဲ့ပြီး ဖွံ့ဖြိုးဆဲနိုင်ငံတွေအနေနဲ့လည်း ဖွံ့ဖြိုးတိုးတက်မှုအတွက် အနောက်တိုင်းချဉ်းကပ်မှုပုံစံအစား နောက်ထပ်ရွေးချယ်စရာတစ်ခုကို ရရှိစေပါတယ်။ တရုတ်နိုင်ငံရဲ့ နိုင်ငံရေးပုံစံက တစ်ကမ္ဘာလုံးမှာ အရေးပါနေတာဟာ ကမ္ဘာ့စီးပွားရေးနဲ့ နိုင်ငံရေးဖြစ်စဉ်တွေအပေါ် လွှမ်းမိုးနိုင်စွမ်း၊ အင်အားချိန်ခွင်လျှာကို ပြောင်းလဲနိုင်စွမ်းနဲ့ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုအတွက် လမ်းကြောင်းအသစ်တွေကို ဖွင့်လှစ်နိုင်စွမ်း ရှိနေတာတွေကြောင့်ပါပဲ” ဟု ၎င်းက ပြောကြားခဲ့သည်။
ကမ္ဘာကြီး၏ စိန်ခေါ်မှုများက အသွင်အမျိုးမျိုးဖြင့်ရှိနေခိုက် ကမ္ဘာလုံးဆိုင်ရာ စီမံအုပ်ချုပ်မှုအပေါ် တရုတ်နိုင်ငံ၏ အားဖြည့်ပံ့ပိုးမှုကိုလည်း ဆီးတော့ဗ်က မီးမောင်းထိုးပြခဲ့သည်။
“အဲဒါက စီးပွားရေးနဲ့ ဘဏ္ဍာရေးအရ လွှမ်းမိုးမှုအပြင် အသိပညာပိုင်း ပံ့ပိုးမှု၊ ဥဇဘက်ကစ္စတန် အပါအဝင် အဓိကအားဖြင့် ဗဟိုအာရှနိုင်ငံတွေနဲ့ ကမ္ဘာလုံးဆိုင်ရာ အသိုက်အဝန်းရဲ့ ကိစ္စရပ်အများအပြားကို ဖြေရှင်းဖို့ရည်ရွယ်တဲ့ အဓိက စီမံကိန်းတွေကို ဖော်ဆောင်ခြင်းလည်း ပါဝင်ပါတယ်” ဟု ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။ (Xinhua)


…………………….
(English Version)
China has overcome historical challenges to become a global power, says Uzbek scholar
TASHKENT, Oct. 4 (Xinhua) — Over the past 75 years, China has overcome historical challenges on its development path to become one of the world’s major powers today, an Uzbek scholar has said.
The Chinese model of progress is a unique combination of socialism and market principles, which allows China to remain an economic power, said Azamat Seitov, a scholar at Uzbekistan’s University of World Economy and Diplomacy, in an interview with Xinhua.
“China’s great achievements are not only in economic growth but also in advances in social policy, infrastructure, and technology,” he said.
China, he said, has managed to find a model that ensures both growth and stability.
“The two main ‘miracles’ are rapid economic growth and lasting stability, which are unique for a country with such a large population and in the face of global challenges,” Seitov said.
“This experience has a global impact, offering developing countries an alternative to the Western approach to development. The global significance of China’s political model lies in its ability to influence world economic and political processes, shift the balance of power, and open new avenues for international cooperation,” he said.
Seitov pointed out that China’s contribution to global governance amid the world’s challenges is multifaceted.
“It includes not only economic and financial influence but also intellectual contributions, as well as the initiation of several major projects aimed at addressing many issues in the global community, particularly in Central Asian countries, including Uzbekistan,” he added. Enditem
English Caption
An aerial drone photo taken on July 24, 2021 shows a view of a relocation site for poverty alleviation at Huawu Village in Xinren Miao Township, Qianxi City, southwest China’s Guizhou Province. (Xinhua/Yang Wenbin)